Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ (၂၉) သန်းကျော် ပိုမိုရရှိထား

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ (၁) ရက်မှ ဇူလိုင်လကုန်အထိ (၁၀) လအတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၆၃၅) သန်းကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ (၂၉) သန်းကျော် ပိုမိုရရှိထားကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

 

၂၀၁၇ -၂၀၁၈ ခုနှစ် အောက်တိုဘာမှ ဇူလိုင်လအထိ ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၆၀၅ ဒသမ ၆၂၃) သန်းရရှိထားပြီး ၂၀၁၈ -၂၀၁၉ ခုနှစ် ကာလတူ နှိုင်းယှဉ်ချက်အရ (၂၉ ဒသမ ၄၆၉) သန်း တိုးတက်လာတယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံမှထွက်ရှိတဲ့ ငါး၊ ပုစွန်၊ ကဏန်းမျိုးစုံကို ထိုင်း၊ တရုတ်၊ ဆော်ဒီ၊ ဂျပန် စတဲ့ နိုင်ငံပေါင်း (၄၀) ကျော်ကို တင်ပို့လျက်ရှိပြီး ငါးသလောက်၊ ကက်ကတစ်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးတန် စတဲ့အမျိုးအစား (၂၀) ကျော်ကို ပြည်ပသို့ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။

 

Noodles (Instant)  အသင့်စားခေါက်ဆွဲလုပ်ငန်းပေါင်း ၄၇ ခုကိုရှာရန်နှိပ်ပါ။

 

လက်ရှိ တရုတ်နိုင်ငံကို သဘာဝအတိုင်း ဖမ်းဆီးရမိတဲ့ ငါး၊ ပုစွန်များ တင်ပို့ခွင့်ရရှိထားပေမယ့်လည်း မွေးမြူရေး ငါး၊ ပုစွန်များကို အခုနှစ်မှာ တရုတ်ဘက်မှ အစားအသောက် ဘေးကင်းလုံခြုံမှုနဲ့ပတ်သက်ကာ တင်းကျပ်လိုက်ခြင်းကြောင့် တရုတ်သွင်းကုန်အဖွဲ့ GACC (General Administration of Custom of China) နဲ့ မချိတ်ဆက်ရသေးတဲ့ ငါး၊ ပုစွန်အမျိုးအစားအချို့ တင်ပို့ရန်အခက်အခဲရှိနေပါတယ်။

 

Noodles/Thin Wheat Noodles/Vermicelli  ဂျုံခေါက်ဆွဲနှင့် ကြာဇံလုပ်ငန်းပေါင်း ၁၈၀ ကိုရှာရန်နှိပ်ပါ။

 

မြန်မာနိုင်ငံအနေနဲ့ ပြည်ပသို့ ငါး၊ ပုစွန်အပါအဝင် ရေထွက်ကုန်ပစ္စည်း တင်ပို့နေတဲ့ ပမာဏက အိမ်နီးချင်းနိုင်ငံများမှ တင်ပို့နေတဲ့ပမာဏနဲ့ နှိုင်းယှဉ်ပါက အလွန်နည်းနေသေးကြောင်း၊ ဒါ့ကြောင့် တင်ပို့မှုပမာဏကို မြှင့်တင်ရာတွင် သဘာဝမှ ဖမ်းဆီးရောင်းချခြင်းထက် မွေးမြူရေးစနစ်များ ကောင်းမွန်အောင်ဆောင်ရွက်ကာ တင်ပို့သင့်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

 

Read More >>>>>  တရုတ်နိုင်ငံသို့ တင်ပို့ရန် ဆန်ကွဲတန်ချိန် ၅ဝဝဝ ခန့် ကျန်ရှိနေ


Source: Eleven Media

Read times Last modified on Wednesday, 28 August 2019 14:20
Rate this item
(0 votes)