Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲသီးနှံနေရာတွင် ဆီထွက်သီးနှံများ အစားထိုးစိုက်ပျိုးရန် ၀န်ကြီးဌာနအကြံပြု

တောင်သူများအနေဖြင့် ပဲသီးနှံများအစား ဆီထွက်သီးနှံ များဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ သီးနှံများအစားထိုး

စိုက်ပျိုးရန် အကြံပြုထားပြီး ထိုသို့ပြောင်းလဲစိုက် ပျိုးနိုင်ရန် ၀န်ကြီးဌာနကစီစဉ်ပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနတာဝန်ရှိသူများက ပြောကြားသည်။

 

အိန္ဒိယမှ ပဲတင်သွင်းမှုကန့် သတ်ပြီးနောက် ၀ယ်လိုအားနှင့် ဈေးနှုန်းကျဆင်းနေသဖြင့် မတ်ပဲ နှင့် ပဲစင်းငုံသီးနှံများကို အများအ ပြား မစိုက်ပျိုးသင့်တော့ဘဲ ယင်း သီးနှံများအစား ဆီထွက်သီးနှံများ ပြောင်းလဲ စိုက်ပျိုးသင့်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးရဲတင့်ထွန်းက ပြောသည်။

 

‘‘ဒါကိုတော့ ပြောင်းလဲပြီး စိုက်ပျိုးသင့်တယ်လို့ ပြောမယ်။ အတင်းပြောင်းစိုက်ခိုင်းတာမျိုး တော့ မတိုက်တွန်းဘူး။ ဈေးကွက် ရှိတဲ့သီးနှံကို စိုက်ဖို့အကြံပေး မယ်။ ဒါက လုပ်ဖို့နှစ်လလောက် တော့ အချိန်ရပါသေးတယ်’’ ဟု ဦးရဲတင့်ထွန်းက ပြောသည်။

 

ဆီထွက်သီးနှံသည် ၀င်ငွေ နည်းသော်လည်း ခိုင်မာသည့် ပြည်တွင်းဈေးကွက်ရှိပြီး ဈေးနှုန်း လည်း တည်ငြိမ်နိုင်ကြောင်း ၎င်း ကသုံးသပ်သည်။

 

ယခုနှစ်ဆောင်းရာသီပဲစိုက် ကာလတွင် ဒေသနှင့်သင့်တော် သည့် ပဲအစားထိုးသီးနှံများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး တောင် သူများအားပညာပေးနိုင်ရန် တိုင်း ဦးစီးမှူးကို ညွှန်ကြားထားသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန အမြဲတမ်းဒု အတွင်းဝန်ဦးမျိုးတင့်ထွန်းက ပြောသည်။

 

‘‘သက်ဆိုင်ရာဒေသရဲ့ ရေ၊ မြေ၊ ရာသီဥတုနဲ့သင့်တော်တဲ့ သီးနှံတွေ ပြောင်းလဲစိုက်ပျိုးဖို့ ပညာပေးသွားမယ်။ စိုက်ပျိုးသင့် တဲ့ သီးနှံတွေကိုလည်း အကြံပြု ပေးမယ်’’ ဟု ဦးမျိုးတင့်ထွန်းက ပြောသည်။

 

ဝယ်လိုအားကျနေသည့် မတ်ပဲနှင့် ပဲစင်းငုံစိုက်ပျိုးမှုကို လုံးဝရပ်ဆိုင်းသည့် အနေအ ထားမဟုတ်သော်လည်း ယခင်ကဲ့ သို့ အများအပြားမစိုက်သင့်တော့ ဟု ၎င်းကဆိုသည်။

 

လက်ရှိအခြေအနေတွင် တောင်သူများအနေဖြင့် မတ်ပဲနှင့် ပဲစင်းငုံဆက်လက်စိုက်ပျိုးသင့်၊ မသင့်ဝေခွဲမရဖြစ်နေပြီး စိုက် လက်စပဲစိုက်ခင်းအများအပြား ရှိနေသည်ဟု တောင်သူများက ပြောသည်။

 

မြန်မာနိုင်ငံတွင် စိုက်ပျိုးမှု များသည် လိုချင်သည့်အရည်အ သွေးအဆင့်ပြုလုပ်နိုင်ပါက ဂျပန် နိုင်ငံမှ ၀ယ်လက်များရှိနိုင်သည် ဟု TOYOTA TSUHO ကော်ပိုရေး ရှင်း အကြီးတန်းအကြံပေးက ပြောသည်။

 

‘‘မြန်မာနိုင်ငံက ဂျပန်အ တွက်ဘာတွေစိုက်ပေးနိုင်လဲ၊ ဂျ ပန်ကဘာတွေလိုလဲ လုပ်ပေးနိုင် ရင် နှစ်ဖက်အဆင်ပြေတယ်။ ဒါ ကြောင့် မြန်မာတောင်သူတွေအ နေနဲ့ ဈေးကွက်ရှိတဲ့သီးနှံကို စိုက် စေချင်တယ်’’ ဟု ၎င်းကပြော သည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတာဝန်ရှိ သူများက ဆီထွက်သီးနှံစိုက်ပျိုး ခြင်းသည် ရေတိုဖြေရှင်းနည်းဖြစ် ပြီး ရေရှည်တွင် ကြံသီးနှံစိုက်ပျိုး ရန် စီစဉ်ထားသည်ဟုပြောသည်။

 

အိန္ဒိယအစိုးရသည် ဩဂုတ် ၅ ရက်ကစတင်ကာ နိုင်ငံအတွင်း သို့ မတ်ပဲနှင့်ပဲစင်းငုံ တင်သွင်းမှု ကို ကန့်သတ်ရာ အိန္ဒိယနိုင်ငံသို့ ပဲအဓိကတင်ပို့နေသော မြန်မာ နိုင်ငံအပေါ် သက်ရောက်မှုများ ရှိခဲ့ပြီး ပဲဈေးကျဆင်းခြင်းနှင့်ပဲအ ရောင်းအ၀ယ်ရပ်တန့်ခြင်းများ ဖြစ်ပေါ်နေသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:22
Rate this item
(1 Vote)