Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လယ်ယာစီးပွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီအစည်းအဝေးကျင်းပ

လယ်ယာစီးပွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် ညီနောင်အသင်းများနှင့် အသင်းဝင်များ၏ လိုအပ်ချက်များကို

စုစည်းပေါင်းစည်းညှိနှိုင်း၍ နိုင်ငံတော်အစိုးရသို့ အကြံပြုတင်ပြခြင်း၊ ညှိနှိုင်း ဆောင်ရွက်ခြင်းများဆောင်ရွက်လျက်ရှိပါသည်။
ယနေ့ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် လယ်ယာစီးပွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဦးရဲမင်းအောင်နှင့် ကော်မတီအဖွဲ့ဝင်များမှ ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများ၊ COVID-19 ကာလတွင် တောင်သူလယ်သမားချေးငွေရရှိရေး၊ မိုးတွင်း စီးပွားရေးကုစားရေးအစီအစဉ်နှင့် အကျုံးဝင်သော ချေးငွေများ၊ စိုက်ပျိုးရေးအခြေခံသည့် စားသောက်ကုန်ထုတ်လုပ်ငန်းများ၊ ၊ ပြောင်းလုပ်ငန်းများအတွက် သက်သာသည့်ဈေးနှုန်းဖြင့် ဆောင်ရွက်သွားရန်ကိစ္စရပ်များ ၊ ဆန်စပါးနှင့် ဆီထွက်သီးနှံများ အတွက်လိုအပ်သည့် အခြောက်ခံစက်နှင့် သိုလှောင်ရုံအတွက် စီစဉ်ဆောင်ရွက်လျက်ရှိမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ကော်မတီဝင်များမှ ၎င်းတို့၏ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ တင်ပြချက်များ၊ အကြံပြုချက်များ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။


ကုန်သည်စက်မှုအသင်းချုပ် ( UMFCCI)

Read times
Rate this item
(0 votes)