Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံမှာ နွားမွေးမြူရေးလာလုပ်တော့မည်

တရုတ်နိုင်ငံမှ Kangrui Agriculture Livestock Development ကုမ္ပဏီကို ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ နွားမွေးမြူရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ဖို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။


Kangrui Agriculture Livestock Development ကို တရုတ်နိုင်ငံက Shanghai Penghe Supply Chain Management ကုမ္ပဏီမှ (၉ဝ) ရာခိုင်နှုန်းနဲ့ Dehong Penghe Agriculture Development ကုမ္ပဏီမှ (၁ဝ) ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။


အဆိုပါကုမ္ပဏီက နွားမွေးမြူရောင်းချခြင်းလုပ်ငန်းကို မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းမှာ လုပ်ကိုင်မှာဖြစ်ပြီး အမေရိကန်ဒေါ်လာ (၃၇) သန်းခန့် ရင်းနှီးမြှုပ်နှံသွားမယ်လို့ သိရပါတယ်။

 

 

Read More >>>>>  ပြည်တွင်းစားသုံးတဲ့ ပေါ်ဆန်း ဆန်များ (၁၈) ရာခိုင်နှုန်းခန့် ဈေးမြင့်နေ

 


"အခုခွင့်ပြုပေးလိုက်တဲ့ လုပ်ငန်းကတော့ ဒီမှာ မွေးမြူလုပ်ကိုင်ပြီး တရုတ်ပြည်ကို အဓိကတင်ပို့ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းကဏ္ဍအနေနဲ့လည်း ထပ်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုဝင်ဖို့ အလားအလာရှိတယ်ဆိုတာကို စီးပွား/ကူးသန်းဝန်ကြီးဌာနကနေ သိထားရပါတယ်" လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောပါတယ်။


အခုကုမ္ပဏီဟာ မြန်မာနိုင်ငံရှိ နွားမွေးမြူရောင်းချခြင်း လုပ်ငန်းကဏ္ဍဆီ ပထမဦးဆုံးဝင်ရောက်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်ပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂ဝ၁၇၊ အောက်တိုဘာက ကျွဲ၊ နွားအရှင်များကို ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ပြုပြီးနောက်ပိုင်းမှာ ၎င်းကဏ္ဍဆီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာဖို့ အခွင့်အလမ်းရှိလာခဲ့ခြင်းဖြစ်ပါတယ်။


လက်ရှိ ကျွဲ၊ နွားများကို မူဆယ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံကို အဓိကထား တင်ပို့လျက်ရှိပါတယ်။ ထိုင်းနိုင်ငံမှ CP Livestock ကုမ္ပဏီက ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ကိုင်မယ့် မွေးမြူရေးလုပ်ငန်း (၃) ခုကိုလည်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း အမေရိကန်ဒေါ်လာ (၇၈) သန်းကျော် ရှိမှာဖြစ်ပါတယ်။


CP Livestock မှ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှာ မွေးမြူရေးလုပ်းငန်တစ်ခု၊ မှော်ဘီမြို့နယ်မှာ အသားစားကြက်၊ ဥစားကြက်၊ ဝက်မွေးမြူရေးလုပ်ငန်းတစ်ခုနဲ့ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်မှာ တိရစ္ဆာန်အစားအစာ ထုတ်လုပ်ဖြန့်ဖြူးရောင်းခြင်း လုပ်ငန်းတစ်ခုတို့ကို လုပ်ကိုင်သွားမှာဖြစ်ပါတယ်။

 

Source: The Myanmar Times 

Read times Last modified on Friday, 05 July 2019 10:37
Rate this item
(1 Vote)