Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မျိုးစေ့ချကိရိယာဖြင့် နွေစပါး စိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်တွင် နွေစပါးကို စတင်စိုက်ပျိုးလျက်ရှိရာ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက စမ်းချောင်းကျေးရွာ ဦးစိန်လွင် လယ်ကွင်း၌

မြို့နယ်စိုက်ပျိုး‌‌ရေးဦးစီးဌာနမှ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုး‌ ပေးခဲ့ကြောင်း သိရသည်။
နွေးစပါးကို မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးရာတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်၊ နယ်မြေတာဝန်ခံ၊ စိုက်ပျိုးရေးဆိုင်ရာလူထုအခြေပြုလေ့လာမှုစခန်းတာဝန်ခံနှင့် ကွင်းဝန်ထမ်းများက မျိုးစေ့ချကိရိယာဖြင့် ရက်၉၀စပါးမျိုးအား ဦးစိန်လွင်၏ လယ် ငါးဧကပေါ်တွင် စိုက်ပျိုးပေးခဲ့ကြသည်။
ညောင်လေးပင်မြို့နယ်တွင် နွေစပါးကို ၂၉၀၃ ဧက စိုက်ပျိုးရန်လျာထားပြီး ယနေ့အထိ ဧက ၃၀၀ ကျော်အား စိုက်ပျိုးပြီးဖြစ်ကာ ပျိုးသက်နုကောက်ကွက်ကျဲ(SRI)၊ ဘောင်ပျိုး၊ ကောက်စိုက်စက် နှင့် မျိုးစေ့ချကိရိယာ စိုက်နည်းစနစ်များဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

MDN

Read times
Rate this item
(0 votes)