Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကမ္ဘာ့အကြီးမားဆုံး ရေချိုငါး ငါးလိပ်ကျောက်ကြီးကို ကမ္ဘောဒီးယားတွင် တွေ့ရှိ

ကမ္ဘာ့အကြီးမားဆုံး ရေချိုငါး ငါးလိပ်ကျောက်ကြီးကို ကမ္ဘောဒီးယားတွင် တွေ့ရှိ

 

ကမ္ဘာ့အကြီးဆုံး စံချိန်တင် ရေချိုငါး ငါးလိပ်ကျောက်ကြီးကို ကမ္ဘောဒီးယားနိုင်ငံ မဲခေါင်မြစ်အတွင်း ဖမ်းဆီးရမိခဲ့ပါတယ်။ 

ဇွန်လ ၁၃ ရက်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီး အရွယ်အစားက လေးမီတာ ရှိပါတယ်။ အလေးချိန်က ၃၀၀ ကီလိုဂရမ်နီးပါး ရှိပါတယ်။ 

ယခင်စံချိန်ဟောင်း အကြီးမားဆုံး ရေချိုငါးက မဲခေါင်မြစ်မှာ ဖမ်းဆီးရမိခဲ့တဲ့ ငါးခူဖြစ်ပြီး အလေးချိန် ၁၉၃ ကီလိုဂရမ် ရှိပါတယ်။ ၂၀၀၅ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ 

 

cambodia_giant_stingray_14388.jpg

 

ယခု ငါးလိပ်ကျောက်ကြီးကို ဖမ်းဆီးရမိတဲ့ ရေလုပ်သားက အနီးအနားမှာ ရှိတဲ့ Wonders of the Mekong  စီမံကိန်းမှ သိပ္ပံပညာရှင်များထံ သတင်းပေးပို့ခဲ့ပါတယ်။ 

 

ငါးလိပ်ကျောက်ကြီးကို မှတ်တမ်းမှတ်ရာများ ရယူပြီး တည်နေရာကို ထုတ်လွှင့်ပေးတဲ့ အသံလွှင့်စက်ကို အမြီးအရင်းမှာ တပ်ဆင်ပေးပါတယ်။ ထို့နောက် ငါးလိပ်ကျောက်ကြီးကို မြစ်ထဲ ပြန်လွှတ်ပေးလိုက်ကြပါတယ်။ 

 

အဆိုပါ ဒေသတစ်ဝိုက်မှာ ငါးလိပ်ကျောက်ကြီးများ ငါးဖမ်းပိုက်မှာ ငြိပါလာလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ  ယခုငါးလိပ်ကျောက်အပါအဝင်ငါးလိပ်ကျောက် အကြီးစား ၄ ကောင် ဖမ်းဆီးရမိခဲ့ပါတယ်။ အကုန်လုံး အမတွေချည်း ဖြစ်ပါတယ်။ 

 

 

cambodia_giant_stingray_24359.jpg

ရွာခံတို့က ငါးလိပ်ကျောက်ကြီးကို "Boramy" လို့ အမည်ပေးလိုက်ကြပါတယ်။ အဓိပ္ပာယ်က "လပြည့်" လို့ ဆိုလိုပါတယ်။ ငါးလိပ်ကျောက်ကြီးရဲ့ ပုံပန်းသဏ္ဍာန်က လပြည့်ဝန်းလို ဝိုင်းနေလို့ လပြည့်လို့ အမည်ပေးလိုက်ကြတာ ဖြစ်ပါတယ်။ 

ဖမ်းမိခဲ့တဲ့ ရေလုပ်သားကိုတော့ တကယ်လို့ ငါးလိပ်ကျောက်ကြီးကို ဈေးမှာ သွားရောင်းရင် ရမယ့် ငွေပမာဏ အမေရိကန်ဒေါ်လာ ၆၀၀ ဝန်းကျင် ငွေသား ချီးမြှင့်ပေးခဲ့ပါတယ်။ 

Telegram Channel
- - https://t.me/Guid4U/246

#MyanmarFoodGuide

Read times Last modified on Wednesday, 22 June 2022 09:53
Rate this item
(0 votes)