Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် အခွန်တံဆိပ်ခေါင်းမကပ်၍ တိုင်ကြားခံရသော စားသောက်ဆိုင် ၁၁၀ ကျော်အထိရှိ

၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် အခွန်တံဆိပ်ခေါင်းမကပ်၍ တိုင်ကြားခံရသော စားသောက်ဆိုင် ၁၁၀ ကျော်အထိရှိ google.com

၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် အခွန်တံဆိပ်ခေါင်းမကပ်ဘဲ ရောင်းချနေသဖြင့်

တိုင်ကြားခံရသော စားသောက်ဆိုင်ပေါင်း ၁၁၇ ဆိုင်အထိရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန (ရန်ကုန်) အခွန်ဦးစီးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဇော်ထံမှ သိရပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်းများ၏ ငွေရှင်းပြေစာများတွင် ကျသင့်ငွေ၏ ၅% ကို ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကောက်ခံသော အခွန်ပြေစာကပ်နှိပ်သည့် စနစ်အား ၂၀၁၄ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

 

ယင်းကုန်သွယ်လုပ်ငန်းခွန်အတွက် သက်ဆိုင်ရာစည်းကမ်းချက်များအတိုင်း လိုက်နာခြင်းမရှိသော ဆိုင်များကို ၂၀၁၅ ခုနှစ်၊ ဧပြီလမှ စတင်၍ ဒဏ်ရိုက်အရေးယဲူ့ပြီး ယခုနှစ်တွင်လည်း ရှောင်တခင်စစ်ဆေးမှုနှင့် တိုင်ကြားမှုများ အရ ဒဏ်ရိုက်မှုများပြုလုပ်ရာမှ တိုင်ကြားခံရသော စားသောက်ဆိုင်ပေါင်း ၁၁၇ ဆိုင်အထိ ရှိခဲ့ကြောင်း သိရှိရပါတယ်။

 

၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ဒဏ်ငွေရိုက်ခဲ့သည့်ဆိုင်ပေါင်း ၅၀၇ ဆိုင်အထိ ရှိခဲ့ပြီး ဘဏ္ဍာငွေကျပ် တစ်ထောင့်သုံးရာသုံးဆယ်ခုနှစ်သိန်းကျော် ရရှိကြောင်း သိရပါတယ်။

 

ယင်းစားသောက်ဆိုင်များတွင် စားသုံးသူများ၏ အခွန်ပြေစာပေါ်တွင် အခွန်တံဆိပ်ခေါင်းမကပ်ပါက ၎င်းဆိုင်များကို ဒဏ်ရိုက်ကာ ဆက်လက်လိုက်နာခြင်းမရှိပါက လိုင်စင်သက်တမ်းတိုးသည့်အခါ အခွန်ထမ်းဆောင်ရန် ပျက်ကွက်ကြောင်း မှတ်ချက်ပေး၍ ကန့်ကွက်ခြင်း ခံရမည်ဖြစ်ကြောင်း သိရပါတယ်။

 

ယင်းအပြင် အခွန်များကို နိုင်ငံတော်သို့ ပေးသွင်းခြင်းမပြုဘဲ ကိုယ်ကျိုးအတွက် သုံးစွဲနေခြင်းမရှိစေရန် ယင်းဦးစီးဌာနမှ ၀န်ထမ်းများအနေဖြင့် အသွင်ယူစစ်ဆေးခြင်း၊ ပြည်သူ သို့မဟုတ် စားသုံးသူများ၏ တိုင်ကြားချက်များကို စစ်ဆေးခြင်း စသည့် နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 15:27
Rate this item
(1 Vote)