Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး ၃ ခု နှင့် ပြည်နယ် ၃ ခု တွင် ကော်ဖီနှံကောင်များ ကျရောက်လျက်ရှိ ၊ တောင်သူများ စိုးရိမ်စိတ်မလွန်ကဲရန် ပြောကြား

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး ၃ ခု နှင့် ပြည်နယ် ၃ ခု တို့တွင် ကော်ဖီနှံကောင်များ ကျရောက်လျက်ရှိသော်လည်း တောင်သူများ စိုးရိမ်စိတ်မလွန်ကဲကြရန် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာ စိုက်ပျိုးရေးဦးစီးဌာန၊သီးနှံဌာနခွဲ မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မာလာမြင့်က ပြောကြားခဲ့သည်။

 

ဒေါက်တာခင်မာလာမြင့်က ဇူလိုင် ၉ ရက်တွင် ဆင်ဟွာသတင်းဌာနသို့ပြောကြားရာ၌ “စစ်ကိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ် တို့ မှာ ကော်ဖီနှံကောင် ကျနေတာ တွေ့ရပါတယ်။

 

တောင်သူတွေ အစိုးရိမ်မလွန်ဖို့ပြောချင်ပါတယ်။ ကော်ဖီနှံကောင်က သီးနှံတွေကို သိပ်ပြီး ဖျက်ဆီးလေ့မရှိပါဘူး။ ကော်ဖီ နှံကောင်တွေ အတွက် ပိုးသတ်ဆေးဖျန်းမယ်ဆိုရင် အချက်၃ ချက်ပေါ် အခြေခံပြီး ဖျန်းသင့်ပါတယ်” ဟုဆိုသည်။

 

ကော်ဖီနှံကောင်ကျရောက်၍ တောင်သူများ အနေဖြင့် ပိုးသတ်ဆေးဖျန်းမည်ဆိုပါက ကျရောက်သည့်နေရာတွင် ကော်ဖီနှံကောင်ဦးရေအနည်းအများပမာဏ၊ အရေးကြီးသီးနှံတွင် ကျရောက်ခြင်းဟုတ်မဟုတ်၊ ဖျက်ဆီး ထားသည့်ပမာဏ ပေါ်မူတည်၍ ပတ်ဖျန်းသင့်ကြောင်း ဆိုသည်။

 

“ဖျက်ဆီးတဲ့ ပမာဏနည်းတယ်။ ကော်ဖီနှံကောင် အရေအတွက်လည်းနည်းတယ်ဆိုရင်တော့ ပိုးသတ်ဆေးဖျန်းဖို့ မလိုပါဘူး” ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

 

အဆိုပါကော်ဖီနှံကောင်များကို သစ်တောနှင့် ကပ်လျက်ရှိသော ခြုံပုတ်များ၊ သစ်တောနှင့် နီးစပ်နေသောစိုက်ခင်းများ နှင့် နှမ်းခင်းတစ်ချို့ တွင်တွေ့ရကြောင်း၊ သို့သော် နှမ်းခင်းကို များစွာ ဖျက်ဆီးထားသည့် လက္ခဏာတော့ မတွေ့ရကြောင်း သိရသည်။

 

၎င်းကော်ဖီနှံကောင်များကို ရခိုင်ပြည်နယ်သံတွဲမြို့၊ ဧရာဝတီတိုင်းဒေသကြီး ရေကြည် မြို့နှင့် မကွေးတိုင်းဒေသကြီး မကွေးမြို့မှ စိုက်ခင်းအချို့တွင် ဇွန်လကုန်နှင့် ဇူလိုင်လဆန်းက စတင်တွေ့ရှိခဲ့ကြောင်း၊ ယခုအခါ ကချင်ပြည်နယ် ဗန်းမော်မြို့နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင်ပါ တွေ့ရှိလာရကြောင်း စိုက်ပျိုးရေးဦးစီးဌာန သီးနှံဌာနခွဲ မှ သိရသည်။

 

Xinhua

Read times
Rate this item
(0 votes)