Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်နီဈေးပြန်တက်ဖို့အလားအလာမရှိသေး

ပြည်တွင်းကြက်သွန်နီတွေ လက်ရှိမှာ အနိမ့်ဆုံးဈေးကို ရောက်ရှိနေသလို ပစ္စည်းအရည်အသွေးတွေလည်း

နိမ့်ကျနေတဲ့အတွက် ပြန်တက်ဖို့ အလားအလာမရှိသေးဘူးလို့ ကြက်သွန်နီ ကုန်သည်အချို့ဆီက သိရပါတယ်။

 

ကြက်သွန်နီဈေးတွေက သင်္ကြန်ကာလမှာကတည်းက အကျဘက်ကို ဦးတည်နေပြီး ယခုဆိုရင် ရှယ်စတစ်ပိဿာကို ကျပ် ၅၀၀ အထိ ကျဆင်းနေကြောင်း သိရပါတယ်။

 

ပြည်တွင်းကြက်သွန်နီဈေးတွေ အခုလို ဈေးတွေကျဆင်းနေတာက ပစ္စည်းအရည်အသွေးမကောင်းခြင်း၊ တရုတ်ကြက်သွန်နီတွေကို ကုန်သည်တွေအနေနဲ့ ဈေးချရောင်းလာခြင်းကြောင့် ဖြစ်ကြောင်း သိရပါတယ်။

 

လက်ရှိရန်ကုန် ဘုရင့်နောင်ဈေးကွက်တွင် ရှယ်စတစ်ပိဿာကို ၅၀၀ ကျပ် ရှိနေပြီး နယ်ဈေးတွေက တစ်ပိဿာကို ၄၀၀ ကျပ်ဈေးအထိ ဈေးချရောင်းနေကြောင်း သိရပါတယ်။

 

ဘုရင့်နောင်ဈေးကွက်မှာလည်း ကြက်သွန်နီ အရောင်းအ၀ယ်အေးနေပေမယ့် ကြက်သွန်နီကား ၁၂ ဘီးကား အစီးရေက လက်ရှိမှာ တစ်နေ့ကို ၃၀ ပတ်ဝန်းကျင်လောက် ၀င်ရောက်နေတယ်လို့ ဘုရင့်နောင်ကြက်သွန်ဈေးကွက်က ကြက်သွန်ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

တောင်သူတွေမှန်းတာကတော့ တော်တော်နဲ့ တက်ဖို့ မလွယ်သေးဘူးလို့ မှန်းကြပြီး နယ်ဈေးကတော့ ဒီထက်ကျမယ်လို့ တောင် တွက်ထားခြင်း၊ အထွက်နှုန်းမကောင်းပေမယ့် ဒီနှစ်က စိုက်ဧကများလာတော့ ကြက်သွန်တွေလည်း ပိုထွက်ကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 14:07
Rate this item
(0 votes)