Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အခြေခံရည်ညွှန်းစျေးထက် စပါးစျေးများ ပိုမိုမြင့်တက်နေ

လက်ရှိ စပါးပေါက်ဈေးသည် အစိုးရကသတ်မှတ်ထားသည့် စပါးတင်း ၁၀၀ ၏ အခြေခံ ရည်ညွှန်းဈေးနှုန်း ထက်

မြင့်တက်လျက်ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင််မှ သိရသည်။

ယခုနှစ်စပါးပေါ်ချိန်တွင် မိုးရွာသွန်းမှုများကြောင့် နယ်ဘက်မှ လှောင်သမား၊ စက်သမားများအနေဖြင့် စပါးများ ကို မသိမ်းတော့ဘဲ ရသမျှကို ရန်ကုန် ဈေးကွက်သို့ ပို့လိုက်သည့်အတွက် စပါးဂိုဒေါင်များမှာ ဂိုဒေါင် လွတ်များဖြစ်သွားကြောင်း၊ ယခုအချိန်ကျမှ ဝယ်သည့်အတွက် စပါးဈေးမှာ ခြောက်သိန်း ဝန်းကျင်ခန့် ဖြစ်ကာ ဈေးမြင့်တက်သွားပြီး ၁၁ လပိုင်း ဒုတိယပတ် ကျော်လာသည့်အချိန်တွင် နယ်ဒေသ၌ စပါးများ ကုန်သလောက်ဖြစ်သွားကာ လက်ကျန် နည်းသွားခြင်းဖြစ်ကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ မိုးစပါးပေါ်ချိန်တွင်အဆက်မပြတ် မိုးရွာသွန်းသောကြောင့် မိုးစပါးများ ပျက်စီး ခဲ့သဖြင့် တောင်သူများမှာ စပါး တင်း ၁၀၀ လျှင် ကျပ် ၄၅၀၀၀၀ ခန့်သာ ရရှိခဲ့သော်လည်း နိုဝင်ဘာလထဲတွင် ထွက်ရှိသည့် စပါးနည်းသည့် အတွက် စပါး တင်း ၁၀၀ လျှင် ကျပ် ခြောက်သိန်း ဝန်းကျင်ထိရှိနေကြောင်း သိရသည်။သို့ဖြစ်၍ လက်ရှိ စပါးပေါက်ဈေးသည် အစိုးရကသတ်မှတ်ထားသည့် စပါးတင်း ၁၀၀ ၏ အခြေခံ ရည်ညွှန်းဈေးနှုန်းထက် မြင့်တက်လျက်ရှိသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြောကြားချက်အရ အခြေခံရည်ညွှန်း စပါးဈေးနှုန်း တင်းတစ်ရာ ၅၂၀၀၀၀ ကျပ်အောက် ကျဆင်းခဲ့ပါက ကျပ် ၂၀ ဘီလီယံအသုံးပြုကာ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင်ပြည်နယ်တို့တွင် သတ်မှတ်ထားသည့် အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

myotaw.news

Read times
Rate this item
(0 votes)