Food & Livestock
အာရှဆန် တစ်ပတ်တာ ( ဩဂုတ် ၆-၁၂ )
အာရှဆန် တစ်ပတ်တာ ( ဩဂုတ် ၆-၁၂ )
အိန္ဒိယ၏ ဆန်တင်ပို့မှုနှုန်း ယခုသီတင်းပတ်တွင် ဝယ်လိုအား နည်းပါးခြင်းကြောင့် ကျဆင်းခဲ့သည်။
"ဒီတစ်ပတ်မှာ ဝယ်လိုအားက အားနည်းတယ်။ အာဖရိကဝယ်လက်တွေက စျေးကွက်ထဲမှာ အဝယ်အေးနေကြတယ်" ဟု အိန္ဒိယတောင်ပိုင်း အန်ဒရာပရာဒစ်ရှ် ပြည်နယ်ရှိ ကာကီနာဒါ အခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
အိန္ဒိယမှ အများဆုံးတင်ပို့သည့် ဆန်အမျိုးအစား ဖြစ်သည့် ၅% ဆန်ကွဲပါ ပေါင်းဆန်<RI-INBKN5-P1> ခေါ်ဈေးမှာ တစ်တန် $360-$366 ဖြစ်ပြီး ယခင်သီတင်းပတ်က $364-$370 ဖြစ်ခဲ့သည်။ စပါးစိုက်သည့် ဒေသအချို့တွင် မိုးနည်းနေသဖြင့် အထွက်နည်းမည်ဟု ခန့်မှန်းထားကြသည်။
ဗီယက်နမ်ဆန် ၅% ဆန်ကွဲပါ <RI-VNBKN5-P1> ခေါ်ဈေး တစ်တန် $390-$393 ရှိသည်။
ဆန်အရည်အသွေးမှာ ဗီယက်နမ်ဆန်ထက် ဈေးသက်သာသည့် ထိုင်းဆန်နှင့် အိန္ဒိယဆန်တို့နှင့် အဆင့်အတန်း အတူတူပင် ဖြစ်သဖြင့် ဗီယက်နမ်ဆန် ဈေးမမာနိုင်ဘဲ ကျဆင်းရသည်ဟု ဟိုချီးမင်းစီးတီးမှ ဆန်ကုန်သည်တစ်ဦးက သုံးသပ်သည်။
ကမ္ဘာ့ဝယ်လိုအား မြင့်တက်နေဆဲ ဖြစ်သဖြင့် ယခုထက် ထပ်မကျနိုင်ဟု ခန့်မှန်းကြသည်။
ထိုင်းဆန် ၅% ဆန်ကွဲပါ <RI-THBKN5-P1> ဆန် ဈေးတက်သည်။ တစ်တန် $420-$428 ခေါ်ဈေး ရှိသည်။ ပြည်တွင်း ပြည်ပ ဝယ်လိုအား တဖြည်းဖြည်း မြင့်တက်လာသဖြင့် ခေါ်ဈေးလည်း မြင့်တက်လာသည်။ သို့သော် ကြီးကြီးမားမား အရောင်းအဝယ် ယခုသီတင်းပတ်တွင် မရှိခဲ့ပါ။
မြန်မာနိုင်ငံက ဆန်နှင့်ဆန်ကွဲများကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက် ရှိရာ ယခု၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဧပြီလမှ ဇူလိုင်လကုန်အထိ ဆန်နှင့် ဆန်ကွဲအမေရိကန်ဒေါ်လာ ၂၄၉ သန်းဖိုး၊ တန်ချိန် ၇၃၃၀၉၈ တန် တင်ပို့ခဲ့သည်။
ဆန်နှင့် ဆန်ကွဲ များ -- -
ဧပြီလတွင် အမေရိကန်ဒေါ်လာ ၈၂ သန်းဖိုး၊ တန်ချိန် ၂၅၀,၉၄၇
မေလတွင် အမေရိကန်ဒေါ်လာ ၅၁ သန်းဖိုး၊ တန်ချိန် ၁၅၃,၅၀၇
ဇွန်လတွင် အမေရိကန်ဒေါ်လာ ၅၀ သန်းတန်ဖိုး ၊တန်ချိန် ၁၄၆,၀၉၄
ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ ၆၆ သန်းဖိုး ၊တန်ချိန် ၁၈၈,၅၅၈
တင်ပို့ ခဲ့သည်။
ဆန်နှင့်ဆန်ကွဲ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၄၉ သန်းဖိုး၊ တန်ချိန် ၇၃၃,၀၉၈ တင်ပို့ခဲ့ကြောင်း သိရပါသည်။
ရန်ကုန်ဆိပ်ကမ်း ဩဂုတ် ၂၂ ရက် ဆန်နှင့် ဆန်ကွဲတင်သင်္ဘောများမှာ
CLIPPER COPENHAGEN - တန်ချိန် ၂၄,၂၈၀
ZOLA - တန်ချိန် ၂၅,၀၀၀
CS SATIRA - တန်ချိန် ၃၁၁၂
ရန်ကုန်ဝါးတန်းဆန်ဈေးကွက် ဩဂုတ်လ ၁၂ ရက် ဆန်ဈေးနှုန်းများကို အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။
ဩဂုတ်လ ၁၂ ရက် ၂၀၂၂ နေ့စဉ်ဆန်ဈေးနှုန်းများ
#MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U



