Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံ လယ်သမားများ အနေဖြင့် ကိုဗစ်ကာလ ချေးငွေ ၅ သောင်းရရှိမည့် အခွင့်အရေး

မြန်မာ့ စိုက်ပျိုးရေး နှင့်တိုးတက်ဖွံ့ဖြိုးရေးဘဏ် ( MADB ) မှ မြန်မာ အစိုးရရဲ့ ငွေကြေးနှင့်စက်မှု့လက်မှု့ပိုင်းဆိုင်ရာ အတည်ပြုမှု့ကို ရယူပြီး မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တောင်သူလယ်သမား မည်သူမဆို ကိုဗစ်ကာလ မှာ သီးပင်စားပင်စိုက်ပျိုးရာတွင် အခက်အခဲကင်းစေရန်ရယ်ရွယ်ကာ တောင်သူတို့အား ချေးငွေ ၅ သောင်း သတ်မှတ်ချထားပေးမယ်လို့ မြန်မာ့ စိုက်ပျိုးရေး နှင့်တိုးတက်ဖွံ့ဖြိုးရေးဘဏ် မှ ဥက္ကဌ ဦးမင်းသူ ကပြောကြားသွားခဲ့ပါတယ်။

 

အဆိုပါ ချေးငွေကို တောင်သူလယ်သမားတို့အတွက် သန်း ၆၀၀ တိတိ မြန်မာနိုင်ငံအနှံအပြားပေးကမ်းမည်ဖြစ်ပြီး လယ်သမားများ အနေဖြင့် ဇွန်လ ၂၂ ရက်နေ့ကနေစတင်ကာ ချေးငွေစတင်ရယူနိုင်မယ်သိရပါတယ်။သည့်အပြင် မုတ်သုံလ အတွက် ချေးငွေ ၁၅၀၀၀၀ကိုပါထပ်လောင်းရယူနိုင်မယ်သိရပါတယ်။အစိုးရမှ လယ်သမားများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ရှေးရူတာဖြစ်တယ်သိရပါတယ်။

 

၎င်းချေးငွေကို အတိုးကို အင်မတန်မှ သက်သာစွာ ၅ ရာခိုင်နှုန်းသာ ယူမယ်သိရပြီး ထိုသို့ငွေချပေးတာ သီးနှံအထွက်နှုန်းတိုးဖို့ရယ်ရွယ်ကာ ယခုကဲ့သို့ဆောင်ရွက်တယ်သိရပါတယ်။မြန်မာ ပြည်တွင်းမှာရှိတဲ့ လယ်ယာစိုက်ပျိုးသူ မည်သူမဆို ၎င်းတို့ ပထမ အသုတ်ချေးထားတဲ့ ငွေကို ပြန်ဆပ်ထားရင် ယခု ချေးငွေယူလို့ရပါတယ်တဲ့။မြန်မာ့ စိုက်ပျိုးရေး နှင့်တိုးတက်ဖွံ့ဖြိုးရေးဘဏ် ဟာ ဆောင်းရာသီအတွက် ချေးငွေ ၃၆၂ သန်း စီစဉ်ထားခဲ့ပြီးပြီဖြစ်ပါတယ်။

 

အဆိုပါ ချေးငွေရယူမှု့ကို လက်ခံရရှိတဲ့ စလင်းမြို့မှ လယ်သမားဖြစ်သူ ဦး ဇော်စန်းဌေး ကတော့ ကျွန်တော်တို့အနေနဲ့ အခုလို ချေးငွေရရှိတာ ဆက်လက်လုပ်ကိုင်ရမယ့် စိုက်ပျိုးရေးလုပ်ငန်းအတွက်များစွာမှ အထောက်အကူဖြစ်ပါတယ် ၊ ကိုဗစ်ဖြစ်တဲ့ အချိန်မှာ ဝယ်ယူမှု့တွေရပ်ဆိုင်းသွားတယ် အခုအချိန်ထိ ထွက်ကုန်တွေရောင်းမရသေးပါဘူး ယခုအချိန်မှာ ဈေးဆိုင်တွေတစ်ချို့ ပြန်ဖွင့်နေပေမယ် သီးနှံတွေက ဈေးကောင်းမရသေးပါဘူး အကယ်၍ ကျွန်တော်တို့ အနေနဲ့ အခြားကနေ ချေးငွေရယူမယ်ဆို အတိုးအများကြီးပေးရမှာပါ ၊ အခုလို အစိုးရကချ ပေးတော့ အတိုး ငွေနည်းနည်းနဲ့ဆိုတော့ စိုက်ပျိုးရေး အတွက် အထောက်အကူဖြစ်တာပေါ့ ဆိုကာပြောကြားသွားခဲ့ပါတယ်။

 

<<< Zawgyi >>>

 


-------------------------------------------------------------------------------------------------------------

 


 


 


 


 

Ref : The Global News Light Of Myanmar

Read times Last modified on Saturday, 20 June 2020 11:45
Rate this item
(0 votes)