Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တစ်ပတ်အတွင်း ပင်လယ်ရေကြောင်းမှ ဒေါ်လာ ၁၃ သန်းနီးပါးရှိသည့် ဆန်တန်ချိန် ၄၀၀၀၀ ကျော် တင်ပို့ခဲ့

တစ်ပတ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် ဒေါ်လာ ၁၃ သန်းနီးပါးရှိသည့် ဆန်တန်ခိန် ၄၀၀၀၀ ကျော်တင်ပို့ခဲ့ရာ အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၆၄၀၀ ကျော် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။


၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ဒေါ်လာ ၁၂ ဒသမ ၇၂၇ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၄၀၂၀၀ ကျော် တင်ပို့နိုင်ခဲ့ရာ အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၆၄၀၀ ကျော်၊ အာရပ်စော်ဘွားများ ပြည်ထောင်စုသို့ ဆန်တန်ချိန် ၁၈၇၀၀ ကျော်နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၅၁၀၀ ခန့်တင်ပို့ခဲ့ကြောင်း သိရသည်။

ဆန်တင်ပို့မှု အများဆုံးနိုင်ငံများမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၁၂၄ဝဝခန့်၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၃၀၀၀ ကျော်၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ၅၁၀၀ ခန့်၊ ဘီနင်နိုင်ငံသို့ ဆန်တန်ချိန် ၈၀၀၀ ခန့်၊ နိုင်ဂျာနိုင်ငံသို့ ဆန်တန်ချိန် ၅၀၀၀ ခန့်နှင့် အိုင်ဗရီကို့စ်နိုင်ငံသို့ ဆန်တန်ချိန် ၅၀၀၀ ခန့် အသီးသီးတင်ပို့နိုင်ခဲ့သည်။

အာရပ်စော်ဘွားများပြည်ထောင်စုမှ ဆန်ဝယ်ယူမှုလျော့နည်းခဲ့သဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဆန်တင်ပို့မှုတန်ချိန် ၃၆၀၀၀ ကျော်လျော့နည်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ဒေါ်လာ ၁၆ ဒသမ ၉၈၂ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၅၈၂၀၀ ကျော် တင်ပို့ခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ၇၃၀၀ ကျော်နှင့် ဘယ်လ်ဂျီယံနိုင်ငံသို့ ၅၀၇၀၀ ကျော် တင်ပို့ခဲ့သည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဆန်ကွဲတန်ချိန် ၅၃၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ဆန်နှင့် ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန်ချိန် ၉၈၄၀၀ ခန့်တင်ပို့ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာ တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နေပြီး ဥရောပနိုင်ငံများနှင့် အာဖရိကနိုင်ငံများသို့လည်း တင်ပို့နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေး နှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုနှစ်ခုစလုံးမှ တင်ပို့လျက်ရှိသည်။

မြန်မာနိုင်ငံမှဆန်နှင့် ဆန်ကွဲကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူစျေးကွက်၊ အာဖရိကစျေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်သို့ အဓိကတင်ပို့နေခြင်းဖြစ်သည်။

ပြီးခဲ့သည့်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှုလျော့ကျခဲ့သော်လည်း ဆန်ကွဲတင်ပို့မှု မြင့်တက်ခဲ့သဖြင့် ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာ ၈၄ သန်းကျော် ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုကို ပျမ်းမျှအားဖြင့် နှစ်စဉ် ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် တန်ချိန်မြင့်တက်မှုအပြင် ဝင်ငွေပိုမိုမြင့်တက်လာစေ ရန် အရည်အသွေးကောင်းမွန်သည့် တန်းမြင့်ဆန်များအမျိုးအစားများ ပိုမိုတင်ပို့နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၇၀၀ ဒသမ ၁၃ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။

news-eleven.com

Read times
Rate this item
(0 votes)