Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကုန်ပစ္စည်းတံဆိပ်များ ကောင်းမွန်သော ဈေးကွက်တည်ဆောက်နိုင်ရေး ပညာရှင်များ အကြံပြု

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် (UMFCCI) သည် အသင်းဝင် များနှင့် စီးပွားရေးလုပ်ငန်း ရှင်များအတွက်

အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ပြည်တွင်း တံဆိပ်များ   ဈေးကွက်ဦးဆောင်မှုကို တည်ဆောက်ခြင်း    ဟောပြောဆွေးနွေး ပွဲတစ်ရပ်ကျင်းပပြီး ပညာရှင်များ၏ အကြံဥာဏ်များကို ရယူခဲ့ကြောင်း UMFCCI တွဲဖက်အတွင်းရေးမှူး ဦးကျော်ဒေဝထံမှ သိရသည်။

 

ပြည်တွင်းကုန်အမှတ်တံဆိပ်များ တည်ဆောက်မှုကွဲပြားခြားနားစွာ ဖန်တီးနိုင်မှု တို့အတွက် ပြည်တွင်းတံဆိပ်များ ဈေးကွက် ဦးဆောင်မှုကို  တည်ဆောက်ခြင်းတွင် ကြော်ငြာမီဒီယာစီးပွားရေးကဏ္ဍနှင့် သုတေသန ကဏ္ဍတို့တွင် ဦးစီးဆောင်ရွက်လျက်ရှိသော ပညာရှင်များက အကြံပြုချက်များပြုလုပ်ပေးထားကြောင်း သိရသည်။

 

''နိုင်ငံမှာ ဈေးကွက်ဖန်တီးရုံသာမက ပြည်ပကို  ဈေးကွက်ထိုးဖောက်ပေးဖို့ လုပ်ငန်းရှင်တွေနဲ့ အားလုံးပေါင်းစပ် ပါဝင် ပေးဖို့ လိုအပ်ပါတယ်''ဟု ဦးကျော်ဒေဝက ပြောသည်။

 

ကုန်ပစ္စည်းတစ်ခု၏ ကုန်အမှတ်တံဆိပ် ကောင်းမွန်ရန် အမြဲလုပ်ဆောင်နေရမည် ဖြစ်ပြီး Customer များ၏ လိုအပ် ချက်များကိုလည်း နားလည်ရန်လိုအပ်သည်။ ထို့ပြင်  Local Brand  နှင့် International Brand ၏ ဈေးကွက်တွင် ကြာရှည်နေရာ ယူမှုမှာ ကွဲပြားခြားနားမှုများ ရှိသည်ကို သိထားရန်လိုအပ်ပြီး မိမိ Brand နှင့် ပတ်သက်၍လည်း   သုတေသနများ လုပ်ဆောင်ရန် လိုအပ်သည်။  

 

ထုတ်လုပ်ပြီး ကုန်ပစ္စည်းကို Customer များဆီသို့ ရောက်ရှိစေရန် Digital  Platform  တစ်ခုဖြစ် သည့် လူမှုကွန်ရက်ကို အသုံးပြု ကြော်ငြာမည်ဆိုပါက  အရေးကြီးသည့် အချက်အလက်များကို  Self-Study လုပ်ဆောင် ထားသင့်ကြောင်း သိရသည်။   

 

Source: Myawaddy

Read times
Rate this item
(1 Vote)