Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


CERPအစီအစဉ်ဖြင့် စိုက်ပျိုးထားသော စပါးများအား မျိုးစပါးများအဖြစ် ပြန်လည်ဝယ်ယူ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများ စပါး စိုက်ပျိုးချိန်တွင် မျိုးကောင်းမျိုးသန့်စပါးမျိုးများကို အလွယ်တကူရရှိနိုင်ရေးအတွက်

CERP ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် မျိုးသန့်မျိုးစေ့ထုတ်တောင်သူများ စိုက်ပျိုးကာ ရရှိလာသည့် စပါး များကို မျိုးစပါးများအဖြစ် ပြန်လည်ဝယ်ယူဆောင်ရွက်နေပြီး တောင်သူများ လိုအပ်ချိန်တွင် ပြန်လည်၍ ရောင်းချ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှသိရသည်။

ထန်းတပင်မြို့နယ်အတွင်း CERP ကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် စပါးစိုက် ဧကပေါင်း(၁၀၀၉)ဧကရှိသည့်အနက် ရိတ်သိမ်းပြီးသည့် ဧက(၆၅၆)ဧကရှိရာ ရိတ်သိမ်းပြီးသည့် စပါးများကိုလည်း မျိုးစပါးများအဖြစ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စပါးတစ်တင်းလျှင်ငွေကျပ် ၇၃ဝဝ နှုန်းဖြင့် ပြန်လည်ဝယ်ယူ ဆောင်ရွက်နေသလို တောင်သူများကလည်း ၄င်းတို့၏ အစီအစဉ်များဖြင့် ပြန်လည်၍ရောင်းချမှုများလည်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

myotaw.news

Read times
Rate this item
(0 votes)