Food & Livestock



နိုင်ဂျီးရီးယားနိုင်ငံမှ တောင်သူများထံ အထွက်နှုန်းကောင်းသော ပြောင်းဖူးမျိုးစိတ်သစ် ဖြန့်ဝေမည်

နိုင်ဂျီးရီးယားနိုင်ငံ အမျိုးသား ဇီဝဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီက ၎င်းတို့ သုတေသနပြုထုတ်လုပ်ထားသော အထွက်နှုန်း

ကောင်းပြီး မိုးခေါင်ရေရှားမှုဒဏ်ခံနိုင်သော ပြောင်းဖူးမျိုးစိတ်သစ် တစ်မျိုးကို တောင်သူများထံ မကြာမီဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း အေဂျင်စီတာဝန်ရှိသူများက ဇန်နဝါရီ ၂၃ ရက်တွင် ပြေားကြားခဲ့သည်ဟု Leadership News သတင်းဌာနက ဇန်နဝါရီ ၂၄ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

 

အမျိုးသား ဇီဝဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီက နိုင်ဂျီးရီးယားနိုင်ငံအဘူဂျာမြို့တွင် ဇန်နဝါရီ ၂၀ ရက်က ကျင်းပခဲ့သော သိပ္ပံနှင့် နည်းပညာဆန်းသစ်ပြောင်းလဲရေးပြပွဲ (Science Technology and Innovation Expo 2023) တွင် ၎င်းတို့၏ ပြောင်းမျိုးစိတ်သစ်နှင့် ပတ်သက်၍ ထုတ်ဖော်ကြေညာခဲ့ပြီး အဆိုပါ ပြောင်းမျိုး စိတ်သစ်ကို တောင်သူများထံ ဖြန့်ဝေပေးနိုင်ရန် အေဂျင်စီ၏ ညွှန်ကြားရေးမှူးချုပ်ပါမောက္ခ အဗ္ဗဒူလာဟီမူစတာဖာက ပြောကြားခဲ့သည်။

 

Meditech

Click Here >>> Meditech Co., Ltd.

 

ရက်အနည်းငယ်အတွင်း ထွက်ရှိတော့မည့် ပြောင်းမျိုးစိတ်သစ်သည် အထွက်နှုန်းကောင်းပြီး အင်းဆက်ပိုးမွှား ဒဏ် ခံနိုင်သည့်အပြင် မိုးခေါင်ရေးရှားမှုဒဏ်ကို ကောင်းစွာခံနိုင်သောကြောင့် တောင်သူများအတွက် အသင့်လျော်ဆုံး မျိုးစိတ်တစ်ခုဖြစ်ကြောင်း၊ နိုင်ဂျီးရီးယားနိုင်ငံ ကောက်ပဲသီးနှံထုတ်လုပ်ရေးနှင့် ပတ်သက် ၍လည်း အေဂျင်စီအနေဖြင့် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကောက်ပဲသီးနှံစီးပွားဖြစ်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မူစတာဖာက ပြောကြားခဲ့သည်။

 

အထွက်နှုန်းကောင်သည့်အပြင် ပိုးမွှားကျရောက်မှုကို ခံနိုင်ရည်ရှိသဖြင့် ပိုးမွှားထိန်းချုပ်ရေးအတွက် ဓာတုဆေးဝါးများဝယ်ယူရန် စရိတ်စကလည်း သက်သာသောကြောင့် လယ်သမားများအနေဖြင့် သုတေသနလုပ်ငန်းများနှင့် စီးပွားဖြစ်ပိုမိုပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ရင်းနှီးမြှုပ်နှံကြရန် မူစတာဖာက တိုက်တွန်းထားကြောင်း သိရသည်။

 

Join Telegram Channel >>> https://t.me/Guid4U

Source: The Mirror
Myanmar Food Industry Guide

Read times Last modified on Thursday, 26 January 2023 14:38
Rate this item
(0 votes)