Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မဟာချိုင် ငါး၊ ပုစွန်ဈေးမှ တရားဝင်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကျန်းမာရေးစစ်ဆေးကုသခံယူခွင့်ပေးရေး ဆောင်ရွက်မည်

မဟာချိုင် ငါး၊ ပုစွန်ဈေးမှ တရားဝင်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကျန်းမာရေးစစ်ဆေးကုသခံယူခွင့်ပေးရေး ဆောင်ရွက်မည် Myotaw

မဟာချိုင်မြို့ရှိ ငါး၊ ပုစွန်ဈေးတွင် လုပ်ကိုင်နေသည့် တရားဝင်မြန်မာရွှေ့ပြောင်း အလုပ်သမား များကို

ကျန်းမာရေးစစ်ဆေးကုသခံယူခွင့်ပေးရေး ဆောင်ရွက်မည်။

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့ရှိ ငါး၊ ပုစွန်ဈေး ဧရိယာတွင် နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိ ကြသော တရားဝင်မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) သက်တမ်းကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ တရားမဝင်လာရောက်အလုပ်လုပ် ကိုင်နေ သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအားလုံးကို အရေးယူခြင်းမပြုရန်နှင့် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသမှုခံယူခွင့်ပေးရန် ထိုင်းနိုင်ငံအစိုးရမှ ကူညီဆောင်ရွက်ပေးရေးအတွက် မြန်မာသံရုံး၊ တာဝန်ရှိသူများ က ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားပြီဖြစ်ကြောင်း သိရသည်။

စမွတ်စခွန်ခရိုင်အတွင်း ရောဂါအခြေအနေများကြောင့် ဝင်/ထွက်ခွင့် ကန့်သတ်ခံနေရသည့် မြန်မာ အလုပ်သမား ၄,ဝ၀ဝ ကျော်အတွက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်နေသည့် အဖွဲ့အစည်း များ၊ မြန်မာလုပ်ငန်းရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် အစားအစာများကို ထောက်ပံ့ပေးခဲ့ပြီး မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ်ကိုင်ဆောင်သူ အလုပ်သမားများအနက် အထောက်အထားရှိသူများကို သာမန် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်ရေးအတွက် ဖွင့်လှစ်ထားသည့် မဟာချိုင်ရှိ ယာယီအချက်အလက်ကောက်ယူရေးစခန်း(Data Collection Center)ကိုလည်း COVID-19 ကျန်းမာရေးညွှန်ကြားချက်များနှင့် အညီ အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေး နိုင်ရန် ဆွေးနွေးခဲ့ပြီးဖြစ်သည်။

ထို့ပြင် COVID-19 ရောဂါ ကူးစက်ခံရသည့် လူနာတွေ့ရှိမှုကြောင့် ရောဂါရှိသူနှင့်ဆက်စပ်သည့် နိုင်ငံ ခြားသားရွှေ့ပြောင်းအလုပ်သမားများကို ရောဂါရှိ/မရှိ ထိုင်းအစိုးရက အခမဲ့စစ်ဆေး ပေးရာတွင် မြန်မာအလုပ် သမားများအနေဖြင့် တရားဝင်အထောက်အထား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နီးစပ်ရာဆေးရုံ သို့မဟုတ် ကျန်းမာရေးဌာနများသို့ သွားရောက် ဆေးစစ်မှု ခံယူရန်နှင့် ထိုင်းနိုင်ငံမှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာပူးပေါင်း ပါဝင်ဆောင်ရွက်ရန် မြန်မာသံရုံးနှင့် အလုပ်သမားသံအရာရှိရုံးမှ တာဝန်ရှိ သူများက လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် တိုက်တွန်းပြောကြားမှုများ ပြုလုပ်လျက်ရှိသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ အကျိုးကာကွယ် စောင့်ရှောက် ရေးကို နိုင်ငံတော်၏ ဦးစားပေးကဏ္ဍတစ်ရပ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယခုဖြစ်စဉ်နှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အရေးကိစ္စနှင့်စပ်လျဉ်း၍ မြန်မာသံရုံးမှတစ်ဆင့် ထိုင်းနိုင်ငံ၊ အလုပ်သမား ဝန်ကြီးဌာန၊ စမွတ်စခွန်ခရိုင်ရှိ တာဝန်ရှိသူများနှင့် စဉ်ဆက် မပြတ် ဆက်သွယ်လျက် ဝင်/ထွက်ခွင့် ကန့်သတ်ခံနေရသည့် မြန်မာအလုပ်သမားများအတွက် လိုအပ်သည် များကို ဆက်လက်ကူညီဆောင်ရွက်ပေးသွားရန်နှင့် သံရုံးတာဝန်ရှိသူများမှလည်း အခါအားလျော်စွာ သွားရောက် တွေ့ဆုံအားပေးမှုများ ပြုလုပ်သွားရန် ညွှန်ကြားထားကြောင်း သိရသည်။

myotaw.news

Read times
Rate this item
(0 votes)