Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နှမ်းဈေးကွက် အတက်ဈေးဖြင့် ငြိမ်နေ


 ဇွန်လ တတိယပတ်က စတင်မြင့်တက်ခဲ့သည့် နှမ်းဈေးသည် ပြန်မကျသေးဘဲ ဈေး ကောင်းနေဆဲဖြစ်ကြောင်း နှမ်း ကုန်သည်များက ပြောသည်။

 

‘‘ပြည်ပ၀ယ်လက်တွေရှိနေ သေးတဲ့အပြင် နှမ်းအထွက်နှုန်း လည်းကျနိုင်တာမို့လို့ပါ။ ဈေး တက်နေတဲ့အတွက် တချို့ရက် တွေမှာ အရောင်းအ၀ယ်အေးပေ မယ့် တချို့လိုချင်တဲ့ ၀ယ်လက် တွေကတော့ ၀ယ်နေတဲ့အတွက်  အရောင်းအ၀ယ်လုံးလုံးအေးသွား တာမျိုးမရှိပါဘူး’’ ဟု နှမ်းကုန် သည် ဦးကျော်သွင်က ဆိုသည်။

 

တရုတ်နိုင်ငံက အ၀ယ်များ ခြင်း၊ မိုးကြီးမှုကြောင့် နှမ်းစိုက် ဧကများပျက်စီးခြင်းကြောင့် နှမ်းဈေးသည် ဇွန်လ တတိယပတ်ကစတင်၍ ဈေးမြင့်တက်ခဲ့သည်။

 

နှမ်းဖြူတစ်အိတ် (၄၅ ပိဿာ)လျှင် ယခင်က ကျပ်တစ်သိန်းလေး သောင်းခန့်ရှိရာမှ ယခု ကျပ်တစ်သိန်းခွဲခန့် ပေါက်ဈေးရှိသဖြင့် ကျပ်တစ်သောင်းခွဲခန့် ဈေးတက်လာသည်။ နှမ်းနက်တစ် အိတ် (၄၅ ပိဿာ)လျှင် ယခင်က ကျပ်တစ်သိန်းလေးသောင်းခန့်မှ ယခုကျပ်တစ်သိန်းလေးသောင်းငါးထောင်ခန့်ရှိ၍ ကျပ်ငါးထောင်ခန့်ဈေးတက်လာသည်။

 

ယခုနှစ် မိုးရာသီအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နှမ်းစိုက်ဧရိယာများ ရေနစ်မြုပ်ပျက်စီးပြီး ပျက်စီးဧက ငါးသောင်းကျော်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနစာရင်းများတွင် ဖော်ပြထားသည်။

 

‘‘နှမ်းကတော့ ဈေးကျဖို့ မရှိ လောက်ပါဘူး။ အရည်အသွေး ကောင်းတဲ့ နှမ်းက ရှားနေလို့ပါ။ မိုးမိတော့ နှမ်းတွေက အရည်အ သွေးမကောင်းပါဘူး။ အရည်အ သွေးကောင်းတဲ့ နှမ်းနဲ့ အရည်အသွေးညံ့တဲ့ နှမ်းက ဈေး နှစ် သောင်း၊ သုံးသောင်းလောက်ကွာ ပါတယ်’’ဟု မန္တလေးပွဲစား၊ ကုန် သည်၊ စက်ပိုင်များမဟာကထိန် တော်အသင်း ဒုဥက္ကဋ္ဌ ဦးဌေး အောင်က ဆိုသည်။

 

နှမ်းစိုက်ရာသီကျော်လွန်ပြီဖြစ်သဖြင့် ပျက်စီးခဲ့သည့် နှမ်းစိုက်ဧရိယာများတွင် နှမ်းပြန်လည်စိုက်ပျိုးရန် မဖြစ်နိုင်တော့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောကြားသည်။

 

Read More >>>>> သကြားသီးများ ဈေးကွက်အတွင်း စတင် အရောင်းအဝယ် ပြုလုပ်

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 11:47
Rate this item
(2 votes)