Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


COVID ကြောင့် သရက်စျေးကွက် ထိခိုက်မှုများရှိနေ

COVID ကြောင့် သရက်စျေးကွက် ထိခိုက်မှုများရှိနေ myotaw.news

သရက်ရာသီမှာ သရက်ခြံအများစု ကိုဗစ်ကြောင့် ဈေးကွက်သို့ကောင်းမွန်စွာတင်ပို့ ရောင်းချနိုင်ခြင်းမရှိ သဖြင့် ခြံရှင်များမှာ လာမည့်နှစ်အတွက် သွင်းအားစု ထည့်သွင်းခြင်း၊ အပင်ပြုစုခြင်း ၊မြေပြုပြင်ခြင်းများကို ပြုလုပ်မှု အလွန်နည်းပါးလာကြောင်း သိရသည် ။

 

ယခုနှစ်လာနီညာ ရာသီဥတုကြောင့်မိုးနှောင်းကောင်းပြီး အအေးဓာတ်ပိုမို ဖြစ်ပေါ်လာနိုင်သည့်အတွက် သရက်စိုက် တောင်သူများအနေဖြင့် အထူးသတိထားရန်လိုအပ်ကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုး တိုးတက်ရေး အသင်းထံမှသိရသည် ။

 

နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် အားအသင့်အတင့်မှ အားကောင်းသော လာနီညာအဆင့်သို့ ရောက်ရှိနိုင်သည့်အတွက် မြန်မာနိုင်ငံတွင် ပုံမှန်ထက် မိုးရွာသွန်းမှုပိုလာနိုင်ကြောင်း သိရသည် ။

 

အရည်အသွေးကောင်းပို့ကုန်သရက်သီးများထုတ်လုပ်နိုင်ရန် ဖြည့်စွက်သွင်းအားစုများကို အချိန်ကိုက် စနစ်တကျ ကျွေးခြင်း၊ မှိုဆေးဖျန်းခြင်းနှင့် ပိုးမွှားကာကွယ် ရေးလုပ် ငန်းများကို တစ်နှစ်ပတ်လုံးအချိန်ကိုက် စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်းသိရသည် ။

 

မန္တလေးတိုင်းဒေသကြီးအတွင်း သရက်စိုက်ဧက ၈၀၀၀ ကျော်ရှိပြီး နေပြည်တော်၊ ဧရာဝတီ၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ ကချင်ပြည်နယ်တို့တွင် အောင်မြင်ဖြစ်ထွန်းပြီး ယခင်နှစ်သရက်ရာသီတွင် ကိုဗစ်ကာလဖြစ်တာ ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်စက်တင်ဘာလကုန်အထိ တန်ချိန် ၄၂၀၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ထက် တန်ချိန် ၅ သောင်းကျော် လျော့ကျသွားကြောင်းသိရသည်။

 

myotaw.news

Read times
Rate this item
(0 votes)