Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သစ်သီးမျိုးစုံရောင်းချခြင်းဖြင့်မိသားစုစားဝတ်နေရေးအဆင်ပြေလျှက်ရှိ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ပုလိပ်မြို့အထွက် ရန်ကုန်-မန္တလေးကားလမ်းနှင့် တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ် ကားလမ်းဘေးတွင် သစ်သီးမျိုးစုံရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင် ပြေလျှက်ကြောင်း သစ်သီးမျိုးစုံ ရောင်းချနေသည့် “မိသားစု” သစ်သီးအရောင်းဆိုင်မှ သိရသည်။
 

 

အဆိုပါ သစ်သီးအရောင်းဆိုင်တွင် ဆန်းကစ်လိမ္မော်၊ ရွှေလိမ္မော်၊ ပျားလိမ္မော်၊ ရိုးရိုးလိမ္မော်၊ သခွားမွေး၊ ပန်းသီး၊ တည်သီး၊ သစ်တော်သီး၊ သလဲသီး၊ နာနတ်သီး၊ ထောပတ်သီး၊ မာလကာသီး၊ ကျွဲကောသီး၊ ကမ္ဗာလာသီး၊ လေချူသီး၊ စပျစ်သီး၊ နဂါးမောက်သီး၊ သင်္ဘောသီး၊ ငှက်ပျောဖီးကြမ်းနှင့် သီမွှေးငှက်ပျောသီး စသည့်သစ်သီး မျိုးစုံကို မန္တလေးမြို့နှင့် အနီးအနားကျေးရွာများမှ စိုက်ပျိုးရေးခြံများမှ တစ်ဆင့်ဝယ်ယူပြီး ပြန်လည်ရောင်းချ လျက်ရှိကြောင်း သိရှိရသည်။
 
ဈေးရောင်းချနေမှုများနှင့်ပတ်သတ်၍ ကျွန်တော်တို့ သစ်သီးဆိုင်က အပြည်ပြည်ဆိုင်ရာ တံတားဦး လေဆိပ်နဲ့ ရန်ကုန်-မန္တလေးကားလမ်းဟောင်ဘေး အိမ်ဝိုင်းရှေ့မှာ ဖွင့်ထားတာဆိုတော့ လူစုလူဝေး မရှိဘဲ ပတ်ဝန်းကျင်က သန့်ရှင်းမှုရှိပါတယ် ဈေးရောင်းတဲ့အခါမှာလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည့်လမ်းညွှန်ချက်များအတိုင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနဲ့အညီ ဈေးရောင်းတာ၊ ဝယ်တာတွေ ပြုလုပ်တာဆိုတော့ အဆင်ပြေပါတယ် ကျွန်တော်တို့မိသားစုမှာ မိသားစုဝင်ငါးဦးရှိကာ သစ်သီးမျိုးစုံရောင်းဝယ်ခြင်းဖြင့် စားဝတ်နေရေးဖြေရှင်းရာတွင် အဆင်ပြေလျှက်ရှိကြောင်း ဆိုင်ပိုင်ရှင် ဦးဝေလွင်ဦး ပြောပြ၍ သိရသည်။
 
The Mirror News
Read times
Rate this item
(0 votes)