Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယနိုင်ငံမှ လာမည့်ဘဏ္ဍာနှစ်အတွက် မတ်ပဲတန်ချိန်လေးသိန်း တင်သွင်းခွင့်ပြု

Unicode >>>>>

အိန္ဒိယနိုင်ငံမှ လာမည့်ဘဏ္ဍာနှစ်အတွက် မတ်ပဲတန်ချိန်လေးသိန်း တင်သွင်းခွင့်ပြု


လာမည့်ဘဏ္ဍာနှစ် ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် အိန္ဒိယနိုင်ငံက မတ်ပဲ တန်ချိန်လေးသိန်း တင်သွင်းခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။


အခုလို မတ်ပဲ တန်ချိန်လေးသိန်း တင်သွင်းခွင့်ပြုခြင်းမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ အိန္ဒိယသမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်တွင် မြန်မာနိုင်ငံမှ မတ်ပဲ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်းတန်ချိန် လေးသိန်းအထိ တိုးမြှင့်ဝယ်ယူရန် မေတ္တာရပ်ခံမှုအပေါ် အိန္ဒိယနိုင်ငံအနေဖြင့် တုံ့ပြန်သည့်သဘောဖြစ်သည့်အပြင် အိန္ဒိယနိုင်ငံအနေဖြင့်လည်း မတ်ပဲလိုအပ်ချက်ရှိသောကြောင့် တင်သွင်းခွင့်ပြုခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။


Drinking Water သောက်ရေသန့်လုပ်ငန်းများ (၉၆၉) ခုကိုရှာရန်နှိပ်ပါ။


အိန္ဒိယမှ မတ်ပဲတန်ချိန်လေးသိန်း တင်သွင်းခွင့်ပြုခြင်းသည် ယခုနှစ်ပဲပေါ်ချိန်နှင့် လာမည့်နှစ်ပဲပေါ်ချိန် တောင်သူများအတွက် ပဲဈေးကွက် အလားအလာကောင်းကြောင်း ပဲကုန်သည်များက ပြောသည်။ ထို့ပြင် မတ်ပဲတန်ချိန်လေးသိန်း တင်သွင်းခွင့်ပြုသည့် ထုတ်ပြန်ချက်ထွက်ပြီးနောက် မတ်ပဲဈေး အထိုက်အလျောက် တက်လာကာ ဈေးကွက်အတွင်း မတ်ပဲတစ်တန်လျှင် ကျပ်ကိုးသိန်းခွဲခန့်ရှိကြောင်း သိရသည်။


၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြည်တွင်းရှိ ပဲခွဲစက်နှင့် ပဲသန့်စင်မှုလုပ်ငန်း ဆောင်ရွက်သူများကသာ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) က သတ်မှတ်သည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ မတ်ပဲတင်သွင်းခွင့်ခွဲတမ်း လျှောက်ထားနိုင်ကြောင်း အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ကူးသန်းရောင်းဝယ်ရေးဌာနက မတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။


ထို့ပြင် မတ်လ ၁၉ ရက်ကလည်း ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) အနေဖြင့် ကုန်သွယ်ရေးအသိပေးချက် အမှတ် ၅၆/၂၀၁၉၀-၂၀၂၀ နှင့် ၅၇/၂၀၁၉-၂၀၂၀ တို့ကို ထပ်ဆင့်ထုတ်ပြန်ခဲ့ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် တင်သွင်းခွင့်ပြုသည့် မတ်ပဲတန်ချိန် လေးသိန်းသည် ယခုနှစ် မေ ၁ ရက်မှ လာမည့် ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်အတွင်းသာ တင်သွင်းရန် အကျုံးဝင်ကြောင်း ဖော်ပြထားသည်။


Read More >>>>>    အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်သွားမည်


သို့ဖြစ်၍ ပြည်တွင်းရှိ ပဲခွဲစက်နှင့် ပဲသန့်စင်မှုလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် မတ် ၂၀ ရက်မှ ၃၁ ရက်အတွင်း DGFT၏ အင်တာနက်စာမျက်နှာမှတဆင့် ကိုတာလျှောက်လွှာများ တင်သွင်းနိုင်ကြောင်း၊ မတ်ပဲတင်သွင်းခွင့်ရရှိသည့် ကုမ္ပဏီများသည် အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းသို့ လာမည့် ၂၀၂၁ ခုနှစ် မတ် ၃၁ ရက် အရောက်တင်သွင်းရမည်ဖြစ်ပြီး ၎င်းမတ်ပဲများတင်သွင်းရန် အချိန်တိုးမြှင့်တောင်းခံခြင်းကို လက်ခံဆောင်ရွက်မည်မဟုတ်ကြောင်း သိရသည်။


Source: The Mirror

 

 Home Page Food

Zawgyi >>>>>

 

အိႏၵိယႏိုင္ငံမွ လာမည့္ဘ႑ာႏွစ္အတြက္ မတ္ပဲတန္ခ်ိန္ေလးသိန္း တင္သြင္းခြင့္ျပဳ

 

လာမည့္ဘ႑ာႏွစ္ ၂၀၂၀-၂၀၂၁ ခုႏွစ္အတြက္ အိႏိၵယႏုိင္ငံက မတ္ပဲ တန္ခ်ိန္ေလးသိန္း တင္သြင္းခြင့္ျပဳခဲ့ေၾကာင္း ျမန္မာႏုိင္ငံ ပဲမ်ိဳးစံုႏွင့္ ႏွမ္းကုန္သည္မ်ားအသင္းမွ အတြင္းေရးမွဴး ဦးမင္းကိုဦးက ေျပာသည္။

 

အခုလုိ မတ္ပဲ တန္ခ်ိန္ေလးသိန္း တင္သြင္းခြင့္ျပဳျခင္းမွာ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလကုန္ပိုင္းက ႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္၏ အိႏိၵယသမၼတႏုိင္ငံ ခ်စ္ၾကည္ေရးခရီးစဥ္တြင္ ျမန္မာႏုိင္ငံမွ မတ္ပဲ၊ ပဲစဥ္းငံု၊ ပဲတီစိမ္းတန္ခ်ိန္ ေလးသိန္းအထိ တုိးျမွင့္ဝယ္ယူရန္ ေမတၱာရပ္ခံမႈအေပၚ အိႏိၵယႏုိင္ငံအေနျဖင့္ တုံ႔ျပန္သည့္သေဘာျဖစ္သည့္အျပင္ အိႏိၵယႏုိင္ငံအေနျဖင့္လည္း မတ္ပဲလုိအပ္ခ်က္ရွိေသာေၾကာင့္ တင္သြင္းခြင့္ျပဳျခင္းျဖစ္ေၾကာင္း ၎ကေျပာသည္။

 

Drinking Water ေသာက္ေရသန္႔လုပ္ငန္းမ်ား (၉၆၉) ခုကိုရွာရန္ႏွိပ္ပါ။

 

အိႏိၵယမွ မတ္ပဲတန္ခ်ိန္ေလးသိန္း တင္သြင္းခြင့္ျပဳျခင္းသည္ ယခုႏွစ္ပဲေပၚခ်ိန္ႏွင့္ လာမည့္ႏွစ္ပဲေပၚခ်ိန္ ေတာင္သူမ်ားအတြက္ ပဲေစ်းကြက္ အလားအလာေကာင္းေၾကာင္း ပဲကုန္သည္မ်ားက ေျပာသည္။ ထုိ႔ျပင္ မတ္ပဲတန္ခ်ိန္ေလးသိန္း တင္သြင္းခြင့္ျပဳသည့္ ထုတ္ျပန္ခ်က္ထြက္ၿပီးေနာက္ မတ္ပဲေစ်း အထိုက္အေလ်ာက္ တက္လာကာ ေစ်းကြက္အတြင္း မတ္ပဲတစ္တန္လွ်င္ က်ပ္ကိုးသိန္းခြဲခန္႔ရွိေၾကာင္း သိရသည္။

 

၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္အတြက္ ျပည္တြင္းရွိ ပဲခြဲစက္ႏွင့္ ပဲသန္႔စင္မႈလုပ္ငန္း ေဆာင္ရြက္သူမ်ားကသာ ျပည္ပကုန္သြယ္ေရးညႊန္ၾကားမႈဦးစီးဌာန (DGFT) က သတ္မွတ္သည့္ လုပ္ထံုးလုပ္နည္းမ်ားႏွင့္အညီ မတ္ပဲတင္သြင္းခြင့္ခြဲတမ္း ေလွ်ာက္ထားႏုိင္ေၾကာင္း အိႏိၵယႏုိင္ငံ ကူးသန္းေရာင္းဝယ္ေရးႏွင့္ စက္မႈဝန္ႀကီးဌာနရွိ ကူးသန္းေရာင္းဝယ္ေရးဌာနက မတ္လ ၁၇ ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည္။

 

ထုိ႔ျပင္ မတ္လ ၁၉ ရက္ကလည္း ျပည္ပကုန္သြယ္ေရးညႊန္ၾကားမႈဦးစီးဌာန (DGFT) အေနျဖင့္ ကုန္သြယ္ေရးအသိေပးခ်က္ အမွတ္ ၅၆/၂၀၁၉၀-၂၀၂၀ ႏွင့္ ၅၇/၂၀၁၉-၂၀၂၀ တုိ႔ကုိ ထပ္ဆင့္ထုတ္ျပန္ခဲ့ရာ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္အတြက္ တင္သြင္းခြင့္ျပဳသည့္ မတ္ပဲတန္ခ်ိန္ ေလးသိန္းသည္ ယခုႏွစ္ ေမ ၁ ရက္မွ လာမည့္ ၂၀၂၁ ခုႏွစ္ မတ္ ၃၁ ရက္အတြင္းသာ တင္သြင္းရန္ အက်ံဳးဝင္ေၾကာင္း ေဖာ္ျပထားသည္။

 

Read More >>>>>    အေျခခံစားေသာက္ကုန္ႏွင့္ လူသုံးကုန္ပစၥည္းမ်ား ေဈးႏႈန္းတည္ၿငိမ္ေရး ပူးေပါင္းေဆာင္ရြက္သြားမည္

 

သုိ႔ျဖစ္၍ ျပည္တြင္းရွိ ပဲခြဲစက္ႏွင့္ ပဲသန္႔စင္မႈလုပ္ငန္း လုပ္ကိုင္သူမ်ားအေနျဖင့္ မတ္ ၂၀ ရက္မွ ၃၁ ရက္အတြင္း DGFT၏ အင္တာနက္စာမ်က္ႏွာမွတဆင့္ ကိုတာေလွ်ာက္လႊာမ်ား တင္သြင္းႏုိင္ေၾကာင္း၊ မတ္ပဲတင္သြင္းခြင့္ရရွိသည့္ ကုမၸဏီမ်ားသည္ အိႏိၵယႏုိင္ငံရွိ ဆိပ္ကမ္းသို႔ လာမည့္ ၂၀၂၁ ခုႏွစ္ မတ္ ၃၁ ရက္ အေရာက္တင္သြင္းရမည္ျဖစ္ၿပီး ၎မတ္ပဲမ်ားတင္သြင္းရန္ အခ်ိန္တိုးျမွင့္ေတာင္းခံျခင္းကုိ လက္ခံေဆာင္ရြက္မည္မဟုတ္ေၾကာင္း သိရသည္။

 

Source: The Mirror

Read times Last modified on Saturday, 21 March 2020 14:11
Rate this item
(0 votes)