Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းနိုင်ငံသို့ အုန်းသီးတင်ပို့မှု ရပ်ဆိုင်းနေသဖြင့် တရုတ်ဈေးကွက်ရှာဖွေ

ထိုင်းနိုင်ငံသို့ အုန်းသီး တင်ပို့ရောင်းချမှုရပ်ဆိုင်းနေသ ဖြင့် တရုတ်နိုင်ငံဈေးကွက်ရှာဖွေ နေကြောင်း အုန်းသီးအစုအဖွဲ့ ဥက္ကဋ္ဌဦးမျိုးဝင်းက ပြောသည်။


ထိုင်းနိုင်ငံတွင် အုန်းသီးတစ် လုံးလျှင်ကျပ် ၈၀၀ မှ ၁,၀၀၀ အထိ ပေါက်ဈေးရှိရာမှ လက် ရှိတွင် ကျပ် ၂၅၀ မှ ၃၀၀ အထိ သာ ပေါက်ဈေးရှိနေကြောင်း၊ လက်ရှိပြည်တွင်းအုန်းသီးပေါက် ဈေးလည်း ကျပ် ၂၅၀ မှ ၃၀၀ ရှိကြောင်း ၎င်းကဆိုသည်။

 

‘‘ကမ္ဘာ့အုန်းသီးဈေးက ကျ ကိုကျနေတာပါ။ ထိုင်းနိုင်ငံကို ပြည်တွင်းကနေ အုန်းသီးတင်ပို့ တာတရားဝင်ရော၊ တရားမ၀င် ရောဆိုရင် အုန်းသီးအရေအတွက် သိန်းချီရှိမယ်လို့ ခန့်မှန်းလို့ရပါ တယ်။ အခုတော့ တရုတ်ဘက်ကို တင်ပို့နိုင်ဖို့ ဈေးကွက်ရှာနေပါ တယ်။

 

နောက်တစ်လ၊ နှစ်လနေမှ တရုတ်ကို အုန်းသီးပို့နိုင်မယ့်အ ခြေအနေကို ပြန်ပြောလို့ရမယ်။ အခုကတော့ ကြိုးစားနေဆဲပါ’’ ဟု ဦးမျိုးဝင်းကဆိုသည်။

 

မြန်မာနိုင်ငံတွင် ဇွန်လမှ ဖေဖော်ဝါရီအတွင်း အုန်းသီးလှိုင် လှိုင်ထွက်ရှိပြီး ဖေဖော်ဝါရီလ ကုန်မှ မေလကုန်အထိ အုန်းသီး အထွက်လျော့ကျကြောင်း မြန်မာ နိုင်ငံ အုန်းသီး အစုအဖွဲ့အထွေ ထွေအတွင်းရေးမှူး ဒေါ်စန်းစန်း ဟန်က ပြောကြားထားသည်။

 

ပြည်တွင်းတွင်လည်း စား သောက်ကုန် ကုန်ချောထုတ်လုပ် မှုမြင့်တက်လာသဖြင့် အုန်းသီး လိုအပ်ချက် နှစ်စဉ်မြင့်တက်လာ ပြီး စနစ်တကျစိုက်ပျိုးရန်လိုအပ် နေပြီဖြစ်ကြောင်း ဦးမျိုးဝင်းက ဆိုသည်။

 

မြန်မာနိုင်ငံတွင် အုန်းသီး စိုက်ပျိုးသူများသည် အုန်းသီးကို မြေတွင်ချကာ စိုက်ပျိုးပြီး မျိုး ကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုး မှု၊ အုန်းပင်ထိန်းသိမ်းစောင့် ရှောက်မှုအားနည်းကြောင်း ၎င်း ကပြောသည်။

 

၂၀၀၈ မတိုင်မီက ပြည် တွင်းအုန်းသီးထွက်ရှိမှုသည်  အ လုံးသိန်း ၆,၀၀၀ ကျော်ရှိသော် လည်း ၂၀၀၈ နာဂစ်မုန်တိုင်းအပြီး အုန်းသီးထွက်ရှိမှုသည် သိန်း ၄,၀၀၀ ကျော်သာရှိသည်ဟုအုန်း သီးအစုအဖွဲ့ စာရင်းများတွင် ဖော်ပြထားသည်။

 

မြန်မာနိုင်ငံတွင် အုန်းသီး စိုက်ဧက တစ်သိန်းသုံးသောင်း ကျော်ရှိပြီး ဆွတ်ခူးနိုင်ပြီဖြစ်သည့် အုန်းသီးစိုက်ဧက တစ်သိန်းကျော် ရှိကြောင်း အုန်သီးအစုအဖွဲ့စာ ရင်းများတွင် ဖော်ပြထားသည်။

 

Source: 7 days new

Read times
Rate this item
(0 votes)