Food & Livestock



ဖိလစ်ပိုင် ပြည်တွင်းဆန်ဈေးနှုန်းများ ဆက်လက်မြင့်တက်

ဖိလစ်ပိုင် ပြည်တွင်းဆန်ဈေးနှုန်းများ ဆက်လက်မြင့်တက် 

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဖိလစ်ပိုင်နိုင်ငံမှာ ဇန်နဝါရီလတွင် ခြုံငုံကြည့်လျှင် ကုန်ဈေးနှုန်း မြင့်တက်သည့်နှုန်း နှေးသွားသော်လည်း ဆန်ဈေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့သည်။

 ဆန်ဈေးန‌ှုန်းများသည် ဇန်နဝါရီလတွင် ၂၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ 

 

ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးမြင့်တက်မှုကြောင့် ကမ္ဘာ့ဈေးကွက်မှ ဆန်ဝယ်ယူတင်သွင်းရသည့် ဖိလစ်ပိုင်နိုင်ငံတွင် မကြာသေးမီလများအတွင်း ပြည်တွင်း ဆန်ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။

 

သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာသည် ၂၀၂၃ ခုန‌ှစ်  စက်တင်ဘာလတွင် အများဆုံး ဆန်ဈေးနှုန်းများကို သတ်မှတ်ပြဋ္ဌာန်းခြင်းဖြင့် မြင့်တက်လာသော ဆန်ဈေးကို ထိန်းညှိရန် ကြိုးပမ်းခဲ့သော်လည်း ဆန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေသဖြင့် ၎င်းဈေးနှုန်းသတ်မှတ်ပြဋ္ဌာန်းချက်ကို ရုပ်သိမ်းခဲ့သည်။

"လာမယ့်လတွေမှာ ဆန်ဈေးက မြင့်နေဦးမှာပါ"ဟု မနီလာမြို့‌ေန China Banking Corp မှ ဘောဂဗေဒပညာရှင် Domini Velasquez က ပြောကြားပါသည်။ 

 

"အယ်နီညိုနှင့် အိန္ဒိယရဲ့ ဆန်အမျိုးအစားအချို့ တင်ပို့မှုအပေါ်  ပိတ်ပင်ထားတာကြောင့် အခုအခြေအနေက ယခုနှစ် ပထမနှစ်ဝက်မှာ ဆက်လက်ရှိနေဦးမယ်" ဟု ၎င်းက ပြောကြားသည်။ 

 

အယ်နီညိုကြောင့် ဆန်စပါး ၄၇၃၈ တန် ပျက်စီးခဲ့ကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေးဌာနက ဇန်နဝါရီ ၃၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

လယ်သမား ၂၆၀၀ ကျော်တို့ ကန်ဒေါ်လာ ၁.၉၄ သန်းဖိုး ဆုံးရှုံးခဲ့ကြသည်။

 

ဖိလစ်ပိုင် အာဏာပိုင်တို့က အနည်းဆုံး ပြည်နယ် ၆၅ ခုတွင် ဒုတိယသုံးလပတ်အထိ မိုးခေါင်ရေရှားမှု ဆိုးရွားစွာ ကြုံတွေ့ရမည်ဟု ကြိတင်ခန့်မှန်းထားသည်။ 

 

စျေးကြီးသော ဆန်ကြောင့် ဆင်းရဲသော အိမ်ထောင်စုများ ဒုက္ခရောက်နေကြောင်း၊ နည်းပါးသောဝင်ငွေ၏ ကြီးမားသော ရာခိုင်နှုန်းကို ဆန်အတွက် သုံးစွဲနေကြရသည်ဟု  Velasquez က ပြောကြားသည်။ 

 

Source Asia Nikkei 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Saturday, 10 February 2024 20:46
Rate this item
(0 votes)