Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်ဈေး ထက်ဝက်ခန့်ကျဆင်းမှုကြောင့် တောင်သူများအဆင်မပြေဖြစ်

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်အတွင်း ကြက်သွန်ဈေးနှုန်းထက်ဝက်ခန့် ကျဆင်းလာပြီး စိုက်ပျိုးရာတွင်

ကုန်ကျစရိတ် များပြားသောကြောင့် ကြက်သွန်စိုက်တောင်သူများ အခက်အခဲကြုံနေကြောင်း သိရပါတယ်။

 

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်၊ ဒေသထွက်ကြက်သွန်ဈေးမှာ တစ်ပိဿာငွေကျပ် ၁၂၀၀ မှ ၁၃၀၀ အထိ ရှိခဲ့သော်လည်း ယနေ့အထိ ပေါက်ဈေးမှာ ငွေကျပ် ၇၀၀ မှ ၈၀၀ အထိသာ ဈေးရှိပြီး ကြက်သွန်သစ်များ လှိုင်လှိုင်ပေါ်ထွက်လာသဖြင့် ဒေသထွက် ကြက်သွန်ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း သိရပါတယ်။

 

မလှိုင်မြို့နယ်ရှိ ဒေသခံတောင်သူများက ပြီးခဲ့သည့်နှစ် မိုးရာသီကုန်ဆုံးချိန်တွင် ဒေသတွင်း၌ ကြက်သွန်ကို စတင်စိုက်ပျိုးကြကာ ယခုနှစ် ဇန်န၀ါရီလတွင် ဈေးကွက်ဝင် ကြက်သွန်များ စတင်ထွက်ရှိလာခြင်းဖြစ်ပြီး ဧပြီလအထိ ကြက်သွန်သစ်များ ဆက်လက်ထွက်ရှိနေမည်ဖြစ်ရာ ဈေးများ ဆက်လက်ကျဆင်းသွား ပါက တောင်သူများအခက်ကြုံနိုင်သဖြင့် တည်ငြိမ်သော ကြက်သွန်ဈေးကွက်ဖြစ်လာစေရန် လိုလားနေကြောင်း ဒေသခံတောင်သူများထံမှ သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Wednesday, 19 September 2018 11:18
Rate this item
(0 votes)