Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သမဝါယမကဏ္ဍမှ ရေထွက်ကုန်ပစ္စည်းများ ဝယ်ယူဖြန့်ဖြူးရောင်းချပေးမည်

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအတွင်းရှိ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများမှာ အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း

သိရှိရပါသဖြင့် ယင်းအခက်အခဲများကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းပေးနိုင်ရန်အတွက်လည်းကောင်း၊ ပြည်တွင်းရှိ အများပြည်သူများ လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရေးအတွက်လည်းကောင်း သမဝါယမကဏ္ဍမှ ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်အား အသိပေးတင်ပြအပ်ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအနေဖြင့်လည်း ဗဟိုသမဝါယမအသင်း၊ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမအသင်းစုချုပ်များနှင့် ညှိနှိုင်းပြီး No Profit, No Loss ဟူသော သမဝါယမမူတစ်ရပ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ရောင်းချရန်အခက်အခဲရှိသည့် ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သူများအနေဖြင့်

တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမဦးစီးဌာနများနှင့် သမဝါယမအသင်းစုချုပ်များ၊

သမဝါယမဦးစီးဌာနရုံးချုပ် (ဖုန်း ၀၆၇-၃၄၁၀၃၄၁၊ ၀၆၇-၃၄၁၀၃၄၅)၊

ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန (ဖုန်း ၀၅၂-၂၂၂၂၅၂၁၊

ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန (ဖုန်း ၀၁-၈၃၉၈၅၉၉)၊

ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန (ဖုန်း ၀၄၂-၂၄၃၂၆) သို့လည်းကောင်း ဆက်သွယ်အကူအညီရယူနိုင်ပါကြောင်း သမဝါယမဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အသိပေးကြေညာထားပါသည်။ 

Read times Last modified on Thursday, 07 January 2021 10:21
Rate this item
(0 votes)