Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စိုက်ပျိုး မွေးမြူရေး စနစ် ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ကမ္ဘာ့ဘဏ် မှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချေးငွေ ရယူမည်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်မည့်

မြန်မာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုး မွေးမြူရေး စနစ် ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ကမ္ဘာ့ဘဏ် အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးရေး အဖွဲ့၏ ၁၈ ကြိမ်မြောက် ရန်ပုံငွေ ဖြည့်တင်းမှု အစီအစဉ် (IDA-18)ထံမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချေးငွေ ရယူရန် ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်း အဝေးက အတည်ပြုခဲ့သည်။

အဆိုပါ စီမံကိန်းနှင့် ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော် က “ဒေသနဲ့ သင့်လျော်တဲ့ ဈေးကွက်ဝင် အရည်အသွေးကောင်း အထွက်ကောင်း သီးနှံမျိုးသစ်တွေ၊ နည်းပညာ သုတေသနတွေ၊ အစားအသောက်ဆိုင်ရာ သုတေသန လုပ်ငန်းစဉ်တွေ၊ အပင် ကျန်းမာရေး ဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်သွားဖို့ ပါရှိပြီး ဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းစဉ် တွေအရ ဒေသအလိုက် သုတေသန ခြံတွေကို အဆင့်မြှင့်တင်ခြင်း၊ သုတေသန စင်တာများ တည်ထောင်ခြင်း၊ သုတေသန ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်း၊ တောင်သူတွေ ပူးပေါင်း ပါဝင်တဲ့ သုတေသန လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ခြင်းများ ပါဝင်တယ်၊ အလားတူ မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုနှင့် စပ်လျဉ်းပြီး နယ်စပ်ဒေသအလိုက် ကျွဲနွား ဈေးကွက် တည်ထောင်ရေး လုပ်ငန်းတွေမှာ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဇုန်များ တည်ဆောက်သွားဖို့ အစီအစဉ်တွေ ပါရှိပြီး ဖြစ်ပါတယ်” ဟု အစည်းအဝေး၌ ရှင်းလင်း ဖြေကြားခဲ့သည်။

သီးနှံစိုက်ပျိုးရေးကဏ္ဍမှာ ဒေသအလိုက် ဖြစ်ထွန်းသည့် သီးနှံများ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက် ရေးနှင့် အတူ ရိတ်သိမ်းချိန်လွန်ကာလ အရည်အသွေး ထိန်းသိမ်းခြင်း၊ နည်းပညာများ ပံ့ပိုးပေးမှု၊ တန်ဖိုး ကွင်းဆက် (Value chains) အစုအဖွဲ့များ ဖွဲ့စည်းပြီး ဈေးကွက်နှင့် ချိတ်ဆက်မယ့် အစီအမံများလည်း ဆောင်ရွက်ထားကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်မှာ အဓိကကျသည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သော သီးနှံများ၏ တန်ဖိုး ကွင်းဆက်တစ်လျှောက် လိုအပ်သော ISO ဓာတ်ခွဲခန်းများ အပါအဝင် အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်း၊ ပို့ကုန်အရည်အသွေးနှင့် စံချိန် စံညွှန်း ထောက်ခံချက်ကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ် ၊ ပြုပြင် ထုတ်လုပ်ခြင်း၊ သိုလှောင်ရုံများနှင့် နည်းပညာပေးဌာနများ တည်ထောင်ရေး လုပ်ငန်းစဉ် တို့ပါဝင်ပြီး သီးနှံနှင့် လယ်ယာထုတ်ကုန်များ ဈေးကွက်ပျောက်နေသည့် အခြေအနေကို ပြန်လည် ကုစားနိုင်မည် ဖြစ်ကြောင်း၊ ဈေးကွက်ဖော်ဆောင်ရေးအတွက် ကုန်သွယ်ဖက်နိုင်ငံများနှင့် ညှိနှိုင်း ဆောင်ရွက်ထားသော အစီအမံများ ပါရှိကြောင်း၊ နိုင်ငံအချင်းချင်း ကျွဲနွား ကျန်းမာရေး စစ်ဆေး ခြင်း သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးထားပြီး ဖြစ်သောကြောင့် စီမံကိန်း လုပ်ငန်း စဉ်နှင့် ချိတ်ဆက်ပြီး ရောဂါ ကာကွယ်ထိန်းချုပ်ရေးများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လိုအပ် သည့် အအေးခန်း တည်ဆောက်မှုအစီအစဉ်များ ပါရှိကြောင်း၊ တိရစ္ဆာန်ရောဂါ ကာကွယ် ထိန်းချုပ် ရေး အတွက် လိုအပ်သည့် ရောဂါ ကာကွယ်ဆေးများ ဖြည့်ဆည်းမှုနှင့်အတူ တစ်နိုင်တစ်ပိုင်မှ သည် စီးပွားဖြစ် ထုတ်လုပ်နိုင်သည်အထိ ရည်မှန်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ရှင်းလင်း ဖြေကြားခဲ့သည်။

ထို့အပြင် COVID-19 ရောဂါကြောင့် ထိခိုက်မှုများအား ကုစားမှု အစီအစဉ်တစ်ရပ်အဖြစ် ရွှေ့ပြောင်းရောက်ရှိလာသူတွေ အပါအဝင် ပြည်သူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် Cash for Work အစီအမံများလည်း ပါဝင်ကြောင်း၊ နိုင်ငံအတွင်း တည် ဆောက်ပြီး ဆည်ရေသောက်စနစ် များတွင် ရှိသော ရေ လက်တံခွဲမြောင်းများ၊ ရေနုတ် မြောင်းငယ်များ ပြန်လည် တူးဖော်ခြင်းနှင့် ရေဘေး ကာကွယ်ရေး တာတမံများ၊ ရေငန်တား တာတမံများ ကြံ့ခိုင်မှု ရှိစေဖို့ ဆောင်ရွက်မည့် လုပ်ငန်းများတွင် Cash for Work လုပ်ငန်း အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လယ်ယာ ကုန်ထုတ် လုပ်ငန်း၌ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ကန်ထရိုက်စနစ် လယ်ယာများ အကောင် အထည်ဖော်ခြင်း၊ မျိုးစေ့ ထုတ်လုပ်ခြင်း စသည့် လုပ်ငန်းများတွင် ဌာနေပြန် လုပ်သားများနှင့် ဒေသနေ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရရှိစေမှာ ဖြစ်ကြောင်း လည်း ဒုတိယ ဝန်ကြီး ဖြည့်စွက် ပြောကြားခဲ့သည်။

“တိုင်းပြည်ထုတ်ကုန်ရဲ့ ၂၅ ရာခိုင်နှုန်းကို ဖန်တီးပေးထားတဲ့ လယ်ယာကဏ္ဍကြီးမှာ ပိုမို တိုးတက် နိုင်ဖို့အတွက် အခုလို လိုအပ်တဲ့ ငွေကြေးအရင်းအနှီး မြှုပ်နှံမှုများ စီမံ ဆောင်ရွက်ရခြင်းဖြစ်ပါ တယ်၊ အဆိုပြု စီမံကိန်း အနေနဲ့ COVID-19 CERP Component လေးခုနဲ့ ဆက်စပ်မှုလည်း ရှိပြီး ယခုစီမံကိန်းပါ လုပ်ငန်းရပ်များဟာ CERP လုပ်ငန်းရပ်များတွင် ပါဝင်သည့် သတင်းအချက် အလက်များ ဖြန့်ဝေပေးရေး၊ ဈေးကွက် ချိတ်ဆက်နိုင်ရေးနှင့် ထုတ်ကုန် တိုးမြှင့် ထုတ်လုပ်နိုင် ရေး၊ COVID-19 အလွန်ကာလ ပြန်လည် ထူထောင်ရေးအတွက် ကျေးလက်ဒေသ Cash for work အစီအစဉ်များ၊ ဝင်ငွေရမည့် အလုပ်အကိုင်များ ဖန်တီးပေးခြင်း လုပ်ငန်းတွေနဲ့ ချိတ်ဆက်မှု ရှိပါတယ်” ဟုလည်း ဒုတိယ ဝန်ကြီးက ရှင်းလင်း ဖြေကြားခဲ့သည်။

ယခု စီမံကိန်း အစပြုစဉ်က အမေရိကန်ဒေါ်လာ ၈၅ သန်း ချေးယူရရှိရေးဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး လိုအပ်သည့် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုကို ၂၀၁၉ ဇူလိုင်လမှ ဒီဇင်ဘာ လအတွင်း ဆောင်ရွက်ခဲ့ကြောင်း၊ COVID-19 အခြေအနေအရ ချေးငွေ ပမာဏ သန်း ၂၀၀ အထိ တိုးမြှင့်ပေးဖို့ ကမ်းလှမ်းလာသောကြောင့် မူလ စီမံကိန်း ရည်မှန်းချက်တွေ အပေါ် အခြေပြုပြီး COVID-19 အပေါ် လတ်တလောနှင့် ရေရှည် ကုစားနိုင်မယ့် နည်းလမ်းများ တိုးချဲ ့ဆောင်ရွက် နိုင်ဖို့အတွက် ယခုကဲ့သို့ ဆောင်ရွက်လာ ရခြင်းဖြစ်ကြောင်း၊ ယခု စီမံကိန်းကို ဆောင်ရွက်ခြင်း အားဖြင့် နိုင်ငံအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များ ပိုမို တိုးတက် ထုတ်လုပ်လာ နိုင်မှာ ဖြစ်ကြောင်း၊ ဒေသ ရေမြေနှင့် ကိုက်ညီမည့် သီးနှံ အမယ်စုံ တိုးချဲ ့စိုက်ပျိုးနိုင်မှု အပေါ် များစွာ အထောက်အကူပြုနိုင်မှာ ဖြစ်ကြောင်း၊ တန်ဖိုးကွင်းဆက် Value Chains ဖွံ့ဖြိုး တိုးတက် ခြင်းဆိုင်ရာ လုပ်ငန်းများဟာ လည်း လိုက်လျောညီထွေ ဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်ကြောင်း၊ တောင်သူများ ပါဝင်သည့် သီးနှံ တန်ဖိုးကွင်းဆက် အစုအဖွဲ့များ အနေဖြင့် ထုတ်ကုန်များကို သင့်လျော်သည့် ဈေးဖြင့် ရောင်းချနိုင်သည့် စွမ်းရည်မြင့်မားလာကာ ဝင်ငွေ တိုးပွားလာနိုင် ကြောင်း၊ အစုအဖွဲ့များအနေဖြင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်လာနိုင်ပြီး ပိုင်ဆိုင်မှုများ ရရှိလာကာ ခိုင်မာသည့် ဈေးကွက် ရရှိစေသည့် အကျိုး ကျေးဇူးများ ရရှိနိုင်ကြောင်း၊ COVID-19 ရောဂါကြောင့် နိုင်ငံ စီးပွား ထိခိုက်ရမှုများကို ကုစား နိုင်ခွင့်သာ မကဘဲ COVID-19 အလွန် ကာလအတွက် လယ်ယာ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းတွေ ဖွံ့ဖြိုးလာစေရန် များစွာ အထောက်အပံ့ ရရှိမှာ ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ရှင်းလင်း ဖြေကြားခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်ရန်မရှိ သဘောတူ အတည်ပြုခဲ့ ခြင်း ဖြစ်သည်။

(Xinhua)

 

စိုက္ပ်ိဳး ေမြးျမဴေရး စနစ္ ဖြံ႕ၿဖိဳးေရး စီမံကိန္းအတြက္ ကမာၻ႔ဘဏ္ မွ အေမရိကန္ေဒၚလာ သန္း ၂၀၀ ေခ်းေငြ ရယူမည္

စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာနက တာဝန္ယူ ေဆာင္႐ြက္မည့္ ျမန္မာ့ စားနပ္ရိကၡာႏွင့္ စိုက္ပ်ိဳး ေမြးျမဴေရး စနစ္ ဖြံ႕ၿဖိဳးေရး စီမံကိန္းအတြက္ ကမာၻ႔ဘဏ္ အျပည္ျပည္ ဆိုင္ရာ ဖြံ႕ၿဖိဳးေရး အဖြဲ႕၏ ၁၈ ႀကိမ္ေျမာက္ ရန္ပုံေငြ ျဖည့္တင္းမႈ အစီအစဥ္ (IDA-18)ထံမွ အေမရိကန္ေဒၚလာ သန္း ၂၀၀ ေခ်းေငြ ရယူရန္ ျပည္ေထာင္စု လႊတ္ေတာ္ ယေန႔ အစည္း အေဝးက အတည္ျပဳခဲ့သည္။

အဆိုပါ စီမံကိန္းႏွင့္ ပတ္သက္ၿပီး စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီး ဦးလွေက်ာ္ က “ေဒသနဲ႔ သင့္ေလ်ာ္တဲ့ ေဈးကြက္ဝင္ အရည္အေသြးေကာင္း အထြက္ေကာင္း သီးႏွံမ်ိဳးသစ္ေတြ၊ နည္းပညာ သုေတသနေတြ၊ အစားအေသာက္ဆိုင္ရာ သုေတသန လုပ္ငန္းစဥ္ေတြ၊ အပင္ က်န္းမာေရး ဆိုင္ရာ သုေတသနလုပ္ငန္းမ်ား ေဆာင္႐ြက္သြားဖို႔ ပါရွိၿပီး ျဖစ္ပါတယ္။ အဆိုပါ လုပ္ငန္းစဥ္ ေတြအရ ေဒသအလိုက္ သုေတသန ၿခံေတြကို အဆင့္ျမႇင့္တင္ျခင္း၊ သုေတသန စင္တာမ်ား တည္ေထာင္ျခင္း၊ သုေတသန ဓာတ္ခြဲခန္းမ်ား အဆင့္ျမႇင့္တင္ျခင္း၊ ေတာင္သူေတြ ပူးေပါင္း ပါဝင္တဲ့ သုေတသန လုပ္ငန္းစဥ္ေတြ အေကာင္အထည္ေဖာ္ျခင္းမ်ား ပါဝင္တယ္၊ အလားတူ ေမြးျမဴေရး က႑ ဖြံ႕ၿဖိဳး တိုးတက္မႈႏွင့္ စပ္လ်ဥ္းၿပီး နယ္စပ္ေဒသအလိုက္ ကြၽဲႏြား ေဈးကြက္ တည္ေထာင္ေရး လုပ္ငန္းေတြမွာ ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ေရး ဇုန္မ်ား တည္ေဆာက္သြားဖို႔ အစီအစဥ္ေတြ ပါရွိၿပီး ျဖစ္ပါတယ္” ဟု အစည္းအေဝး၌ ရွင္းလင္း ေျဖၾကားခဲ့သည္။

သီးႏွံစိုက္ပ်ိဳးေရးက႑မွာ ေဒသအလိုက္ ျဖစ္ထြန္းသည့္ သီးႏွံမ်ား စိုက္ပ်ိဳး ထုတ္လုပ္မႈ တိုးတက္ ေရးႏွင့္ အတူ ရိတ္သိမ္းခ်ိန္လြန္ကာလ အရည္အေသြး ထိန္းသိမ္းျခင္း၊ နည္းပညာမ်ား ပံ့ပိုးေပးမႈ၊ တန္ဖိုး ကြင္းဆက္ (Value chains) အစုအဖြဲ႕မ်ား ဖြဲ႕စည္းၿပီး ေဈးကြက္ႏွင့္ ခ်ိတ္ဆက္မယ့္ အစီအမံမ်ားလည္း ေဆာင္႐ြက္ထားေၾကာင္း၊ အဆိုပါ လုပ္ငန္းစဥ္မွာ အဓိကက်သည့္ လုပ္ငန္းစဥ္ တစ္ရပ္ျဖစ္ေသာ သီးႏွံမ်ား၏ တန္ဖိုး ကြင္းဆက္တစ္ေလွ်ာက္ လိုအပ္ေသာ ISO ဓာတ္ခြဲခန္းမ်ား အပါအဝင္ အေျခခံ အေဆာက္အအုံမ်ား တည္ေဆာက္ျခင္း၊ ပို႔ကုန္အရည္အေသြးႏွင့္ စံခ်ိန္ စံၫႊန္း ေထာက္ခံခ်က္ကို ႏိုင္ငံတကာ စံခ်ိန္စံၫႊန္းမ်ားႏွင့္ အညီ ေဆာင္႐ြက္ေပးမည့္ လုပ္ငန္းစဥ္ ၊ ျပဳျပင္ ထုတ္လုပ္ျခင္း၊ သိုေလွာင္႐ုံမ်ားႏွင့္ နည္းပညာေပးဌာနမ်ား တည္ေထာင္ေရး လုပ္ငန္းစဥ္ တို႔ပါဝင္ၿပီး သီးႏွံႏွင့္ လယ္ယာထုတ္ကုန္မ်ား ေဈးကြက္ေပ်ာက္ေနသည့္ အေျခအေနကို ျပန္လည္ ကုစားႏိုင္မည္ ျဖစ္ေၾကာင္း၊ ေဈးကြက္ေဖာ္ေဆာင္ေရးအတြက္ ကုန္သြယ္ဖက္ႏိုင္ငံမ်ားႏွင့္ ညႇိႏႈိင္း ေဆာင္႐ြက္ထားေသာ အစီအမံမ်ား ပါရွိေၾကာင္း၊ ႏိုင္ငံအခ်င္းခ်င္း ကြၽဲႏြား က်န္းမာေရး စစ္ေဆး ျခင္း သေဘာတူညီခ်က္ စာခ်ဳပ္ လက္မွတ္ေရးထိုးထားၿပီး ျဖစ္ေသာေၾကာင့္ စီမံကိန္း လုပ္ငန္း စဥ္ႏွင့္ ခ်ိတ္ဆက္ၿပီး ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးမ်ား ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း၊ လိုအပ္ သည့္ အေအးခန္း တည္ေဆာက္မႈအစီအစဥ္မ်ား ပါရွိေၾကာင္း၊ တိရစာၦန္ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ ေရး အတြက္ လိုအပ္သည့္ ေရာဂါ ကာကြယ္ေဆးမ်ား ျဖည့္ဆည္းမႈႏွင့္အတူ တစ္ႏိုင္တစ္ပိုင္မွ သည္ စီးပြားျဖစ္ ထုတ္လုပ္ႏိုင္သည္အထိ ရည္မွန္း ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္းလည္း ၎က ရွင္းလင္း ေျဖၾကားခဲ့သည္။

ထို႔အျပင္ COVID-19 ေရာဂါေၾကာင့္ ထိခိုက္မႈမ်ားအား ကုစားမႈ အစီအစဥ္တစ္ရပ္အျဖစ္ ေ႐ႊ႕ေျပာင္းေရာက္ရွိလာသူေတြ အပါအဝင္ ျပည္သူေတြရဲ႕ အလုပ္အကိုင္ အခြင့္အလမ္းမ်ား ဖန္တီးေပးႏိုင္မည့္ Cash for Work အစီအမံမ်ားလည္း ပါဝင္ေၾကာင္း၊ ႏိုင္ငံအတြင္း တည္ ေဆာက္ၿပီး ဆည္ေရေသာက္စနစ္ မ်ားတြင္ ရွိေသာ ေရ လက္တံခြဲေျမာင္းမ်ား၊ ေရႏုတ္ ေျမာင္းငယ္မ်ား ျပန္လည္ တူးေဖာ္ျခင္းႏွင့္ ေရေဘး ကာကြယ္ေရး တာတမံမ်ား၊ ေရငန္တား တာတမံမ်ား ႀကံ့ခိုင္မႈ ရွိေစဖို႔ ေဆာင္႐ြက္မည့္ လုပ္ငန္းမ်ားတြင္ Cash for Work လုပ္ငန္း အစီအစဥ္ျဖင့္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ လယ္ယာ ကုန္ထုတ္ လုပ္ငန္း၌ ပုဂၢလိက လုပ္ငန္းရွင္မ်ားႏွင့္ ပူးေပါင္းၿပီး ကန္ထ႐ိုက္စနစ္ လယ္ယာမ်ား အေကာင္ အထည္ေဖာ္ျခင္း၊ မ်ိဳးေစ့ ထုတ္လုပ္ျခင္း စသည့္ လုပ္ငန္းမ်ားတြင္ ဌာေနျပန္ လုပ္သားမ်ားႏွင့္ ေဒသေန ျပည္သူမ်ားအတြက္ အလုပ္အကိုင္ အခြင့္အလမ္းမ်ား ဖန္တီးရရွိေစမွာ ျဖစ္ေၾကာင္း လည္း ဒုတိယ ဝန္ႀကီး ျဖည့္စြက္ ေျပာၾကားခဲ့သည္။

“တိုင္းျပည္ထုတ္ကုန္ရဲ႕ ၂၅ ရာခိုင္ႏႈန္းကို ဖန္တီးေပးထားတဲ့ လယ္ယာက႑ႀကီးမွာ ပိုမို တိုးတက္ ႏိုင္ဖို႔အတြက္ အခုလို လိုအပ္တဲ့ ေငြေၾကးအရင္းအႏွီး ျမႇဳပ္ႏွံမႈမ်ား စီမံ ေဆာင္႐ြက္ရျခင္းျဖစ္ပါ တယ္၊ အဆိုျပဳ စီမံကိန္း အေနနဲ႔ COVID-19 CERP Component ေလးခုနဲ႔ ဆက္စပ္မႈလည္း ရွိၿပီး ယခုစီမံကိန္းပါ လုပ္ငန္းရပ္မ်ားဟာ CERP လုပ္ငန္းရပ္မ်ားတြင္ ပါဝင္သည့္ သတင္းအခ်က္ အလက္မ်ား ျဖန္႔ေဝေပးေရး၊ ေဈးကြက္ ခ်ိတ္ဆက္ႏိုင္ေရးႏွင့္ ထုတ္ကုန္ တိုးျမႇင့္ ထုတ္လုပ္ႏိုင္ ေရး၊ COVID-19 အလြန္ကာလ ျပန္လည္ ထူေထာင္ေရးအတြက္ ေက်းလက္ေဒသ Cash for work အစီအစဥ္မ်ား၊ ဝင္ေငြရမည့္ အလုပ္အကိုင္မ်ား ဖန္တီးေပးျခင္း လုပ္ငန္းေတြနဲ႔ ခ်ိတ္ဆက္မႈ ရွိပါတယ္” ဟုလည္း ဒုတိယ ဝန္ႀကီးက ရွင္းလင္း ေျဖၾကားခဲ့သည္။

ယခု စီမံကိန္း အစျပဳစဥ္က အေမရိကန္ေဒၚလာ ၈၅ သန္း ေခ်းယူရရွိေရးျဖင့္ ေဆာင္႐ြက္ခဲ့ျခင္း ျဖစ္ၿပီး လိုအပ္သည့္ စီမံကိန္း ျဖစ္ေျမာက္ႏိုင္စြမ္း ေလ့လာမႈကို ၂၀၁၉ ဇူလိုင္လမွ ဒီဇင္ဘာ လအတြင္း ေဆာင္႐ြက္ခဲ့ေၾကာင္း၊ COVID-19 အေျခအေနအရ ေခ်းေငြ ပမာဏ သန္း ၂၀၀ အထိ တိုးျမႇင့္ေပးဖို႔ ကမ္းလွမ္းလာေသာေၾကာင့္ မူလ စီမံကိန္း ရည္မွန္းခ်က္ေတြ အေပၚ အေျချပဳၿပီး COVID-19 အေပၚ လတ္တေလာႏွင့္ ေရရွည္ ကုစားႏိုင္မယ့္ နည္းလမ္းမ်ား တိုးခ်ဲ ့ေဆာင္႐ြက္ ႏိုင္ဖို႔အတြက္ ယခုကဲ့သို႔ ေဆာင္႐ြက္လာ ရျခင္းျဖစ္ေၾကာင္း၊ ယခု စီမံကိန္းကို ေဆာင္႐ြက္ျခင္း အားျဖင့္ ႏိုင္ငံအတြက္ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရး ထုတ္ကုန္မ်ား ပိုမို တိုးတက္ ထုတ္လုပ္လာ ႏိုင္မွာ ျဖစ္ေၾကာင္း၊ ေဒသ ေရေျမႏွင့္ ကိုက္ညီမည့္ သီးႏွံ အမယ္စုံ တိုးခ်ဲ ့စိုက္ပ်ိဳးႏိုင္မႈ အေပၚ မ်ားစြာ အေထာက္အကူျပဳႏိုင္မွာ ျဖစ္ေၾကာင္း၊ တန္ဖိုးကြင္းဆက္ Value Chains ဖြံ႕ၿဖိဳး တိုးတက္ ျခင္းဆိုင္ရာ လုပ္ငန္းမ်ားဟာ လည္း လိုက္ေလ်ာညီေထြ ဖြံ႕ၿဖိဳး တိုးတက္လာမွာ ျဖစ္ေၾကာင္း၊ ေတာင္သူမ်ား ပါဝင္သည့္ သီးႏွံ တန္ဖိုးကြင္းဆက္ အစုအဖြဲ႕မ်ား အေနျဖင့္ ထုတ္ကုန္မ်ားကို သင့္ေလ်ာ္သည့္ ေဈးျဖင့္ ေရာင္းခ်ႏိုင္သည့္ စြမ္းရည္ျမင့္မားလာကာ ဝင္ေငြ တိုးပြားလာႏိုင္ ေၾကာင္း၊ အစုအဖြဲ႕မ်ားအေနျဖင့္ ကုန္ထုတ္လုပ္မႈဆိုင္ရာ ဝန္ေဆာင္မႈမ်ား ေဆာင္႐ြက္လာႏိုင္ၿပီး ပိုင္ဆိုင္မႈမ်ား ရရွိလာကာ ခိုင္မာသည့္ ေဈးကြက္ ရရွိေစသည့္ အက်ိဳး ေက်းဇူးမ်ား ရရွိႏိုင္ေၾကာင္း၊ COVID-19 ေရာဂါေၾကာင့္ ႏိုင္ငံ စီးပြား ထိခိုက္ရမႈမ်ားကို ကုစား ႏိုင္ခြင့္သာ မကဘဲ COVID-19 အလြန္ ကာလအတြက္ လယ္ယာ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရး လုပ္ငန္းေတြ ဖြံ႕ၿဖိဳးလာေစရန္ မ်ားစြာ အေထာက္အပံ့ ရရွိမွာ ျဖစ္ေၾကာင္းလည္း ဒုတိယ ဝန္ႀကီးက ရွင္းလင္း ေျဖၾကားခဲ့ၿပီး ျပည္ေထာင္စု လႊတ္ေတာ္က ကန္႔ကြက္ရန္မရွိ သေဘာတူ အတည္ျပဳခဲ့ ျခင္း ျဖစ္သည္။ (Xinhua)

Read times
Rate this item
(0 votes)