Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ-ကိုရီးယားပူးပေါင်း၍ နေပြည်တော်တွင် အဆင့်မြင့်ဆန်စက်ဖွင့်လှစ်

ကိုရီးယားနိုင်ငံမှ Ministry of Agriculture, Food and Rural Affairs (MAFRA) ရဲ့ ကူညီထောက်ပံ့မှုနဲ့ နေပြည်တော်ရေဆင်းမှာ မြန်မာ-ကိုရီးယား အဆင့်မြင့်ဆန်စက်ကို ဇူလိုင်လ (၂၉) ရက်နေ့က စတင်ဖွင့်လှစ်လိုက်ကြောင်း သိရပါတယ်။

 

၎င်းအဆင့်မြင့်ဆန်စက် တည်ဆောက်ဖို့ MAFRA က အမေရိကန်ဒေါ်လာ (၃.၅) သန်း ကူညီထောက်ပံ့ပေးခြင်းဖြစ်ပြီး Korea Rural Community Corporation မှ ကိုယ်စားလှယ်က စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချူပ်ထံ ဆန်စက်ကို ဖွင့်ပွဲမှာ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

 

အဆိုပါဆန်စက်ကို ဆန်စပါးထုတ်လုပ်မှုကွင်းဆက် တန်ဖိုးတိုးတက်လာပြီး ဆန်စပါးထုတ်လုပ်မှုလုပ်ငန်းများ ခိုင်မာအားကောင်းလာစေရန်၊ ခေတ်မီရိတ်သိမ်းခြင်းနည်းပညာ၊ ခြောက်သွေ့လုံခြုံစွာ သိုလှောင်နိုင်မှု၊ အဆင့်မြင့်ဆန်စက်ဖြင့် ကြိတ်ခွဲမှုမှရရှိလာတဲ့ ဆန်အရည်အသွေးကြောင့် ဈေးကောင်းရရှိနိုင်မှုကို တောင်သူများ လက်တွေ့ခံစားနိုင်စေရန် ရည်ရွယ်ကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။

 

၎င်းဆန်စက်မှာ ရေဆင်းရေသောက်ဧရိယာအတွင်းရှိ တောင်သူလယ်သမားများ စိုက်ပျိုးထွက်ရှိလာတဲ့ စပါးများကို အခြောက်ခံခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်းလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနရဲ့ ထိန်းသိမ်းစီမံမှုနဲ့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

 

ဆန်စက်မှာကြိတ်ဖို့ ပတ်ဝန်းကျင်က လယ်သမားတွေက အဖွဲ့လိုက် မျိုးသန့်စပါးတွေကို စိုက်ရမှာဖြစ်ပါတယ်။ ထွက်လာတဲ့စပါးတွေကို ဆန်စက်မှာကြိတ်ပြီး ဈေးကွက်အသစ်ထိုးဖောက်မှာဖြစ်ကြောင်း သိရပါတယ်။

 

Read More >>>>>  နှစ်ပေါင်း (၈၀) ကျော် သုတေသနပြုထားသော ဂျပန်နိုင်ငံ ထိပ်တန်း နို့ချဉ်

 

ဆန်စက်တည်ဆောက်ရေးစီမံကိန်းကို သုံးနှစ်ကြာဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆင့်မြင့်ဆန်စက်ရဲ့ စွမ်းအားက ဟက်တာ (၃၀၀) မှ ဟက်တာ (၅၀၀) အထိရှိကာ စိုက်ပျိုးထွက်ရှိလာမယ့် စပါးတစ်ရာသီစာအတွက် လည်ပတ်ပေးနိုင်မှာဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။

 

Source: The Voice

 

Read times Last modified on Thursday, 01 August 2019 16:19
Rate this item
(1 Vote)