Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အခြေခံ စားသောက်ကုန်များ၏ တစ်ပတ်အတွင်း ဈေးကွက် သုံးသပ်ချက်

အခြေခံ စားသောက်ကုန်တွေဖြစ်တဲ့ ဆန်စပါး၊ မတ်ပဲ (FAQ/RC)၊ ပဲစင်းငုံနီ၊ မြေပဲဆန်၊ ပြောင်း၊ ကြက်သွန်နီတို့ရဲ့ တစ်ပတ်အတွင်း ဈေးနှုန်းအတက်အကျတွေကို စာဖတ်သူတွေ သိရှိ စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

 

ဆန်၊ စပါး

ရန်ကုန်ဈေးကွက်မှာ ပေါ်ဆန်းဆန်သစ်တွေ စတင်ဝင်ရောက်ပြီး အရောင်းအဝယ် ပုံမှန်ရှိနေပါတယ်။   ဒါ့ပြင်    ဆန်ကြမ်း အသစ်တွေပါ ဝင်ရောက်နေပါတယ်။

 

အသစ်ဝင်ရောက်လာတဲ့ မြောင်းမြပေါ်ဆန်း ဆန်သစ်တစ်အိတ်ကို  ငွေကျပ် ၃၈ဝဝဝ ကနေ ၄၂ဝဝဝ၊ ဖျာပုံပေါ်ဆန်း ဆန်သစ်တစ်အိတ်ကို  ငွေကျပ်  ၃၆ဝဝဝ  ကနေ ၃၈ဝဝဝ၊ ဒေးဒရဲပေါ်ဆန်း ဆန်သစ်တစ်အိတ်ကို ငွေကျပ်  ၃၆ဝဝဝ  ကနေ  ၃၈ဝဝဝ၊ နယ်စုံကပေါ်ဆန်း ဆန်သစ်တစ်အိတ်ကို ငွေကျပ်  ၃၃ဝဝဝ ကနေ ၃၅ဝဝဝ၊ ကြား/ပျံ ရှယ် ဆန်သစ်တစ်အိတ်ကို  ငွေကျပ်  ၃၅ဝဝဝ ကနေ ၄ဝဝဝဝ ရှိပြီး တချို့ဆန်သစ်တွေက ဈေးနှုန်းအတက်အကျ  အပြောင်းအလဲ ရှိပါတယ်။

 

ဆန်ကြမ်းဖြစ်တဲ့  ငစိန်က  အသစ်ဝင်ရောက်လာတာ ဖြစ်ပြီး တစ်အိတ်ကို ငွေကျပ် ၁၉ဝဝဝ ကနေ  ၁၉၇ဝဝ၊  ဧည့်မထဆန်သစ် တစ်အိတ်ကို ငွေကျပ်  ၂၁ဝဝဝ ကနေ ၂၂၅ဝဝ၊ ရက် ၉ဝ ဆန်သစ်တစ်အိတ်ကို ငွေကျပ် ၂၁၅ဝဝ ကနေ ၂၂၅ဝဝ အသီးသီး ဈေးရှိပါတယ်။ လက်ရှိမှာ ဆန်သစ်တွေ ဆက်တိုက်ဝင်ရောက်နေပေမယ့် ဆန်ဟောင်း ဝင်ရောက်မှုက နည်းသွားပါတယ်။

 

ပုသိမ်ဈေးကွက်မှာ   စပါးအဝင်မရှိ သလောက်နည်းပါးပြီး  ဆန်ဟောင်းတွေလည်း အဝင်နည်းကာ ဈေးတက်လာပါတယ်။ ပထမတန်းစားဖြစ်တဲ့ ဧရာဝတီပေါ်ဆန်း ဆန်တစ်အိတ်ကို ငွေကျပ် ၅၅ဝဝဝ ရှိရာ ငွေကျပ် ၂ဝဝဝ ဈေးတက်လာပြီး  ဖျာပုံ ပေါ်ဆန်းတစ်အိတ်ကို ငွေကျပ် ၅၃ဝဝဝ ရှိရာ ငွေကျပ်  ၂ဝဝဝ ဈေးမြင့်တက်လာပါတယ်။

 

ဒုတိယတန်းစားဖြစ်တဲ့  ရွှေသွယ်လေး ဆန်တစ်အိတ်ကို ငွေကျပ် ၂၆၅ဝဝ ရှိရာ ငွေကျပ် ၅ဝဝ ဈေးတက်လာပြီး  သီးထပ်ရင်က တစ်အိတ်ကို  ငွေကျပ် ၂၆ဝဝဝ ရှိရာ ငွေကျပ် ၅ဝဝ ဈေးမြင့်တက်လာပါတယ်။

 

မတ်ပဲ (FAQ/RC)

ဒီတစ်ပတ်မှာ မတ်ပဲက   ရုတ်တရက် ဈေးထိုးကျသွားတဲ့ အတွက် ပဲလှောင်တဲ့သူတွေနဲ့ ရောင်းဖို့ပြင်ဆင်နေတဲ့သူတွေ ဆက်ရောင်းရမလား၊ ထပ်ပြီး ဈေးကျသွားမလား ဆိုပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။

 

အိန္ဒိယနိုင်ငံက ပဲဆက်တိုက်ဝယ်ယူခဲ့ပေမယ့် ပြည်တွင်းမှာ ငွေလဲလှယ်နှုန်း ရုတ် တရက် ကျဆင်းသွားတဲ့အတွက် ပဲဈေးလည်း ကျဆင်းသွားတာဖြစ်ပါတယ်။ရုတ်တရက် ကျဆင်းသွားတဲ့ အမေရိကန်ဒေါ်လာဈေးကို ထိန်းချုပ်တဲ့ အနေနဲ့ မြန်မာနိုင်ငံတော်ဗဟို ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၃ဝ ဖိုး ဝယ်ယူတဲ့အတွက် ငွေဈေးတွေပြန်တက်လာပြီး ပဲဈေးတွေလည်း ပြန်လည်မြင့်တက်လာပါတယ်။

 

နိုဝင်ဘာလကတည်းက အိန္ဒိယက ပဲဆက်တိုက် ဝယ်ယူနေတဲ့အတွက်  တစ်တန်ကို ငွေကျပ် တစ်သိန်းခွဲကျော် ဈေးတက်တဲ့ မတ်ပဲက ဒီတစ်ပတ်မှာ တစ်တန်ကို  ငွေကျပ် ၇၉၉ဝဝဝ ဈေးနှုန်းပြန်လည် ကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ မတ်ပဲတစ်တင်းကို ငွေကျပ် ၂၄၅ဝဝ ရှိပြီး  ငွေကျပ် ၄ဝဝဝ လောက် ဈေးကျဆင်းသွားပါတယ်။ နေပြည် တော်ကုန်စည်ဒိုင်မှာ  မတ်ပဲတစ်တင်းကို  ငွေကျပ် ၂၈ဝဝဝ နဲ့ ဈေးငြိမ်နေပါတယ်။

 

ပဲစင်းငုံနီ

ပဲစင်းငုံနီက   ငွေဈေးအပြောင်းအလဲကြောင့်  ရုတ်တရက် ဈေးကျဆင်းပေမယ့် နှစ်ရက်အတွင်း  ဈေးပြန်တက်လာပါတယ်။ ပဲစင်းငုံနီ တစ်တန်ကို  ငွေကျပ် ၇၉ဝဝဝဝ အထိ ဈေးပြန်လည်ကျဆင်း သွားပါတယ်။

 

လက်ရှိ အိန္ဒိယကို ပဲစင်းငုံနီတင်ပို့မှုက နေ့စဉ် ကွန်တိန်နာ ၁ဝ လုံးလောက်သာ ရှိနေပါတယ်။ အရင်က အိန္ဒိယအနေနဲ့   ပဲစင်းငုံနီဝယ်ယူမှုကို  သိပ်ပြီး ဦးစားမပေးပေမယ့် သူတို့နိုင်ငံရဲ့ တစ်ရက်ထက် တစ်ရက် ဆိုးရွားလာတဲ့ ရာသီဥတုကြောင့် အထွက်နှုန်း ကျဆင်းနိုင်တဲ့  ပဲစင်းငုံနီကို ဈေးပိုပေးပြီး ဝယ်ယူနိုင်ခြေတွေ ရှိတဲ့အတွက်  ဈေးက  ဆက်ပြီး တက်နိုင်ခြေရှိတယ်လို့  ကုန်သည်တွေက သုံးသပ်ထားပါတယ်။

 

သိုလှောင်ပဲတွေကလည်း ရှိနေတဲ့အတွက် လက်ရှိမှာ  ဦးစားပေးဝယ်ယူမှုက  မတ်ပဲ သာဖြစ်နေပြီး ပဲစင်းငုံနီဝယ်ယူမှုက မကြာခင် များလာနိုင်တယ်လို့  သုံးသပ်ထားပါတယ်။

 

မုံရွာကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ တစ်တင်းကို ငွေကျပ် ၂၃၅ဝဝ ရှိပြီး ငွေကျပ် ၂၅ဝဝ ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ  ပဲစင်းငုံနီ တစ်တင်းကို ငွေကျပ် ၂၅၉ဝဝ ရှိရာ ငွေကျပ် ၈ဝဝ ဈေးကျဆင်း သွားပါတယ်။

 

မြေပဲဆန်

မြေပဲဆန်က လုံးဆန်ရော ဆီဆန်ပါ ဈေးတက်နေပါတယ်။  တချို့ဒေသတွေမှာ လက်ကျန်တွေနည်းပြီး  အသစ်တွေ မဝင်သေးတဲ့အတွက် ဈေးတက်နေသလို  တချို့ ဒေသတွေက   အသစ်တွေဝင်နေပေမယ့် လက်ကျန်ကိုသာ ဖြတ်နေတဲ့အတွက် အရောင်း အဝယ်ပုံမှန်ရှိပြီး ဈေးငြိမ်နေပါတယ်။

 

မုံရွာကုန်စည်ဒိုင်မှာ မြေပဲလုံး (လုံးဆန်)က တစ်ပိဿာကို ငွေကျပ် ၂၉ဝဝ ရှိပြီး ငွေကျပ် ၅ဝ ဈေးတက်လာပါတယ်။   ဆီဆန်ကတော့ တစ်ပိဿာကို ငွေကျပ် ၂၇ဝဝ ရှိပြီး ငွေကျပ် ၇ဝ ဈေးတက်လာပါတယ်။ မြင်းခြံ ကုန်စည်ဒိုင်မှာ မြေပဲလုံး(လုံးဆန်) တစ်ပိဿာ ကို ငွေကျပ် ၂၉၂၅ ကျပ်ရှိပြီး  ငွေကျပ် ၇၅ ကျပ် ဈေးတက်လာပါတယ်။ ဆီဆန်က တစ်ပိဿာကို ငွေကျပ် ၂၇ဝဝ ရှိပြီး ငွေကျပ် ၂၅ ကျပ် ဈေးမြင့်တက်လာပါတယ်။

 

ပြောင်း

တရုတ်နိုင်ငံကို အဓိကတင်ပို့နေတဲ့ စီပီပြောင်းက အသစ်တွေ ဝင်ရောက်လာပေမယ့် ဈေးကျဆင်းသွားပါတယ်။ တရုတ်နိုင်ငံက ဖမ်းဆီးနေတာကြောင့် တင်ပို့လို့မရတဲ့ ပြောင်းတွေ  မူဆယ်ကုန်စည်ဒိုင်မှာ များနေပါတယ်။   အရောင်းအဝယ် ခဏရပ်ထားတဲ့ ပြောင်းတွေက   အရည်အသွေးပိုင်းမှာ ညံ့သွားတဲ့အတွက် အရောင်းအဝယ်လည်း ကျဆင်းသွားပါတယ်။

 

ဒါ့ပြင် တရုတ်နိုင်ငံက အသစ်ဝင်လာတဲ့ ပြောင်းတွေကိုသာ  ဝယ်ယူနေတဲ့အတွက် ကုန်လက်ကျန်တွေများပြီး အရှုံးပေါ်နေပါတယ်။ လားရှိုးကုန်စည်ဒိုင်မှာ    စီပီပြောင်း တစ်ပိဿာကို ငွေကျပ် ၄၃ဝ ကနေ ၅ဝဝ ပေါက်ဈေးရှိပြီး ငွေကျပ် ၅ဝ လောက်ဈေး ကျဆင်းသွားပါတယ်။

 

ကြက်သွန်နီ

ကြက်သွန်နီက အဝင်ပုံမှန်ရှိနေပေမယ့် ဈေးအတက်အကျ အပြောင်းအလဲရှိနေပါတယ်။   မိုးကြက်သွန်သစ်တွေ နယ်ကုန်စည်ဒိုင် တချို့ကို ဝင်ရောက်လာပြီး  အရည်အသွေးပိုင်းမှာ အနည်းငယ်ညံ့နေတဲ့အတွက် အသစ်ဝင်လာတဲ့ ကြက်သွန်တွေဈေးကောင်း မရရှိဘူးလို့ သိရပါတယ်။

 

ကြက်သွန်နီတွေ ဈေးအနည်းငယ်ထပ်ပြီး ကျဆင်းသွားပါတယ်။ကြက်သွန်အဝင်က တစ်ရက်ကို ပိဿာချိန် ၄ဝဝဝဝ လောက်ဝင် နေပေမယ့်  ဈေးအတက် သိပ်မရှိတာတွေ့ရ ပါတယ်။

 

ကြက်သွန်အဓိက ထွက်တဲ့  ပခုက္ကူကုန် စည်ဒိုင်မှာ တစ်ပိဿာကို ငွေကျပ် ၆၅ဝ ကနေ ၈၅ဝ ရှိပြီး ငွေကျပ် ၅ဝ ဈေးကျဆင်း သွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ တစ်ပိဿာကို ငွေကျပ် ၆ဝဝ ကနေ ၈၇၅ ကျပ် ရှိပြီး ငွေကျပ် ၂၅ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။   

 

Source: Myawaddy

Read times Last modified on Wednesday, 12 December 2018 14:33
Rate this item
(1 Vote)