Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကောက်စိုက်စက်ဖြင့် လယ်ယာလုပ်သား ရှားပါးလာမှု အခက်အခဲများကိုပြေလည်စေမည်

ကောက်စိုက်စက်ကို အသုံးပြုကာ စပါးစိုက်ပျိုးခြင်းအားဖြင့် လယ်ယာလုပ်သား ရှားပါးလာမှု အခက်အခဲများကိုပြေလည်စေမည်။

တောင်သူများအနေဖြင့် ကောက်စိုက်စက်ကို အသုံးပြုကာ စပါးစိုက်ပျိုးခြင်းအားဖြင့် လယ်ယာ လုပ်ငန်းခွင် တွင် လယ်ယာလုပ်သားရှားပါးလာမှု အခက်အခဲများ ပြေလည်စေမည်ဖြစ်ပြီး စပါးအထွက် နှုန်းများလည်း တိုးတက် လာစေမည်ဖြစ်ကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာနမှသိရသည်။

စပါးစိုက်ပျိုးရာတွင် ကြဲခင်းစနစ်ဖြင့် တစ်ဧစိုက်ပါက လယ်ယာလုပ်သား (၁၂)ဦး အသုံးပြုရမည်ဖြစ်ပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပါက စက်မောင်းတစ်ဦးနှင့် ပျိုးသယ်နှစ်ဦးသာ အသုံးပြုရမည် ဖြစ်သောကြောင့်လယ်ယာ လုပ်သားရှားပါးမှုများကို ပြေလည်စေမည်ဖြစ်သလို တစ်နေ့လျှင် ငါးဧကခန့်စိုက်ပျိုး ပြီးစီးသဖြင့်လုပ်ငန်းတွင်ကျယ် ကြောင်းလည်း သိရသည်။

ထို့အပြင် ပျိုးကုန်ကျမှုများအနေဖြင့် ကြဲခင်းစနစ်တွင် တစ်ဧကလျှင် စပါးနှစ်တင်းခွဲကုန်ကျပြီး ကောက်စိုက်စက် ဖြင့် စပါးစိုက်ပျိုးပါကပျိုး (၁၂) ပြည်သာကုန်သဖြင့် ပျိုးကုန်ကျမှုစရိတ်များလည်း သက်သာမည်ဖြစ်သလို စက်ဖြင့် စိုက်ပျိုးခြင်းဖြစ်သည့်အတွက်လည်း ပင်ကြားတန်းကြားမှန်ကာ လေဝင်၊ လေထွက်ကောင်း မွန်သည့်အတွက် ပင်ပွား နှုန်းကောင်းမွန်ပြီး စပါးအထွက်နှုန်းများလည်း တိုးတက် ကောင်းမွန်လာမည်ဖြစ်သောကြောင့် တောင်သူများ အနေဖြင့် စိုက်ပျိုးမှုကုန်ကျစရိတ်များကို လျှော့ချနိုင်ကာဝင်ငွေတိုးတက်မှုများ လည်းရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

ကိုဗစ်-၁၉ရောဂါကာလအတွင်း လယ်ယာလုပ်သား ရှားပါးလာမှုအခက်အခဲများကို ကူညီဖြေရှင်းပေး နိုင်ရန်နှင့် တောင်သူများ စက်စွမ်းအားကို အသုံးပြုကာ စပါးအလွယ်တကူ စိုက်ပျိုးနိုင်ရန်အတွက် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပေးခြင်း၊ ကောက်စိုက်စက် အသုံးပြုပုံအသုံးပြုနည်း သရုပ်ပြပွဲများ ပြသပေးခြင်းဖြင့် တောင်သူများအား နည်းပညာများကို ဖြန့်ဝေဆောင်ရွက်ပေးလျက်ပြီး တောင်သူများ စပါးထွန်ယက်စိုက်ပျိုးချိန်ကာလအတွင်း အခက် အခဲများဖြစ်ပေါ်ခြင်းနှင့် လယ်ယာသုံးစက် ပစ္စည်းများဝယ်ယူလိုပါကလည်း မြို့နယ်စက်မှု လယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင် ဖုန်း-၀၉၇၉၉၄၂၅၀၂၁ ထံသို့ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်းလည်း သိရသည်။

myotaw.news

Read times
Rate this item
(0 votes)