Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540



 ပြည်တွင်းဆန်ဈေးမြင့် တက်ခြင်းနှင့် နှစ်လအတွင်း မြန် မာကျပ်ငွေတန်ဖိုး ၄ ရာခိုင်နှုန်း မြင့်တက်လာခြင်းတို့ကြောင့်


 


 

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ဆန်တင်ပို့မှုသည် ယခင်ဘဏ္ဍာ နှစ်ထက် တန်ချိန် ၁ ဒသမ ၇၅ သန်း ပိုများနေပြီး ဝင်ငွေလည်း နှစ်ဆနီးပါး ပိုမိုရရှိထားသည်။

 

ထိုကဲ့သို့ ပြည်ပဆန်တင်ပို့မှု မြင့်လာချိန်တွင် ၂၀၁၈ ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ နှစ်လအတွင်း တစ်ဒေါ်လာလျှင် ၄၅ ကျပ်ခန့် ဈေးနှုန်းကျဆင်းလာသည်။ နှစ်စပိုင်းက တစ်ဒေါ်လာလျှင် ၁,၃၇၀ ကျပ်ရှိခဲ့ရာမှ လက်ရှိတွင် ၁,၃၂၅ ကျပ်သို့ ဈေးနှုန်းကျဆင်းခဲ့ပြီး ပြည်ပဆန် တင်ပို့နေသည့် လုပ်ငန်းရှင်များ ဆုံးရှုံးမှုကြုံတွေ့နေ ရကြောင်း ဦးနေလင်းဇင်က ပြော သည်။

 


 

ပင်လယ်ရေကြောင်းမှ အာဖရိက၊ ဥရောပသမဂ္ဂနိုင်ငံများသို့ ဆန်တင်ပို့ရောင်းချရာတွင် ကန်ဒေါ်လာတန်ဖိုးအပြောင်းအလဲကို ထည့်သွင်းတွက်ချက်ပြီးမှ ဈေးဖွင့်ရောင်းချသည်။ သို့သော် ပြည်ပဆန်တင်ပို့ရာတွင် ငွေပြန်လည်ဝင်လာရန် အချိန်တစ်လခွဲအထိ ကြာမြင့်ခြင်းကြောင့် အချိန်တိုအ တွင်း ဒေါ်လာဈေးအပြောင်းအ လဲက ကုန်သည်များအတွက် အခက်အခဲတစ်ခု ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

 

ပြည်ပဆန် တင်ပို့ရာတွင် ဆန်တစ်အိတ်လျှင် အမြတ်ငွေ ကျပ် ၅၀၀ ခန့် သတ်မှတ်ပြီး နိုင်ငံခြားကုန်သည်များသို့ ရောင်းချနေ သော မြန်မာဆန်ကုန်သည်များ အနေဖြင့် ပြည်တွင်း ဆန်ဈေး ၁၀ ရာခိုင်နှုန်းခန့် မြင့်တက်လာ ချိန်တွင် အရှုံးပေါ်ခြင်းဖြစ်သည် ဟု လုပ်ငန်းရှင်များက ပြောသည်။ပြည်တွင်းဈေးကွက်၌ ပြည်ပတင် ပို့သည့် ဆန်အမျိုးအစား ဆန်ကြမ်း ၂၅ မှတ် တစ်အိတ်လျှင် ၁၉,၀၀၀ ကျပ်မှ ၂၁,၀၀၀ ကျပ်သို့ ဈေးနှုန်းမြင့်တက်လာသည်။

 

တရုတ်နိုင်ငံသို့ နယ်စပ်ကုန် သွယ်ရေးဖြင့် နှစ်စဉ် ဆန်တင်ပို့မှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအကြား တင်ပို့နေရ သော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာ နှစ်တွင် တရုတ်နိုင်ငံသို့ဆန်ရောင်းချသည့် ပမာဏ ၅၃ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ပင်လယ်ရေကြောင်း တင်ပို့မှု ၄၇ ရာခိုင်နှုန်း မြင့်တက်လာသည်။

 

Source: 7 days new

 

Unicode ဖြင့်ဖတ်ရန်

ပြည်ပသို့ ဆန်တင်ပို့သူများ အရှုံးပေါ်နေဟုဆို
 ပြည်တွင်းဆန်စျေးမြင့် တက်ခြင်းနှင့် နှစ်လအတွင်း မြန် မာကျပ်ငွေတန်ဖိုး ၄ ရာခိုင်နှုန်း မြင့်တက်လာခြင်းတို့ကြောင့် ပြည်ပသို့ဆန်တင်ပို့သူများ ဆုံးရှုံးမှု ကြုံတွေ့နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အ တွင်းရေးမှူး ဦးနေလင်းဇင်က ပြောသည်။
သမိုင်းတစ်လျှောက် စံချိန် တင်နိုင်မည့် ဆန်တန်ချိန် သုံးသန်း ကျော် (ကန်ဒေါ်လာ ၁ ဘီလီယံခန့်) ပြည်ပသို့ ဆန်ရောင်းချနိုင် သည့် ယခုဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းမှ ပြည်ပဆန် တင်ပို့နေသည့် လုပ်ငန်းရှင်များ ဆုံးရှုံးမှုရှိနေခြင်းက မြန်မာ့ဆန် စပါးလောကအတွက် သေးငယ် သော အခက်အခဲမဟုတ်ကြောင်း ဆန်ကုန်သည် အချို့က ပြော သည်။ ‘‘ဒီကာလက ကျွန်တော်တို့ ဆန်စပါးကုန်သည်တွေအတွက် အကျပ်အတည်းကာလပဲ’’ ဟု ဦးနေလင်းဇင်က ပြောသည်။
ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ဆန်တင်ပို့မှုသည် ယခင်ဘဏ္ဍာ နှစ်ထက် တန်ချိန် ၁ ဒသမ ရ၅ သန်း ပိုများနေပြီး ဝင်ငွေလည်း နှစ်ဆနီးပါး ပိုမိုရရှိထားသည်။
ထိုကဲ့သို့ ပြည်ပဆန်တင်ပို့မှု မြင့်လာချိန်တွင် ၂၀၁၈ ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ နှစ်လအတွင်း တစ်ဒေါ်လာလျှင် ၄၅ ကျပ်ခန့် စျေးနှုန်းကျဆင်းလာသည်။ နှစ်စပိုင်းက တစ်ဒေါ်လာလျှင် ၁,၃၇၀ ကျပ်ရှိခဲ့ရာမှ လက်ရှိတွင် ၁,၃၂၅ ကျပ်သို့ စျေးနှုန်းကျဆင်းခဲ့ပြီး ပြည်ပဆန် တင်ပို့နေသည့် လုပ်ငန်းရှင်များ ဆုံးရှုံးမှုကြံုတွေ့နေ ရကြောင်း ဦးနေလင်းဇင်က ပြော သည်။
ပြည်ပဆန်တင်ပို့နေသည့် ကုန်သည်တစ်ဦးအနေဖြင့် ၂ ရာ ခိုင်နှုန်းအမြတ်ရရန် မသေချာချိန် တွင် ကျပ်ငွေတန်ဖိုးတက်ခြင်းက လည်း အခက်အခဲတစ်ခုဟု ပြည် ပသို့ဆန်တင်ပို့နေသည့် ဆန်ကုန် သည် ဦးမျိုးသူရအေးက ပြော သည်။
ပင်လယ်ရေကြောင်းမှ အာဖရိက၊ ဥရောပသမဂ္ဂနိုင်ငံများသို့ ဆန်တင်ပို့ရောင်းချရာတွင် ကန်ဒေါ်လာတန်ဖိုးအပြောင်းအလဲကို ထည့်သွင်းတွက်ချက်ပြီးမှ စျေးဖွင့်ရောင်းချသည်။ သို့သော် ပြည်ပဆန်တင်ပို့ရာတွင် ငွေပြန်လည်ဝင်လာရန် အချိန်တစ်လခွဲအထိ ကြာမြင့်ခြင်းကြောင့် အချိန်တိုအ တွင်း ဒေါ်လာစျေးအပြောင်းအ လဲက ကုန်သည်များအတွက် အခက်အခဲတစ်ခု ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
ပြည်ပဆန် တင်ပို့ရာတွင် ဆန်တစ်အိတ်လျှင် အမြတ်ငွေ ကျပ် ၅၀၀ ခန့် သတ်မှတ်ပြီး နိုင်ငံခြားကုန်သည်များသို့ ရောင်းချနေ သော မြန်မာဆန်ကုန်သည်များ အနေဖြင့် ပြည်တွင်း ဆန်စျေး ၁၀ ရာခိုင်နှုန်းခန့် မြင့်တက်လာ ချိန်တွင် အရှုံးပေါ်ခြင်းဖြစ်သည် ဟု လုပ်ငန်းရှင်များက ပြောသည်။ပြည်တွင်းစျေးကွက်၌ ပြည်ပတင် ပို့သည့် ဆန်အမျိုးအစား ဆန်ကြမ်း ၂၅ မှတ် တစ်အိတ်လျှင် ၁၉,၀၀၀ ကျပ်မှ ၂၁,၀၀၀ ကျပ်သို့ စျေးနှုန်းမြင့်တက်လာသည်။
တရုတ်နိုင်ငံသို့ နယ်စပ်ကုန် သွယ်ရေးဖြင့် နှစ်စဉ် ဆန်တင်ပို့မှု စုစုပေါင်း၏ ရ၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအကြား တင်ပို့နေရ သော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာ နှစ်တွင် တရုတ်နိုင်ငံသို့ဆန်ရောင်းချသည့် ပမာဏ ၅၃ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ပင်လယ်ရေကြောင်း တင်ပို့မှု ၄၇ ရာခိုင်နှုန်း မြင့်တက်လာသည်။

Read times Last modified on Tuesday, 18 September 2018 15:52
Rate this item
(1 Vote)