Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မတ်ပဲဈေးနှုန်းကျဆင်းမှုကြောင့် ကြက်သွန်ကို အစားထိုးစိုက်ပျိုးမှုများပြားလာ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ တောင်သူများက မတ်ပဲဈေးနှုန်းကျဆင်းမှုကြောင့်

ကြက်သွန်ကို အစားထိုးသီးနှံအဖြစ် ပြောင်းလဲစိုက်မှုများလာကြောင်း ဒေသခံတောင်သူများထံမှ သိရပါတယ်။

 

တောင်သူများအနေဖြင့် ယခင်နှစ်များတွင် မတ်ပဲ၊ ကုလားပဲများကိုသာ စိုက်ပျိုးခဲ့ကြသော်လည်း ယခုနှစ်တွင် မတ်ပဲဈေးနှုန်းများ ကျဆင်းလာပြီး တွက်ခြေကိုက်မှုမရှိသည့်အတွက်ကြောင့် မတ်ပဲအစား ဈေးကောင်းရသည့် ကြက်သွန်ကို ပြောင်းလဲစိုက်ပျိုးလာခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ကံမမြို့နယ်အတွင်း စိုက်ပျိုးသည့် ကြက်သွန်မျိုးမှာ သရက်မင်းတဲမျိုးဖြစ်ပြီး ယင်းကြက်သွန်မျိုးများကို မထုံးချောင်း အနီး ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ထုံးတောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရွာများ၊ ရေနံ့သာကျေးရွာအုပ်စု၊ ခြောက်ပင်ကျေးရွာ၊ ဥသျှစ်ကုန်းကျေးရွာ စသည့် ကျေးရွာတို့၌ စိုက်ပျိုးလျက်ရှိကာ ရေမနီးသည့်ဒေသများတွင် ကုလားပဲများကိုသာ စိုက်ပျိုးကြကြောင်း သိရပါတယ်။

 

ကြက်သွန်ဈေးမှာ လက်ရှိအချိန်တွင် တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ ပတ်ဝန်းကျင်ဈေးရှိပြီး ပြီးခဲ့သည့်နှစ်က တောင်သူများအနေဖြင့် တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ အထိ ရောင်းချခဲ့ရကြောင်း တောင်သူများထံမှ သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Wednesday, 19 September 2018 11:19
Rate this item
(1 Vote)