Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အေးခဲသားစိမ်းငါးစိမ်းပေါ် မှ ကိုဗစ်ပိုး စိုးရိမ်မှုကြောင့် တရုတ်ဆိပ်ကမ်းတွင် အအေးပေး ကွန်တိန်တာ လုပ်ငန်းစဉ်နှောင့်နှေး

အေးခဲထားသော သားစိမ်းငါးစိမ်း‌ေပါ်မှ ကိုဗစ်ပိုးအပေါ် စိုရိမ်းမှုများ တရုတ်နိုင်ငံတွင် ဖြစ်ပေါ်နေသဖြင့် တရုတ်နိုင်ငံရှိ ဆိပ်ကမ်းများတွင် အေးခဲသားစိမ်းငါးစိမ်း ပါသည့် အအေးပေးကွနန်တိန်နာများကို စစ်ဆေးမှု တင်းတင်းကျပ်ကျပ် ဆောင်ရွက်သည့်အတွက် ကုန်တိန်နာ ထုတ်ယူသည့် လုပ်ငန်းစဉ်များ အချိန်ပိုကြာပြီး နှောင့်နှေးမှုများ ဖြစ်ပေါ်နေသည်။

 

တရုတ် ကျန်းမာရေးအရာရှိတို့က ပြောသည်မှာ တီရန်ကျန်း (Tianjin) ဆိပ်ကမ်းတွင် အေးခဲ သားစိမ်းငါးစိမ်း‌ပါ ကွန်တိန်များကို ကိုင်တွယ်ရသော ဆိပ်ကမ်းလုပ်သားနှစ်ဦး ကိုဗစ် ကူးစက်ခံရသည်။ ပြီးခဲ့သည့် နွေရာသီတွင် ဘီဂျင်းမြို့တော်နှင့် ဒါလျှမ်းဆိပ်ကမ်းမြို့တွင် အေးခဲသားစီးငါးစိမ်းမှတစ်ဆင့် ကိုဗစ် ကူးစက်ခံရခြင်းများ ဖြစ်ပွားခဲ့သည်။ များသောအားဖြင့် ဆော်လမွန်ငါးစိမ်းမှ ကူးစက်ခြင်း ဖြစ်ကြောင်း တွေ့ရသည်။

 

ကွန်တိန်နာလိုင်း Hapag-Lloyd က ကွန်တိန်နာ ပေးပို့သူများထံ အကြောင်းကြားစာ ပေးပို့ခဲ့ရာတွင် ဒေသအာဏာပိုင်များမှ ထုတ်ပြန်သော ညွှန်ကြားချက်များကြောင့် တီရန်ကျန်းဆိပ်ကမ်းသို့ ပေးပို့သော အအေးပေး ကွန်တိန်နာများ အားလုံးသည် စစ်ဆေးမှု ခံယူရန် လိုအပ်ပြီး Covid-19 ကင်းရှင်းကြောင်း စစ်ဆေးခံပြီးမှသာ ဆိပ်ကမ်း အပြင်သို့ ထုတ်ယူရန် ခွင့်ပြုမည်။ သိုဖြစ်ရာ ကွန်တိန်များ ဆိပ်ကမ်းအတွင်း ပလပ်ထိုးပြီး လျှပ်စစ်ဓာတ်အား ရယူကာ ထားရှိ စောင့်ဆိုင်းနေရသည်။ ထို့အတွက် လျှပ်စစ်ဓာတ်အား ရယူနိုင်သလောက် အရေအတွက်ကိုသာ လက်ခံထားရှိသဖြင့် နောက်ထပ် ကွန်တိန်များ ထပ်ချဖို့ မဖြစ်နိုင်တော့ချေ။ ကွန်တိန်နာ သင်္ဘောများ ဆိုင်ကပ်ဖို့မှာလည်း ရွှေ့ဆိုင်းမှုများ ဖြစ်ပေါ်နေသည်။

 

Hapag-Lloyd က အအေးပေး ကွန်တိန်နာများကို အလျဉ်းသင့်ရာ အခြားဆိပ်ကမ်းများ ဖြစ်သော ရှင်တောင်း၊ ဒါလျန်း နဲ့ တခြား တရုတ် ဆိပ်ကမ်း များမှာ လည်းကောင်း၊ အိမ်နီးချင်း တောင်ကိုရီးယား ဘူဆန်ဆိပ်ကမ်း၌ လည်းကောင်း ယာယီ ချထားမှုပြုခဲ့ရသည်။ တီရန်ကျန်းဆိပ်ကမ်း အရာရှိများက ကပ်ရောဂါ ထိန်းချုပ်ရေး အာဏာပိုင်များထံမှ ညွန်ကြားချက်များနှင့်အညီ လုပ်ကိုင်လျက် ရှိပြီး တင်သွင်းသည့် အေးခဲသားစိမ်းငါးစိမ်း စစ်ဆေးမှုများကို တင်းတင်းကျပ်ကျပ် လုပ်ကိုင်နေကြောင်း အတည်ပြုပြောကြားသည်။

 

တီရန်ကျန်းဆိပ်ကမ်းသည် ပြည်ပမှ တင်သွင်းသည့် အေးခဲသားစိမ်းငါးစိမ်းများအတွက် အဓိက ဝင်ပေါက်ဖြစ်ပြီး အများဆုံး လက်ခံကိုင်တွယ်ပေးသည့် ဆိပ်ကမ်းလည်း ဖြစ်သည်။ အအေးပေး ကွင်းဆက် အခြေခံအဆောက်အအုံ cold-chain infrastructure ကို ဆောက်လုပ်လျက်ရှိရာ ၂၀၂၁ ခုနှစ် စတုတ္ထ သုံးလပတ်တွင် ပြီးစီးမည် ဖြစ်သည်။

 

ဖူကျင်ပြည်နယ်မှ မြို့နှစ်မြို့တို့တွင်လည်း အိန္ဒိယနှင့် အာဂျင်တီးနားတို့မှ တင်သွင်းသော အေးခဲသားစိမ်းငါးစိမ်းများတွင် ဗိုင်းရပ်စ် ပါလာကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တွေ့ရှိခဲ့သည်။ ကိုဗစ် အစပြုခဲ့ရာ ဝူဟန်သည် ယန်စီြမစ် ဆိပ်ကမ်းမြို့ဖြစ်ပြီး ပြီးခဲ့သည့် အပတ်က ဘရာဇီးမှ တင်သွင်းသော အေးခဲ အမဲသားတွင် ဗိုင်းရပ်စ်ပိုး တွေ့ခဲ့သည်။

 

ရှန်ဟိုင်းဆိပ်ကမ်းသည်လည်း တီရန်ကျန်းဆိပ်ကမ်းနည်းတူ စစ်ဆေးသည့် လုပ်ထုံးလုပ်နည်းများကို စတင်ကျင့်သုံးနေပြီ ဖြစ်သည်။ အေးခဲသားစိမ်းငါးစိမ်းများအတွက် ဆိပ်ကမ်းရှင်းလင်းရေး ရယူရန် အချိန်ပိုကြာမည် ဖြစ်ပြီး ဆိပ်ကမ်းတွင် အအေးပေးကွန်တိန်နာများအတွက် လျှပ်စစ်ဓာတ်အား ပေးထားရန် ပလပ်ထိုးပေးထားနိုင်သည့် အရေအတွက်ကိုသာ ကန့်သတ်လက်ခံမည် ဖြစ်သည်။

 

ရှန်ဟိုင်း ဆိပ်ကမ်းသည် ပလပ်ထိုးရန် ခုရေ ထောင်ဂဏန်းကို ထပ်တိုးပေးထားပြီး ဖြစ်သည်။ နယူးဇီလန်တွင်လည်း ကိုဗစ် ကင်းစင်ပြီးမှ လွန်ခဲ့သည့် ငါးပတ်တုန်းက ကိုဗစ်ကူးစက်မှုများ ပြန်လည် ပျံ့ပွားခဲ့ရာ ပြည်ပမှ တင်သွင်းသည့် အေးခဲသားစိမ်းငါးစိမ်းများမှ ဖြစ်မည်ဟု သံသယ ရှိသည်။

Read times Last modified on Monday, 23 November 2020 15:55
Rate this item
(0 votes)