Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငရုတ်မျိုးကောင်းပါက တစ်ဧကလျှင် ငွေကျပ် သိန်း ၇ဝ ဝန်းကျင်အထိ ရရှိနိုင်

ငရုတ်စိုက်တောင်သူများ အနေဖြင့် အထွက်နှုန်းကောင်းပြီး ပိုးမွှားရောဂါဒဏ် ခံနိုင်သည့် မျိုးကောင်းမျိုးသန့်များကိုသာ  

ရွေးချယ်စိုက်ပျိုးပါက   အပင်ပြုစုမှု ကောင်းမွန်ရုံဖြင့်  ငရုတ်တစ်ဧက စိုက်လျှင် ငွေကျပ် သိန်း ၇ဝ ခန့် အကျိုးအမြတ် ပြန်ရနိုင်ကြောင်း  ဘုတလင်မြို့နယ်    ငရုတ်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူထံမှ သိရပါတယ်။

 

''ထိုင်းနိုင်ငံကတင်သွင်းတဲ့ လပ်ကီးဝမ်း အစိမ်းစားငရုတ်မျိုးက   အတောင့်ရှည်ပြီး အလုံးအဆန်လှတယ်။  ဒီမျိုးကို  စမ်းသပ်စိုက်ပျိုးတာ နှစ်နှစ်ရှိပါပြီ။ ဒီနှစ်မှဈေးကွက်ထဲကို စပြီးတင်ပို့တာပါ။ တစ်ဧကကို  မျိုးထုပ် ရှစ်ထုပ်သုံးရတယ်။ ပျိုးသက်အပါအဝင် ရက် ၆ဝ နောက်ပိုင်းကနေ  တစ်ပတ်တစ်ကြိမ် ဆွတ်ခူးရောင်းရတယ်။ အပင်ပြုစုမှုကောင်းရင် တစ်နှစ်လောက်ဆိုခူးလို့ရတယ်။ လက်ရှိမှာ တစ်ဧကကို ပိဿာ ၁၅ဝ လောက်ထွက်တယ်။ ဓာတုပိုးသတ်ဆေး၊ မှိုသတ်ဆေး လုံးဝမသုံးဘူး။  သဘာဝမြေသြဇာနဲ့  သဘာဝမြေဆီပဲ သုံးတယ်။ ဒါကြောင့် ဈေးကွက်မှာလည်း ဈေးပိုရတယ်'' ဟု ငရုတ်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူမှ  ပြောကြားခဲ့ပါတယ်။

 

ငရုတ်တစ်ဧကစိုက်ပျိုးစရိတ်မှာ မြေပြုပြင်ခြင်း၊ မျိုးနှင့်သဘာဝမြေသြဇာ၊ လုပ်အားခအပါအဝင်  ငွေကျပ်  တစ်သိန်းခွဲခန့်သာကုန်ကျခဲ့ပါတယ်။

 

''ဘုတလင်မြို့နယ်မှာရှိတဲ့ ယုန်နဲကုန်း၊ ကန်ဆွယ်၊ ထနောင်းကုန်း၊ လေးမြေ ကျေးရွာတွေမှာဆို ရွာလုံးကျွတ်နီးပါး ငရုတ်စိုက်ပျိုးပြီး မနှစ်က စိုက်ဧက ၃ဝဝ နီးပါးရှိပါတယ်။အရင်ကတော့ ဒေသငရုတ်မျိုးတွေကို တစ်ပိုင်တစ်နိုင်ပဲ  စိုက်ပျိုးကြတာပါ။  မနှစ်ကစပြီး ထိုင်းမျိုးဖြစ်တဲ့ အစိမ်းစား ငရုတ်မျိုးတွေကို ပြောင်းလဲစိုက်ပျိုးပြီး  မုံရွာ၊ မြစ်ကြီးနားဘက်ကို  အများဆုံး တင်ပို့ရောင်းချကြတယ်'' ဟု ဘုတလင်မြို့နယ်  စိုက်ပျိုးရေးဦးစီးမှူးက ပြောကြားခဲ့ပါတယ်။
လက်ရှိတွင် ပြည်တွင်း ငရုတ်စားသုံးမှုနှင့် ပြည်ပတင်ပို့မှု  ဝယ်လိုအားကောင်းသည့် အပြင် စိုက်ပျိုးစရိတ် သက်သာကာ တွက်ခြေကိုက်သောကြောင့် ဘုတလင်မြို့နယ်အတွင်း ယခင်က စိုက်ပျိုးခဲ့သည့် ပဲစင်းငုံစိုက်ခင်းများအစား ငရုတ်ကို  ပြောင်းလဲ စိုက်ပျိုးလာကြကြောင်း သိရပါတယ်။


Source: Myawady

Read times Last modified on Tuesday, 18 September 2018 10:08
Rate this item
(0 votes)