Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယနိုင်ငံမှ သကြားကို လိုသည်ထက် ပိုမိုတင်သွင်းလာပါက ပြည်တွင်းသကြားဈေးကွက်ကို ထိခိုက်လာနိုင်

အိန္ဒိယနိုင်ငံမှ အ၀ယ်ရပ်ဆိုင်းထားသည့် မတ်ပဲနှင့် ပဲတီစိမ်းကို ပြန်လည်ဝယ်ယူပြီး အိန္ဒိယမှ

သကြားကို မြန်မာနိုင်ငံသို့ အပြန်အလှန်တင်သွင်းခွင့် တောင်းဆိုချက်အရ လိုအပ်သည်ထက် ပိုမိုတင်သွင်းလာပါက ပြည်တွင်းသကြားဈေးကွက်ကို ထိခိုက်လာနိုင်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရပါတယ်။

 

လက်ရှိအချိန်တွင် အိန္ဒိယ၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့တွင် သကြားအထွက်နှုန်း ကောင်းမွန်ခြင်းကြောင့် ပြည်ပ သကြားဈေးကွက် လျော့ကျလျက်ရှိရာ ပြည်တွင်း၌ သကြားအထွက်နှုန်းကောင်းမွန်သည့်အတွက် ပြည်တွင်း စားသုံးမှု လုံလောက်နေသဖြင့် အိန္ဒိယသကြားကို လိုအပ်သည်ထက် ပိုမိုတင်သွင်းလာပါက ပြည်တွင်းသကြား ဈေးကွက်ပြောင်းလဲသွားနိုင်ကြောင်း သိရပါတယ်။

 

ယခု မန္တလေးမြို့ပေါ်ရှိ သကြားစက်ရုံအများစုမှာ ပိတ်ထားသော်လည်း ကြံမှ သကြားတိုက်ရိုက်ထုတ်လုပ်သည့် စက်ရုံများမှာ လည်ပတ်လျက်ရှိပြီး ကုန်ကြမ်းမှာလည်း ပိုမိုအထွက်နှုန်း ကောင်းမွန်လာကြောင်းနှင့် ပြည်တွင်းသကြားဈေးကွက် တည်ငြိမ်နေမည်ဆိုပါက မြန်မာ့သကြား ဈေးကွက်ဖွံ့ဖြိုးလာနိုင်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရပါတယ်။

 

သကြားကို ပြည်တွင်း စားသုံးသူများအပြင် အချိုရည်စက်ရုံ၊ နို့ချက်စက်ရုံနှင့် အခြားသော သကြားလုံး စက်ရုံများမှ အဓိက အသုံးပြုကြောင်း တရုတ်နိုင်ငံမှ သကြားလိုအပ်ချက်ရှိသော်လည်း တရားဝင်တင်သွင်းခွင့်ရရှိရန် ကန့်သတ်ချက်များရှိနေကြောင်း သိရပါတယ်။

 

Source: Myanma Alinn

Read times Last modified on Tuesday, 18 September 2018 13:46
Rate this item
(1 Vote)