Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံ၏ မြို့ကြီး (၇)မြို့သို့ LACTOGEN 3 Grow Happy ခရီးစဉ် ရောက်ရှိလာမည်

LACTOGEN 3 သည် Myanmar Distribution Group (MDG) မှ ဖြန့်ချိသော အရည်သွေးကောင်းမွန်သည့်

Nestlé ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။

 2

ကလေးအသက် ()နှစ်အထက် ကလေးများအတွက် ကျန်းမာစွာကြီးထွားဖွံ့ဖြိုးမှုကို ကောင်းစွာကူညီ ထောက်ပံ့ပေးနိုင်သည့် ဖွံ့ဖြိုးစကလေး နို့မှုန့်တစ်မျိုးဖြစ်ပြီး လေထိုးလေအောင့်ခြင်းကြောင့် နာကျင်စွာ ငိုကျွေးရသောအချိန်ကို သိသာစွာ လျော့ကျစေနိုင်ပြီး ၀မ်းချုပ်ခြင်းကြောင့် ဖြစ်စေနိုင်သည့် ရောဂါလက္ခဏာ များကို သက်သာပျောက်ကင်းစေနိုင်မည့် လယ်ကော်ဖော့တစ်ဟုခေါ်သော ခန္ဓာကိုယ်အကျိုးပြု ပရိုဘိုင်အိုတက် ပါဝင်သော ဈေးကွက်ထဲရှိ တစ်ခုတည်းသော ဖွံ့ဖြိုးစကလေးနို့မှုန့်ဖြစ်ပါတယ်။

 3

လေထိုးလေအောင့်နှင့် ၀မ်းချုပ်ခြင်းတို့အပြင် ကယ်လ်ဆီယမ်ကြွယ်ဝသော အစားအစာများအား စားသုံးရမည် ကို မသိရှိခြင်းကြောင့် ကယ်လ်ဆီယမ်ချိုတဲ့မှုပြဿနာ အများဆုံးဖြစ်ပွားလျှက်ရှိပါတယ်။

 4

LACTOGEN 3 တွင် ကလေးများကြီးထွားဖွံ့ဖြိုးရန်အတွက် အဓိကအာဟာရဓါတ်တစ်ခုဖြစ်သည့် ကယ်လ် ဆီယမ် ကြွယ်ဝစွာပါဝင်ပါတယ်။ လေ့လာတွေ့ရှိမှုများအရ ဦးနှောက်နှင့်ဥာဏ်ရည်ဖွံ့ဖြိုးမှုကို ကောင်းစွာ အထောက်အကူပြုပေးနိုင်မည့် DHA လုံလောက်စွာပါဝင်ကြောင်း သိရပါတယ်။

 5

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်နေ့တွင် Chatrium Hotel ၌ ကျင်းပခဲ့သော LACTOGEN 3 Grow Happy ခရီးစဉ်မိတ်ဆက်ပွဲ အခမ်းအနားသို့ စာနယ်ဇင်းများ၊ အနုပညာရှင်မိခင်များ ဖြစ်ကြသည့် မယ်လိုဒီ၊ မျိုးစန္ဒီကျော်၊ မိုးပြည့်ပြည့်မောင်တို့နဲ့အတူ နာမည်ကျော် mommy bloggers များဖြစ်ကြသည့် ဂျက်ဆီကာ မိုးဇက်၊ သန္တာမျိုးတို့ တက်ရောက်ခဲ့ကြပါတယ်။

 6

ယင်းပွဲတွင် Nestlé Myanmar Limited မှ Managing Director ဖြစ်သူ Mr. Devrim Cobek မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါတယ်။

 7

Nestlé ကလေးအာဟာရလုပ်ငန်းစု၏ Country Business Manager ဖြစ်သူ Mrs. Maila Capanzana နှင့် Lactogen Brand Manager ကိုထက်လင်းအောင်တို့မှ Grow Happy ခရီးစဉ်၏ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်များကို ရှင်းလင်းတင်ပြ သွားခဲ့ပါတယ်။

 8

ထိုခရီးစဉ်တွင် ကလေးများအတွက် မြန်မာနိင်ငံ၏ ပထမဆုံးရွေ့လျားကစားကွင်း တစ်ခုပါဝင်ပြီး၊ မိဘများအတွက်လည်း ပျော်ရွှင်စွာဝင်ရောက်ဆင်နွှဲနိုင်မည့်အစီအစဉ်များ - အချက်အပြုတ်၊ Zumba အက၊ ပန်းအလှပြင်၊ ဆရာဝန်နဲ့အခမဲ့တိုင်ပင် ဆွေးနွေးမှုများ စသည်တို့ ပါဝင်ကြောင်း သိရပါတယ်။

 

Grow Happy ခရီးစဉ်၏ အဆုံးတွင် မြန်မာနိင်ငံ၏ အကြီးကျယ် အခမ်းနားဆုံး ပျော်ရွှင်ဖွယ်ရာ မွေးနေ့ပွဲကြီးကို ဒီဇင်ဘာ (၃) ရက်နေ့တွင် မြို့ကြီး (၇)မြို့တို့တွင်တစ်ပြိုင်နက်တည်းကျင်းပသွားမှာဖြစ်ပါတယ်။

 

ယင်းပွဲကြီးမှာဆိုရင် အနုပညာရှင်များရဲ့ဖျော်ဖြေမှုများ၊ မိသားစုတစ်ခုလုံးအတွက်အထူး အစီအစဉ်များနှင့်တကွ ရင်ခုန်ပျော်ရွှင်ဖွယ်ရာများစွာ ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။

 

ထိုမြို့ကြီး (၇) မြို့မှာ ရှိသော ရွေးချယ်ထားသော ပရဟိတမိဘမဲ့ကလေးကျောင်းများတွင်လည်း အတူတကွ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

မကွေးမြို့တွင် အောက်တိုဘာလ (၇) ရက်နှင့် (၈) ရက်နေ့၊ မွန်းလွဲ ၁ နာရီမှ ၅ နာရီအထိ မြသလွန်ဘုရားအနီးတွင် ကလေးများနှင့် မိဘများ ပါဝင်ဆင်နွှဲနိုင်ပါတယ်။

 

ပြည်မြို့တွင် အောက်တိုဘာလ (၁၄) ရက်နှင့် (၁၅) ရက်နေ့၊ မွန်းလွဲ ၁ နာရီမှ ၅ နာရီအထိ ဈေးကြီးအနီးတွင် ကလေးများနှင့် မိဘများ ပါဝင်ဆင်နွှဲနိုင်ပါတယ်။

 

ရန်ကုန်မြို့တွင် အောက်တိုဘာလ (၂၁) ရက်နှင့် (၂၂) ရက်နေ့၊ မွန်းလွဲ ၁ နာရီမှ ၅ နာရီအထိ ပြည်သူ့ရင်ပြင်တွင် ကလေးများနှင့် မိဘများ ပါဝင်ဆင်နွှဲနိုင်ပါတယ်။

 

တောင်ကြီးမြို့တွင် အောက်တိုဘာလ (၂၈) ရက်နှင့် (၂၉) ရက်နေ့၊ မွန်းလွဲ ၁ နာရီမှ ၅ နာရီအထိ စူဠာမဏိဘုရားအနီးတွင် ကလေးများနှင့် မိဘများ ပါဝင်ဆင်နွှဲနိုင်ပါတယ်။

 

နေပြည်တော်တွင် နိုဝင်ဘာလ (၄) ရက်နှင့် (၅) ရက်နေ့၊ မွန်းလွဲ ၁ နာရီမှ ၅ နာရီအထိ Capital တွင် ကလေးများနှင့် မိဘများ ပါဝင်ဆင်နွှဲနိုင်ပါတယ်။

 

မန္တလေးတွင် နိုဝင်ဘာလ (၁၁) ရက်နှင့် (၁၂) ရက်နေ့၊ မွန်းလွဲ ၁ နာရီမှ ၅ နာရီအထိ မနောရမ္မံကစားကွင်းတွင် ကလေးများနှင့် မိဘများ ပါဝင်ဆင်နွှဲနိုင်ပါတယ်။

 

မော်လမြိုင် နိုဝင်ဘာလ (၁၈) ရက်နှင့် (၁၉) ရက်နေ့၊ မွန်းလွဲ ၁ နာရီမှ ၅ နာရီအထိ ကမ်းနားလမ်းတွင် ကလေးများနှင့် မိဘများ ပါဝင်ဆင်နွှဲနိုင်ပါတယ်။

 

Nestlé မှ အရည်သွေးကောင်းမွန်သော ထုတ်ကုန်တစ်ခုဖြစ်သည့် Lactogen 3 သည် မြန်မာနိုင်ငံ၏ အဓိက မြို့ကြီး(၇) မြို့တွင် Grow Happy ခရီးစဉ်အား တင်ဆက်သွားမည်ဖြစ်ပြီး ထုတ်ကုန်ပစ္စည်းအကြောင်း သိရှိရန်သာမက ကလေးများနှင့် မိဘများအတွက် ပျော်ရွှင်ဖွယ်ရာ အစီအစဉ်များတွင် ပါဝင်ဆင်နွှဲရန်အတွက် အားလုံးကို ဖိတ်ခေါ်အပ်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:29
Rate this item
(1 Vote)