Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်သို့ တင်ပို့ရန် သဘောတူထားသည့် ဆန်တန်ချိန်တစ်သိန်းမှ တန်ချိန်ငါးသောင်း တင်ပို့မည်

တရုတ်နိုင်ငံသို့ တင်ပို့ရန် သဘောတူထားတဲ့ ဆန်တန်ချိန်တစ်သိန်းအနက် တန်ချိန်ငါးသောင်းကို စက်တင်ဘာလမှာ တင်ပို့မှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။


ရန်ကုန်ဆိပ်ကမ်းမှတဆင့် တရုတ်နိုင်ငံ COFCO ကို တန်ချိန်တစ်သိန်းတင်ပို့ဖို့ COFCO နဲ့ MoU ထိုးထားပြီး ကုမ္ပဏီ (၁၁) ခုက တင်လို့ရပါတယ်။ လောလောဆယ် တန်ချိန်ငါးသောင်းလောက် တင်ပို့ဖို့ လုပ်နေပြီး တန်ချိန်ငါးသောင်းက အခု သဘောင်္ပေါ်တင်နေကြပြီဖြစ်ပါတယ်။ စက်တင်ဘာလထဲမှာ တင်ပို့မှုပြီးနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

Dairies နို့ထွက်ပစ္စည်းလုပ်ငန်း ၈၁ ခုကို ရှာရန်နှိပ်ပါ။


၎င်းဆန်တန်ချိန်တစ်သိန်းအတွက် တရုတ်နိုင်ငံအစိုးရပိုင်အဖွဲ့ဖြစ်တဲ့ COFCO နဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF တို့ နားလည်မှုစာချွန်လွှာကို တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ဇွန် (၂၀) ရက်နေ့က လက်မှတ်ထိုးခဲ့ကြပြီး ၎င်းမှာ အရောင်းအဝယ်စာချုပ်မဟုတ်ဘဲ MRF အနေဖြင့် COFCO ကို မြန်မာ့ဆန်စပါးဈေးကွက်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ပေးဖို့နဲ့ မြန်မာ့ဆန်ဝယ်ယူတဲ့ ကိစ္စအပေါ် ကူညီပေးရန်သာဖြစ်ကြောင်း သိရပါတယ်။

 

အရင်ပထမအကြိမ် အသင်းချုပ်နဲ့ COFCO တို့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီမှာ တန်တစ်သိန်းအတွက် MoU ရေးထိုးခဲ့ပါတယ်။ အခုတန်တစ်သိန်းအတွက် ဒုတိယအကြိမ် ထပ်မံရေးထိုးခြင်းဖြစ်ပါတယ်။ ပထမအကြိမ် တန်တစ်သိန်းအတွက် ၂၀၁၄ ခုနှစ် စက်တင်ဘာလ သမ္မတကြီးဦးသိန်းစိန်နဲ့ တရုတ်ဝန်ကြီးချုပ်တို့ တွေ့ဆုံမှုကရရှိခဲ့တဲ့ Quota ဖြစ်ပါတယ်။

 

Egg Retail & Wholesale ကြက်ဥ လက်လီ/လက်ကားရောင်းဝယ်ရေးပေါင်း ၂၄၃ ခုရှာရန် နှိပ်ပါ။


အခုဒုတိယအကြိမ်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တရုတ်သမ္မတတို့ ၂၀၁၉ ခုနှစ် ဧပြီလတွေ့ဆုံမှုမှရရှိတဲ့ ဒုတိယအကြိမ် Quota တန်တစ်သိန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ မှာ တရုတ်နိုင်ငံမှ ခွဲတမ်းရရှိခြင်းမရှိခဲ့ကြောင်း သိရပါတယ်။


 
Read More >>>>>  ပြင်သစ်နိုင်ငံမှ မျိုးကောင်းမျိုးသန့် ဝက်များ မြန်မာနိုင်ငံသို့ တင်သွင်းထား


COFCO အနေဖြင့် အရောင်းအဝယ်အတွက် တရုတ်ဘက်မှ ရွေးချယ်လက်ခံထားတဲ့ ကုမ္ပဏီ (၁၁) ခုနဲ့ တိုက်ရိုက်ညှိနှိုင်းပြီး အရောင်းအဝယ်လုပ်မှာဖြစ်ကြောင်း၊ လောလောဆယ် ကုမ္ပဏီ (၁၁) ခုနဲ့သာ တင်ပို့ရောင်းချနိုင်မှာဖြစ်ပေမယ့်လည်း MITS မှ စိစစ်ရွေးချယ်နေတဲ့ ကုမ္ပဏီများအနက် သတ်မှတ်ချက်များနဲ့ကိုက်ညီတဲ့ ကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံဘက်မှ လက်ခံတာနဲ့ ဆက်လက်တင်ပို့ခွင့်ရရှိမှာဖြစ်ကြောင်း သိရပါတယ်။

 

Source: Myanmar Times

Read times Last modified on Friday, 30 August 2019 10:40
Rate this item
(0 votes)