Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ယူကရိန်းမှ စားနပ်ရိက္ခာသင်္ဘော ၄ စီး ထွက်ခွာ

ယူကရိန်းမှ စားနပ်ရိက္ခာသင်္ဘော ၄ စီး ထွက်ခွာ

ယူကရိန်းမှ တင်ပို့သည့် စားနပ်ရိက္ခာများတင်ဆောင်လာသည့် သင်္ဘော ၄စင်းသည်  ယူကရိန်းပင်လယ်နက်ဆိပ်ကမ်းများမှ တနင်္ဂနွေနေ့ (သြဂုတ် ၇ ရက်) တွင် ထွက်ခွာခဲ့ကြောင်း ယူကရိန်းနှင့် တူရကီတာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

ဝမ်းပုံ တင်ဆောင်သည့် bulk carriers သင်္ဘောများ ဖြစ်ကြပြီး ပြောင်းနှင့် အခြားအစားအစာ တန်ချိန် ၁၇၀,၀၀၀ နီးပါး တင်ဆောင်ထားကြောင်း ယူကရိန်းပင်လယ် ဆိပ်ကမ်းအာဏာပိုင်က Facebook တွင် တင်ပြခဲ့သည်။

 

စနေနေ့တွင် ကောက်ပဲသီးနှံများ တင်ဆောင်ရန်အတွက်  ဖေဖော်ဝါရီလ စစ်ပွဲစတင်ပြီးနောက် ပထမဆုံးအကြိမ် ယူကရိန်းနိုင်ငံသို့ နိုင်ငံခြားအလံတင်သင်္ဘောတစ်စင်း ရောက်ရှိလာခဲ့ကြောင်း အခြေခံအဆောက်အအုံဝန်ကြီး Oleksandr Kubrakov က ပြောကြားခဲ့သည်။

 

"ကျွန်‌တော်တို့ ပိုကြီးမားသော ပမာဏသို့ တဖြည်းဖြည်း တိုးမြှင့်သွားပါမယ်။ မဝေးတော့သော အနာဂတ်တွင် တစ်လလျှင် သင်္ဘောအစီးရေ ၁၀၀ ထက်မနည်း ဆိပ်ကမ်းများက ကိုင်တွယ်‌ေပးနိုင်တာ သေချာစေရန် စီစဉ်ထားပါသည်" ဟု Facebook တွင် ၎င်းက တနင်္ဂနွေနေ့က တင်ပြခဲ့သည်။

ယူကရိန်းသည် မကြာမီတွင် ကောက်ပဲသီးနှံ တင်ပို့မှု ပဏာမခြေလှမ်းကို အကောင်အထည်ဖော်ရာတွင် Pivdennyi ဆိပ်ကမ်းကို အသုံးပြုရန် စီစဉ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။ ရလဒ်အနေဖြင့် ယူကရိန်းသည် တစ်လလျှင် အနည်းဆုံး ကုန်စည်တန်ချိန် ၃ သန်း တင်ပို့နိုင်မည်ဟု ၎င်းက မျှော်လင့်သည်။

ယူကရိန်းကို ရုရှားက မကျူးကျော်ခင်မှာ ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံ စုစုပေါင်း ဂျုံတင်ပို့မှု တန်ချိန် ပမာဏသည် ကမ္ဘာ့ဂျုံတင်ပို့မှု၏ သုံးပုံတစ်ပုံနီးပါး ရှိပါသည်။

 

ရုရှား၊ ယူကရိန်း၊ တူရကီနှင့် ကုလသမဂ္ဂ အမှုထမ်းများ လုပ်ဆောင်နေသည့် အစ္စတန်ဘူလ်ရှိ ပူးတွဲညှိနှိုင်းရေးစင်တာ Joint Coordination Centre (JCC)မှ ကောက်ပဲသီးနှံတင်ပို့မှု ပြန်လည်စတင်ခြင်းကို ကြီးကြပ်လျက်ရှိသည်။

 

ပင်လယ်နက်စင်္ကြံမှတစ်ဆင့် သင်္ဘောအသစ်ငါးစင်း ထွက်ခွာခွင့်ပြုခဲ့ကြောင်း JCC က စနေနေ့နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။ စားနပ်ရိက္ခာတန်ချိန် စုစုပေါင်း မက်ထရစ်တန် ၁၆၁,၀၈၄ တင်ဆောင်ထားသည့် သင်္ဘော ၄ စီး ထွက်ခွာသည်။ ကုန်တင်ရန် သင်္ဘောတစ်စီး ဝင်ရောက်သည်။

တူရကီကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်တွင် ယူကရိန်းဆိပ်ကမ်းများမှ ထွက်ခွာသွားသော သင်္ဘောများတွင် အစ္စတန်ဘူလ်သို့ တင်ပို့သည့် ကောက်ပဲသီးနှံ တန်ချိန် ၆၆,၀၀၀ တင်ဆောင်ထားသည့် သင်္ဘော Glory နှင့် တူရကီနိုင်ငံ Iskenderun သို့ ပို့ဆောင်မည့် ကောက်ပဲသီးနှံ တန်ချိန်  ၄၄,၀၀၀ တင်ဆောင်ထားသည့် သင်္ဘော Riva Wind တို့ ပါဝင်ကြောင်း  ဖော်ပြထားသည်။ 

 ကျန်သည့် သင်္ဘော ၂ စီးမှာ တရုတ်နိုင်ငံသို့ ပို့ဆောင်မည့် တိရစ္ဆာန်အစာ တန်ချိန် ၄၅,၀၀၀ တင်ဆောင်ထားသည့် Star Helena နှင့် အီတလီသို့ ပို့ဆောင်မည့် နေကြာဆီ တန်ချိန် ၆,၀၀၀ တင်ဆောင်ထားသည့် Mustafa Necati တို့ ဖြစ်သည်။

 #MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U

Source: CNA

Read times
Rate this item
(0 votes)