Food & Livestock



ပင်လယ်နက် ပို့ကုန်စင်္ကြံ သဘောတူခွင့်ပြုချက် ရုပ်သိမ်းလိုက်သည့်အတွက် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်ခြင်း လက်ငင်းအကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိမည်

ပင်လယ်နက် ပို့ကုန်စင်္ကြံ သဘောတူခွင့်ပြုချက် ရုပ်သိမ်းလိုက်သည့်အတွက်  စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်ခြင်း လက်ငင်းအကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိမည်

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel 

ပင်လယ်နက် ပို့ကုန်စင်္ကြံ သဘောတူခွင့်ပြုချက် ရုပ်သိမ်းလိုက်သည့်အတွက်  စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်ခြင်း လက်ငင်းအကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိမည်

 

လွန်ခဲ့သည့်နှစ်အတွင်း ယူကရိန်းစပါးတန်ချိန် ၃၂ သန်းကျော် တင်ပို့ခွင့်ပြုခဲ့သည့် ပင်လယ်နက် ပို့ကုန်စင်္ကြံကို ရုရှားက သဘောတူခွင့်ပြုချက် ရုပ်သိမ်းလိုက်သည့်အတွက် ချက်ချင်းအကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိမည်ဖြစ်သော်လည်း ကာလလတ်တွင် ဈေးကွက်အတွင်း ကုန်စည်မလုံလောက်မှုနှင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။

 

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုရှားနိုင်ငံမှ ယူကရိန်းနိုင်ငံသို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး ယူကရိန်း လယ်ယာထွက်ကုန်များအတွက် အဓိကတင်ပို့သည့် လမ်းကြောင်းဖြစ်သည့် ပင်လယ်နက်တွင် သင်္ဘောတင်ပို့မှုကို ဖြတ်တောက်ခဲ့သည်။

 

ယူကရိန်းသည် နေကြာစေ့ဆီ ကမ္ဘာ့ထိပ်တန်း တင်ပို့သည့်နိုင်ငံဖြစ်ပြီး ဂျုံနှင့် ပြောင်းအတွက် စတုတ္ထအများဆုံး တင်ပို့သည်။ ကုန်စည်စီးဆင်းမှု ရုတ်တရက်ပြတ်တောက်သွားသည့်အတွက် သက်ရောက်မှုသည် မေလတွင် အထွတ်အထိပ်သို့ ရောက်သည်။ စံချိန်တင် အမြင့်ဆုံးသို့ စျေးနှုန်းများကို တွန်းတင်ပေးခဲ့သည်။

ပို့ကုန်စင်္ကြံကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။ ဈေးနှုန်းများ ပြန်လည်ကျဆင်းသွားစေခဲ့သည်။

 

ယခုနှစ်တွင် ယူကရိန်းသည် စစ်ဘေးဒဏ်ကြောင့် ထုတ်လုပ်မှု လျော့ကျသည်။

ဂျုံထုတ်လုပ်မှုသည် ၂၀၂၁-၂၀၂၂ ရာသီတွင် တန်ချိန် ၃၃ သန်း ထုတ်လုပ်သည်။ ၂၀၂၃-၂၀၂၄ ရာသီတွင် တန်ချိန် ၁၇.၅ သန်းသာ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းသည်။

 

ပြောင်းအထွက်နှုန်းမှာ တန်ချိန် ၄၂ သန်းမှ ၂၅ သန်းသို့ ကျဆင်းမည်ဟု မျှော်မှန်းထားသည်။

 

ယခု ကုန်စည်စီးဆင်းမှု ပြန်လည်ပြတ်တောက်သွားပြန်သဖြင့် ချက်ချင်းလက်ငင်း သက်ရောက်မှုသည် သိသာမည် မဟုတ်ချေ။ အကြောင်းမှာ လက်ရှိအချိန်သည် ကမ္ဘာ့မြောက်ခြမ်းနိုင်ငံများတွင် ရိတ်သိမ်းချိန် ဖြစ်နေသည်။ အသစ်ပေါ်သည့် နှံစားသီးနှံများ ဈေးကွက်ထဲ စီးဝင်နေမည် ဖြစ်သည်။ ထို့ပြင် ယူကရိန်းနှံစားသီးနှံများသည် ရထားလမ်း၊ မြစ်၊ ကားလမ်းတို့ဖြင့် ဥရောပသို့ အထိုက်အလျောက် တင်ပို့နေသည်။

 

လက်ရှိတွင် ကမ္ဘာ့ဈေးကွက်တွင် ဂျုံရှားပါးမှု မရှိချေ။ သို့သော် ဂျုံပို့ကုန် တန်ချိန် ၁၂.၅ သန်းသည် ရုရှားထံ၌ ရှိနေပြီး ပိတ်ဆို့အရေးယူခြင်းကြောင့် ကမ္ဘာ့ဈေးကွက်ထဲသို့ ရောက်မလာနိုင်ချေ။ ၎င်းဂျုံသည့် ကမ္ဘာ့ဈေးအသက်သာဆုံး ဂျုံများ ဖြစ်သည်။ တနည်းဆိုရသော် ကမ္ဘာ့ဂျုံဈေး မြင့်မတက်အောင် ထိနိးပေးထားနိုင်သည်။

ယခုအခါ ယူကရိန်းဂျုံနှင့် ရုရှားဂျုံတို့ ကမ္ဘာ့ဈေးကွက်ထဲ ရောက်မလာနိုင်တော့ချေ။ အိန္ဒိယနိုင်ငံကလည်း ဂျုံတင်ပို့မှု ကန့်သတ်ထားသည်။

 

ပြောင်းသည် ဂျုံလောက် ပြဿနာ ကြီးထွားမလာဟု ခန့်မှန်းထားကြသည်။ 

 ကမ္ဘာ့ပြောင်းအများဆုံးတင်သွင်းသည့် တရုတ်နိုင်ငံသည် စံချိန်တင် အထွက်နှုန်း ရရှိထားပြီး ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနေသည့် ဘရာဇီးနိုင်ငံထံမှ ရယူနေသည်။

Source AFP

 

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

Read times Last modified on Tuesday, 18 July 2023 17:46
Rate this item
(0 votes)