Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မွေးမြူရေးဇုန်များကို တရုတ် - မြန်မာစီးပွားရေး စင်္ကြံတစ်လျှောက် တည်ထောင်သွားဖို့ ဆွေးနွေး

တရုတ် - မြန်မာ စီးပွားရေးစင်္ကြံတစ်လျှောက်မှာ မွေးမြူရေးဇုန်များ တည်ထောင်သွားဖို့ ဇူလိုင်လ ( ၂ ) ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ်

အသစ်ခန့်အပ်ခံရတဲ့ H.E Mr. Chen Hai ဦးဆောင်တဲ့အဖွဲ့နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဦးဆောင်တဲ့အဖွဲ့တို့  တွေ့ဆုံဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

 

"မွေးမြူရေးဖွံ့ဖြိုးတိုးတက်ဖို့၊ ဓာတ်ခွဲခန်းတွေ ပံ့ပိုးပေးဖို့ အဲဒါတွေတော့ ပါတယ်။ အဓိကကတော့ နှစ်နိုင်ငံကုန်သွယ်မှုကို မြင့်လာအောင် လုပ်မယ်ဆိုတဲ့ဟာမျိုးပေါ့" လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာထွန်းလွင်က ပြောပါတယ်။

 

တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့အကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအဖြစ် ရပ်ဝန်းပိုးလမ်းမစီမံကိန်း၊ မဲခေါင်လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း၊ စီးပွားရေးစင်္ကြံစီမံကိန်းကြီးများ ရှိနေပါတယ်။

 

Read More  >>>>>  ငါးမွေးမြူရေးစခန်းများကို BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ပေးမည်ဟုသိရ

 

ဒါ့ပြင် တရုတ်နိုင်ငံကို ကျွဲ၊ နွားအရှင် တင်ပို့မှုကို မြန်မာနိုင်ငံဘက်က တရားဝင် ခွင့်ပြုထားခြင်း ဖြစ်ပေမယ့်လည်း တရုတ်နိုင်ငံဘက်မှာတော့ တရားဝင် ခွင့်ပြုထားတာမျိုးမဟုတ်ပေ။ ဒါ့ကြောင့် ကျွဲ၊ နွားအရှင် တင်ပို့သူများအတွက် နစ်နာမှုများ ရှိခဲ့ပါတယ်။ ၄င်းကိစ္စနဲ့ ပတ်သက်ပြီး တရုတ်သံအမတ်က ကျွဲ၊ နွားများ တရားဝင်တင် သွင်းခြင်းဖြစ်လာစေဖို့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

 

တွေ့ဆုံဆွေးနွေးပွဲမှာ မွေးမြူရေးကဏ္ဍအပြင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေး ထိန်းချုပ်ရေးဗဟိုဌာနနှင့် စပ်မျိုးစပါးသုတေသန ဗဟိုဌာနတို့ တည်ထောင်နိုင်ရေးကိုလည်း ကူညီပေးသွားမှာဖြစ်ပါတယ်။

 

ဒါပေမယ့် အခုတွေ့ဆုံဆွေးနွေးပွဲဟာ သံအမတ်အသစ်ရဲ့ ပထမဆုံး လာရောက်တွေ့ဆုံဆွေးနွေးမှုဖြစ်ခြင်းကြောင့် စီမံကိန်းလုပ်ငန်းများနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးနိုင်ခဲ့ခြင်း မရှိသေးဘဲ အကြမ်းဖျင်းအားဖြင့်သာ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဒေါက်တာထွန်းလွင်က ဆိုပါတယ်။

 

Source: Myanmar Times


Myanmar Food Industry Directory

Read times Last modified on Saturday, 13 July 2019 20:57
Rate this item
(1 Vote)