Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆန်ပေါက်ဈေးထက် ပိုပေးဝယ်ယူခြင်းများသတိထားရန် ဆန်စပါးအသင်းချုပ် သတိပေး

ဆန်ပေါက်ဈေးထက် ပိုပေးဝယ်ယူခြင်းများသတိထားရန် ဆန်စပါးအသင်းချုပ် သတိပေး google.com

 ပြည်ပဝယ်လိုအားမြင့် တက်နေချိန်တွင် ပေါက်ဈေး ထက် တိုးပေး၍ ဆန်ဝယ်ယူမှုများ ကို သတိထားရောင်းချရန် လိုအပ် ကြောင်း

မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ် (MRF) အထွေထွေအ တွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

 

ပြည်တွင်းဈေးကွက်မှ ဈေးတိုးမြှင့်ဝယ်ယူပြီးနောက် ကျပ် သိန်းသောင်းချီ၍ ငွေကြေးမရှင်းနိုင်ဘဲ တိမ်းရှောင်မှု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်တွင် ဖြစ်ပွားခဲ့ပြီး နောက် စက်တင်ဘာ ၃၀ ရက်၌မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ရုံးတွင် အစည်းအဝေးပြုလုပ်ခဲ့သည်။

 

အဆိုပါ အစည်းအဝေးတွင် ရောင်းသူနှင့် ဝယ်သူစနစ်တကျ စာချုပ် ချုပ်ဆိုပြီး လုပ်ငန်း လုပ်ကိုင်ရန်၊ ဆန်အရည်အသွေး၊ ဈေးနှုန်းမှန်ကန်စွာပြုလုပ်ရန် စသည်တို့ကို အသင်းချုပ်က ညွှန်ကြားခဲ့ကြောင်း ဦးရဲမင်းအောင်က ပြောသည်။

 

ပြည်ပတင်ပို့မှု များနေချိန် တွင် အရောင်းအဝယ်အမှားများ ပြုလုပ်မှုကြောင့် ငွေကြေးလိမ် လည်ခံရမှုများ ထပ်မံဖြစ်ပွားနိုင် သဖြင့် သတိထား၍ အရောင်းအ ဝယ်ပြုလုပ်ရန် ပြည်ပဆန်တင်ပို့ နေသည့် ကုန်သည်အချို့က ၎င်း တို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ သတိပေးရေးသားထားသည်။

 

မြန်မာနိုင်ငံ၏ ပြည်ပဆန် တင်ပို့မှု အဓိကဈေးကွက်တစ်ခု ဖြစ်သော ဘုရင့်နောင်ဈေးကွက် တွင် ယခုဘဏ္ဍာနှစ် ငါးလအတွင်းဆန်တစ်အိတ်လျှင် ကျပ် ၄,၀၀၀  ခန့် မြင့်တက်လာခြင်းကြောင့် ပြည်ပသို့ ကြိုတင်ရောင်းချထား ပါကအရှုံးပေါ်ပြီး ယခုကဲ့သို့ ကုန်သည်များ တိမ်းရှောင်မှုမျိုးထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း အထက်ပါပုဂ္ဂိုလ်အချို့က ရေးသားဖော်ပြထားသည်။

 

‘‘အလားတူဖြစ်ရပ်တွေ ထပ် မဖြစ်စေဖို့ပဲလိုတယ်’’ဟု မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိ ယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

 

ပြည်ပသို့ ဆန်တင်ပို့နေ သည့် ကုန်သည်တစ်ဦးက ဘုရင့် နောင်ဆန်ကုန်စည်ဒိုင် ၂၆ ဦးထံမှ ကျပ်သိန်း ၁၄,၀၀၀ ကျော်ကို ရှင်းလင်းပေးနိုင်ခြင်းမရှိသဖြင့် စက်တင်ဘာ ၂၉ ရက်တွင် တိမ်းရှောင်သည့်ဖြစ်စဉ်တစ်ခု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်၌   ဖြစ်ပွားခဲ့ သည်။

 

 ငွေကြေးဆုံးရှုံးရသည့်  ကုန်သည်၊ ပွဲစားများက လက်ရှိတွင် တိမ်းရှောင်နေသူကို တရားစွဲဆိုမည်ဟု ဆိုသည်။

 

၂၀၁၇ တွင် ပြည်ပဆန်တင် ပို့မှုသည် ဇန်နဝါရီမှ ဩဂုတ်လ ကုန်အထိ ဆန်တန်ချိန် နှစ်သန်း ကျော်တင်ပို့ထားသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:27
Rate this item
(1 Vote)