Food & Livestock
ဧရာဝတီတိုင်းဒေသကြီး မြို့နယ်အချို့မှထွက်ရှိသော အုန်းသီးများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေရ
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ကညင်ချောင်းကြီးကျေးရွာနေ လူငယ်များ သည် မိသားစုအပိုဝင်ငွေရရှိရေး
အတွက်မြို့နယ်အချို့မှထွက်ရှိသော အုန်းသီးများကိုဝယ်ယူ၍ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း သိရသည်။
ယင်းနယ်လှည့် ဝယ်ယူရရှိသော အုန်းသီးများကို နေအိမ်ရှိ ကျန်မိသားစုများက အုန်းသီး အကြီးအသေးရွေးချယ်ခြင်း၊ အုန်းခွံခွာခြင်းနှင့် ဈေးကွက်တင်ပို့ရန် အိတ်သွင်းခြင်း လုပ်ငန်းများ ကိုဆောင်ရွက်ပြီး ရန်ကုန်ဈေးကွက်သို့ တစ်လလျှင်သုံးကြိမ်၊ တစ်ကြိမ်လျှင် အုန်းသီးအလုံး ၁ဝဝဝ မှ ၁၂ဝဝ အထိ ပါဝင်ကာ ဆာလာအိတ်များဖြင့် ရောင်းချကြသည်။
''တစ်နှစ်လုံးလုပ်ရတဲ့လုပ်ငန်းပါ။ အုန်းသီးဒေသဝယ်ဈေး၊ အုန်းပင်တက်ခနဲ့ အုန်းသီးအခွံခွာခ အဆင့်ဆင့်ပေးပြီးရင် အုန်းသီးတစ်လုံး အသားတင်အမြတ်ငွေကျပ် ၅ဝ မှ၇ဝ အထိရှိပါတယ်။ ဈေးကောင်းတဲ့လတွေဆိုရင် တစ်လလျှင် အကျိုးအမြတ် ငွေကျပ်သုံးသိန်းမှ လေးသိန်းအထိ အကျိုးအမြတ် ရရှိပါတယ်'' ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါကျေးရွာနေ လူငယ်များသည်ဘိုကလေး၊ လပွတ္တာ၊ ဝါးခယ်မနှင့် မြောင်းမြမြို့တို့မှ အုန်းသီးများကို တစ်လုံးလျှင်ငွေကျပ်၁ဝဝ ပေး၍ဝယ်ယူပြီး ရန်ကုန်ဒိုင်ဈေးသို့ငွေကျပ် ၂ဝဝ မှ ၂၅ဝ ဖြင့် ရောင်းချကြောင်းသိရသည်။
Source: Myawady