Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စပါးအတက်ဈေးနဲ့ ငြိမ်နေ၊ ဆက်တက်ဖို့ အလားအလာရှိ

ပြည်တွင်းစပါးဈေးကွက်က ဒီလထဲမှာ အတက်ဈေးနဲ့ ငြိမ်နေပြီး ဆက်တက်ဖို့လည်း

အလားအလာရှိနေတယ်လို့ ပြည်တွင်းစပါးဈေးကွက်ထံမှ သိရပါတယ်။

 

ပြည်တွင်းစပါးဈေးကွက်က ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ကျဆင်းနေခဲ့ပြီး ဇန်နဝါရီလထဲမှ ပြန်လည်မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

 

ယခုဆိုရင် ပြည်တွင်း စပါးဈေးတွေက တစ်တင်းကို ကျပ် ၅၇၀ဝ ကနေ ကျပ် ၆၀ဝ၀ အထိ ရှိနေပါတယ်။ ပြီး ခဲ့တဲ့လက တစ်တင်းကို ကျပ် ၅၃၀ဝ က နေ အမြင့်ဆုံး ကျပ် ၅၅၀ဝ အထိသာ ရှိနေခဲ့ကြောင်း သိရပါတယ်။

 

ယခုလို စပါးဈေးတွေ ပြန်လည်မြင့်တက်လာတာက ဝယ်လက်တွေ ပြန်များပြားလာတာကြောင့် ဖြစ်သလို ဆန်စက်တွေ စပါးလှောင်ချိန်ဖြစ်နေတာကြောင့်လို့ သိရပါတယ်။

 

ပြည်တွင်းစပါးဈေးကွက်မှာ ဒီနှစ်မိုးစပါးစပေါ်ချိန် ဈေးကောင်းရရှိခဲ့ပေမဲ့လည်း နယ်စပ်ဘက်ကနေတစ်ဆင့် စပါးအတိုင်းတင်ပို့မှုတွေကို အစိုးရက စိစစ်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဝယ်လက်နည်းပြီး ပြီးခဲ့တဲ့လပိုင်းအတွင်း ဈေးနှုန်းကျဆင်းသွားခဲ့ကြောင်း သိရပါတယ်။

 

ယခုလက်ရှိမှာတော့ ဝယ်လက်တွေများနေတာကြောင့် အနိမ့်ဆုံး ကျပ် ၅၇၀ဝ အထိ ရရှိနေကြောင်း သိရပါတယ်။

 

အခုလို စပါးဈေးတွေ ပြန်ကောင်းလာတာကြောင့် လာမယ့်နွေစပါးတွေလည်း ဈေးကောင်းရနိုင်မယ့် အနေအထားမှာရှိနေပြီး ပြီးခဲ့တဲ့နှစ်ကတော့ နွေစပါးပေါ်ချိန်မှာ တစ်တင်းကို ကျပ် ၃၅၀ဝ ဈေးအထိ ကျဆင်းခဲ့ ကြောင်း သိရပါတယ်။

 

Source: Kumudra

Read times Last modified on Wednesday, 19 September 2018 11:25
Rate this item
(1 Vote)