Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နှမ်းနက်ဈေး သိသာစွာ မြင့်တက်၊ ကုလားပဲမှလွဲ၍ ပဲမျိုးစုံ ဈေးကောင်းရနေ

မန္တလေး ပဲမျိုးစုံ ဈေးကွက်တွင် နှမ်းနက်မှာ ယခုတစ်ပတ်အတွင်း သိသာစွာ ဈေးမြင့်တက်နေပြီး အခြား ပဲများဖြစ်သည့် ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းတို့မှာလည်း

ဈေးနှုန်းကောင်းများ ရရှိနေကြောင်း၊ ကုလားပဲမှာ ရန်ကုန် ၀ယ်လက်များ ၀ယ်ယူမှုနည်းခြင်းကြောင့် ဈေးအေးလျက်ရှိကြောင်း သိရသည်။

 

ပဲစင်းငုံ ရန်ကုန် ၀ယ်လက်များက ပြန်လည်ဝယ်ယူခြင်းနှင့် ကုန်သည်များကလည်း အရှုံးခံရောင်းချမှု မပြုလုပ်ဘဲ ဈေးနှုန်းထိန်းထားသဖြင့် သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၃၈၀၀၀-၄၀၀၀၀ ဈေးဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။

 

အိန္ဒိယနိုင်ငံမှ ၀ယ်ယူမှုမပြုလုပ်သော်လည်း ပြည်တွင်းရှိ ကုန်သည်များမှ ဈေးလျှော့ရောင်းချမှု မရှိသဖြင့် ဈေးနှုန်းကျနိုင်ချေနည်းကြောင်း သိရသည်။ မတ်ပဲ ရန်ကုန် ၀ယ်လက်များ ၀ယ်ယူနေခြင်း၊ မန္တလေးရှိ ကုန်သည်များက ပုံမှန်ဝယ်ယူနေခြင်းတို့ကြောင့် အရောင်းအ၀ယ်ကောင်းကာ သြဂုတ်လ၊ တတိယ သီတင်းပတ်ထက် နှိုင်းယှဉ်လျှင် ကျပ် ၂၀၀၀ ခန့် ဈေးမြင့်တက်လာသည်။ သြဂုတ်လ ၃၁ ရက်တွင် သုံးတင်းဝင် တစ်အိတ် ထိပ်စ ၄၈၀၀၀ ကျပ်ခန့်ဖြင့် အရောင်းအ၀ယ် သွက်လျက်ရှိပြီး ဈေးနှုန်းပြောင်းလဲမှု မရှိနိုင်ကြောင်း သိရသည်။

 

ပဲတီစိမ်း တရုတ်နိုင်ငံမှ ပုံမှန်ဝယ်ယူနေခြင်းကြောင့် ထိပ်စမှာ သုံးတင်းဝင် တစ်အိတ် လျှင် ၉၅၀၀၀-၁၀၀၀၀ ကျပ်ခန့်ဖြင့် အရောင်းအ၀ယ်သွက် လျက် ရှိသော်လည်း အလတ်စများမှာ အရည်အသွေးပိုင်းဆိုင်ရာ အားနည်းခြင်းကြောင့် တစ်အိတ်လျှင် ၈၀၀၀၀-၉၀၀၀၀ ကျပ်ထက် ဈေးနှုန်းပိုပေးကာ ၀ယ်ယူသူမရှိကြောင်း သိရသည်။ ထို့အတွက် အရည်အသွေးကောင်းများမှာ ဈေးနှုန်းကျဆင်းနိုင်ချေ မရှိသော်လည်း အရည်အသွေးနိမ့် ပဲတီစိမ်းများအတွက် ဈေးခန့်မှန်းရခက်နေကြောင်း သိရသည်။

 

ကုလားပဲ ပြည်တွင်း ၀ယ်ယူမှု နည်းပါးခြင်းနှင့် ရန်ကုန်ဈေးကွက်မှ အနည်းငယ် ၀ယ်ယူခြင်းကြောင့် အရောင်းအ၀ယ်အေးနေပြီး ဈေးနှုန်းမှာ ကျ ဆင်းခြင်း မရှိသော်လည်း အရောင်းအ၀ယ်အေးလျက် ရှိသည်။ သြဂုတ်လ ၃၁ရက်တွင် သုံးတင်းဝင် တစ်အိတ်လျှင် ကုလားပဲ (ထိုင်ဝမ်) ၈၃၀၀၀ ကျပ်၊ ကုလားပဲ (နိုင်းတူးနိုင်း) ၈၂၀၀၀ ကျပ်ရှိကြောင်း သိရသည်။ နှမ်း စက်တင်ဘာလ ၂၄ ရက်တွင် တရုတ်နိုင်ငံတွင် လမုန့်ပွဲတော်ရှိခြင်းကြောင့် ပွဲတော်တွင် အသုံးများသော နှမ်းကို ပိုမိုဝယ်ယူလာကြောင်း၊ အခြားသော နှမ်းစိုက်ပျိုးတင်ပို့သည့် နိုင်ငံများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းနှင့် ပြည်တွင်းလက်ကျန် နည်းပါးနေခြင်းတို့ကြောင့် တစ်ပတ် အတွင်း ကျပ် ၄၀၀၀၀ ကျော် မြင့်တက်လာသည်။

 

သြဂုတ်လ၊ တတိယ သီတင်းပတ်တွင် နှမ်းနက် ၁၃၅၀၀၀ ကျပ်၊ နှမ်းနက် (စမုံ) ၁၅၅၀၀၀ ကျပ် ရှိခဲ့ရာမှ သြဂုတ်လ ၃၁ ရက်တွင် နှမ်းနက် ၁၇၅၀၀၀ ကျပ်၊ နှမ်းနက် (စမုံ) ၂၁၀၀၀၀ ကျပ်အထိ မြင့်တက်သွား ကြောင်း၊ လက်ရှိအနေအထားအရ ဈေးနှုန်းဆက်လက်မြင့်တက်နိုင်ဖွယ်ရှိကြောင်း သိရသည်။

 

Source:  The Farmer Journal

Read times Last modified on Tuesday, 18 September 2018 10:05
Rate this item
(1 Vote)