Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နယ်စပ်ကုန်သွယ်ရေး အေးခဲအသားငါးနှင့် သီးနှံ FDA Certificate များတောင်းခံလျက်ရှိ

နိုင်ငံတကာပို့ကုန်ကဏ္ဍ၌ ပုံမှန်ကုန်သွယ်ရေးသာမက နယ်စပ်ကုန်သွယ်ရေးတွင်ပါ အရည်အသွေးပိုင်းအား ပိုမိုဦးစားပေးလာသည်။

ယခုနောက်ပိုင်းတွင် နိုင်ငံတကာပို့ကုန်ကဏ္ဍ၌ ပုံမှန်ကုန်သွယ်ရေးသာမက နယ်စပ်ကုန်သွယ်ရေးတွင်ပါ အရည်အသွေးပိုင်းအား ပိုမိုဦးစားပေးလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်မှုအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးသူက ဆင်ဟွာသို့ ဇန်နဝါရီ ၁၆ ရက်တွင် ပြောသည်။


“ပုံမှန်ကုန်သွယ်ရေးက အရင်ကတည်းက အရည်အသွေးပိုင်းကို ဦးစားပေးဆောင်ရွက်တာတွေရှိတယ်။ နယ်စပ်ကုန်သွယ်ရေးက အရေအတွက်ကို သွားတယ်။ အခု ဒီနောက်ပိုင်းကတော့ နယ်စပ်ကုန်သွယ်ရေးပါ အရည်အသွေးပိုင်းကို ဦးစားပေးတာတွေရှိလာတယ်။ ထိုင်းနိုင်ငံဘက်ကဆိုရင်လည်း နယ်စပ်ကနေ ကြက်သွန်နီတင်ပို့တဲ့အခါမှာတောင် Certificate တောင်းလာတာတွေရှိလာတယ်’’ ဟု ဦးမျိုးသူကပြောသည်။


မြန်မာနိုင်ငံ ကုန်သွယ်ရေးတွင် ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း ၃ မျိုးဖြင့်ဆောင်ရွက်လျက်ရှိပြီး ကုန်းကြောင်းတွင် နယ်စပ်မှတင်ပို့ခြင်းဖြစ်ကြောင်းသိရသည်။
“နယ်စပ်ကုန်သွယ်ရေးမှာဆိုရင် ကျွန်တော်တို့နဲ့ အိမ်နီးချင်း ငါးနိုင်ငံ ရှိတယ်။ အဲဒီထဲမှာမှ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံ က ကုန်သွယ်မှု အများဆုံးဖြစ်တယ်။ အခုက အဲဒီနှစ်နိုင်ငံလုံးက ပုံမှန်ကုန်သွယ်ရေးဖြစ်တဲ့လေကြောင်း၊ ရေကြောင်းတွေလိုပဲ အရည်အသွေးပိုင်းကို အဓိကထားလာတယ်။ အရည်အသွေးနဲ့ အစားအသောက်လုံခြုံရေးက မဖြစ်မနေလိုလာပြီဆိုတာ ဒီနောက်ပိုင်းမှာ တွေ့လာရပါတယ်’’ ဟု၎င်းကဆက်ပြောသည်။


မြန်မာ့ပို့ကုန်များ အရည်အသွေးမြင့်မားရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပို့ကုန်မဟာဗျူဟာတွင် အရေးကြီးသည့် ကဏ္ဍအနေဖြင့် ထည့်သွင်းထားကြောင်း သိရသည်။


“အရည်အသွေးနဲ့ပဲ နိုင်ငံတကာကို ယှဉ်ပြိုင်နိုင်မယ်ဆိုတာကို သဘောပေါက်မှ အောင်မြင်တဲ့ အရည်အသွေးကောင်းတဲ့ ပို့ကုန်တွေ၊ သီးနှံတွေကို ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါမှလည်း နိုင်ငံတကာဈေးကွက်မှာ ကျွန်တော်တို့ ကုန်ပစ္စည်းတွေက ရောင်းပန်းလှပြီး ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။’’ဟု ဦးမျိုးသူကပြောသည်။


လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးကဏ္ဍ၌ အေးခဲအသားငါးများတွင် COVID-19 ရောဂါကင်းရှင်းကြောင်း FDA Certificate များတောင်းလာပြီး၊ သီးနှံတွင်လည်း Certificate များတောင်းလာကြောင်းဆိုသည်။
(Xinhua)

Read times Last modified on Sunday, 17 January 2021 19:59
Rate this item
(0 votes)