Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပဝယ်လက်မရှိ၍ ရှမ်းပြည်နယ်ထွက် ချင်းကို ပြည်တွင်း ဈေးကွက်၌သာ ရောင်းချနေရ

ရှမ်းပြည်နယ်မှထွက်ရှိသည့် ချင်းအသစ်များ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက် လာပြီဖြစ်သော်လည်း  ပြည်ပဝယ်လက် မရှိခြင်းကြောင့် ပြည်တွင်းဈေးကွက်၌သာ 

အဓိက ရောင်းချနေရကြောင်း အောင်ပန်းမြို့ရှိ ချင်းစိုက်တောင်သူ များထံမှ သိရသည်။

 

''အခုက ချင်းပေါ်ခါစဆိုတော့ ပြည်ပ ဈေးကွက်တင်ပို့နိုင်ဖို့ ဝယ်တာနည်းတယ်။ ပြည်တွင်းသုံးစွဲဖို့  အများဆုံး ဝယ်ကြတာ။ အခုလိုဖြစ်တာကလည်း   စက်တင်ဘာလ ဆန်းပိုင်းက  မိုးများခဲ့တော့  ပြည်ပပို့ဖို့ လောက်အထိ  အရည်အသွေး မမီတော့ဘူး။ နောက်တစ်လ ဝန်းကျင်လောက်ဆိုရင်တော့  ပြည်တွင်း၊ ပြည်ပဈေးကွက် ပြန်ကောင်းလာမှာပါ'' ဟု ချင်းစိုက်တောင်သူ ကိုစိုင်းမြတ် လင်းမောင် ကပြောသည်။

 

လက်ရှိဈေးကွက်အတွင်း  ချင်းအစိုအသစ်သည်  ချင်း  (ဥမ)ထက်  တာရှည် အထားပိုခံခြင်းကြောင့် ရေရှည်သိုလှောင်ရန် ဝယ်ယူလေ့ရှိသည့်  ကုန်သည်များပါ  ဝယ်ယူကြပြီး အဆိုပါချင်းတက်မှာ တစ်နှစ်ပတ်လုံး  အရောင်း အဝယ်ဖြစ်ခြင်းကြောင့် ချင်း (ဥမ) ကဲ့သို့ အမြန်ရောင်းချရန်မလိုကြောင်း သိရ သည်။

 

''အခုတစ်ပတ် အောင်ပန်းဈေးကွက်မှာတော့ ချင်းသစ်တစ်ပိဿာကို ငွေကျပ် ၅ဝဝ ပေါက်ဈေးရှိတယ်။ ချင်း (ဥမ) တစ်ပိဿာကို  ငွေကျပ်  ၁ဝဝဝ  လောက် ပေါက်ဈေးရှိ တယ်။ ချင်းအစိုပေါ်ချိန်ဖြစ်လာလို့ ချင်းခြောက်က  သိပ်ပြီး အလုပ်မဖြစ်တော့ဘူး။ ဈေးကွက်အေးနေတယ်'' ဟု ချင်းကုန်သည် ဦးစိုးထိုက်ဦး ကပြောသည်။

 

လက်ရှိ အောင်ပန်းဈေးကွက်၌ တစ်ပတ်အတွင်း ချင်းပိဿာချိန်ပေါင်း ၁ ဒသမ ၈ သိန်းခန့် အရောင်းအဝယ်ဖြစ်နေကာ ချင်းခြောက်တစ်ပိဿာလျှင် ငွေကျပ် ၉ဝဝ မှ ၁ဝဝဝ အထိရှိနေပြီး ပိဿာချိန် လေးသောင်းခန့်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

 

Source: Myawady

 

Read times
Rate this item
(1 Vote)