Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မိတ္ထီလာဒေသထွက်ပဲတီစိမ်း အဖွင့် ဈေးကောင်းရ

မိတ္ထီလာကုန်စည်ဈေးကွက်အတွင်းသို့ ဇူလိုင်လဆန်းပိုင်းကစတင် ဝင်ရောက်လာသော ဒေသထွက် ပဲတီစိမ်းအသစ် များ

ယခင်နှစ် အဖွင့်ဈေးထက် ဈေးပိုရကြောင်း ဒေသခံပွဲရုံများနှင့် ပဲကုန်သည်များက ပြောကြားခဲ့ပါတယ်။

 

“အခုလောလောဆယ် ဝင်လာတာက အရည်အသွေးကောင်းတယ်။ အရင်နှစ်နဲ့နှိုင်းယှဉ်ရင် အဖွင့်ဈေးကောင်းတ ယ်။ မနှစ်က ပဲတီစိမ်းပေါ်ချိန်မှာ အဖွင့်ဈေးက ၂၈,၀၀၀ ၊ ၂၉,၀၀၀ လောက်ပဲရှိတယ်”ဟု မိတ္ထီလာမြို့ရှိ ပွဲရုံ လုပ်ငန်းရှင် တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

မိတ္ထီလာခရိုင်အတွင်း မြို့နယ်လေးခုရှိသည့်အနက် မိတ္ထီလာနှင့်သာစည်မြို့နယ်တို့တွင် ပဲတီစိမ်းစိုက်ပျိုးမှု အများဆုံြး ဖစ်ကြောင်း၊ ပဲတီစိမ်းပေါ်ချိန်ကာလက တစ်လခွဲဝန်းကျင် ကြာမြင့်မည်ဖြစ်ပြီး ယခုနှစ်တွင် ဒေသထွက်ပဲတီစိမ်းသည် အရည်အသွေးကောင်း၍ ဈေးကွက်တွင် အလားအလာကောင်းမည်ဟု ခန့်မှန်းရကြောင်း ပွဲရုံ လုပ်ငန်းရှင် တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ယခုနှစ် ဒေသထွက်ပဲတီစိမ်းအဖွင့်ဈေးမှာ အရည်အသွေးကိုလိုက်၍ တစ်တင်းလျှင် ကျပ် ၃၁,၀၀၀ မှ ၃၂,၀၀၀ ကျပ် ရှိခဲ့ပြီး ဇူလိုင်လ ၉ ရက်နေ့ပေါက်ဈေးသည် ၃၂,၀၀၀ မှ ၃၂,၅၀၀ ကျပ်ရှိကြောင်း မိတ္ထီလာ ကုန်စည်ဒိုင်ထံမှ သိရပါတယ်။

 

“မိတ္ထီလာခရိုင်မှာ အခုပေါ်တဲ့ ပဲတီစိမ်းက ဈေးကောင်းတော့ ရန်ကုန်လက်က ဈေးမကိုက်လို့မဝယ်နိုင်ဘူး။ အိန္ဒိယ ဘက်ကလည်း မဝယ်ဘူး။ တရုတ်ဘက်ကတော့ အဝယ်ရှိလို့ အဲဒီဘက် ထွက်လိမ့်မယ်”ဟု သာစည်မြို့မှ ပွဲရုံလုပ်င န်းလုပ်ကိုင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

မိတ္ထီလာခရိုင် သာစည်မြို့နယ် စမုန်ဆည်ဝန်းကျင်ဒေသတွင် ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မှု အများဆုံးဖြစ်ပြီး လက် ရှိဈေးကွက်သို့ ဦးစွာဝင်လာသော ကုန်ပစ္စည်းများမှာ သာစည်မြို့နယ် ကုက္ကိုပင်၊ ပိတောက်ပင်၊ ပေါက်တောနှင့် မိတ္ထီ လာမြို့နယ် ချောက်ပင်၊ ခင်လူး၊ မောက်လောက်၊ အိုင်ကြီးလည် စသောကျေးရွာများမှထွက်သော ကုန်စည်များဖြ စ်ကြောင်း၊ ပွဲရုံတစ်ရုံလျှင် တစ်နေ့ တစ်တင်းခွဲအိတ် ၇၀ မှ ၁၀၀ အထိ အဝင်ရှိကြောင်း ဒေသတွင်းရှိ ပဲဈေးကွက်အ တွင်းမှ စုံစမ်းသိရှိရပါတယ်။

 

Source: Voice

Read times Last modified on Tuesday, 18 September 2018 11:51
Rate this item
(1 Vote)