Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အစိုးရချင်း သဘောတူညီမှုဖြင့် ပဲရောင်းရန် စာချုပ်မူကြမ်းကို တစ်လကျော်အထိ အိန္ဒိယက အကြောင်းမပြန်သေး

အစိုးရချင်းသဘောတူညီချက်ဖြင့် ပဲရောင်းချရန် အိန္ဒိယနိုင်ငံသို့ စာချုပ်ပေးပို့ထားမှုတစ်လကျော်ကြာသည်အထိ

အကြောင်းပြန်ကြားမှု မရှိသေးကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်က ပြောသည်။

 

အဆိုပါအစီအစဉ်သည် မြန်မာနိုင်ငံမှ ပဲကုန်သည်များသာမက ပဲစိုက်ပျိုးသည့်လယ်သမား များအတွက်လည်း အာမခံချက်ရ ရှိနိုင်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံမှပေးပို့ထားသည့် စာချုပ်မူကြမ်းကို အိန္ဒိယအစိုးရက ပြန်လည်ပေးပို့ခြင်းမရှိသေးသဖြင့် စောင့်ဆိုင်းနေသည့်အခြေအနေ တွင်သာရှိနေသည်ဟု ၎င်းကပြောသည်။‘‘သူတို့ဘက်က အကြောင်းပြန်မှဆက်ညှိရမှာလေ’’ ဟု မြန် မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည် အသင်းအတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

 

လက်ရှိပြည်တွင်းဈေးကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံသည် အိန္ဒိယနိုင်ငံမှ အ၀ယ်လျှော့ချခြင်းကြောင့် ပြည်တွင်းဈေးကွက်၌ အကျဈေးဖြင့် တည်ငြိမ်နေသည်။

 

ဇန်န၀ါရီလဆန်းက မတ်ပဲတစ် တန်ကျပ်ရှစ်သိန်းကျော်ရှိခဲ့သော်လည်း လက်ရှိတွင် ကျပ်ခုနစ်သိန်း ကျော်သာ ဈေးရှိသည်။

 

သို့သော် ဇန်န၀ါရီလဆန်းက တစ်တန်လျှင် ကျပ်ခုနစ်သိန်း ခွဲအောက်တွင်ရှိသော ပဲစင်းငုံက တစ်တန်လျှင် ကျပ်ခုနစ်သိန်းရှစ် သောင်းကျော်သို့ ပြန်လည်မြင့်တက်လာကြောင်း ဘုရင့်နောင်ပဲ ကုန်စည်ဒိုင်ရှိ ကုန်သည်တစ်ဦးက ပြောသည်။

 

Source: 7 day news

Read times
Rate this item
(1 Vote)