Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မူပိုင်ခွင့်ဥပဒေ ထွက်ရှိလာပါက စိန်တလုံးသရက်ကို မြန်မာ့မျိုးရင်းအဖြစ် သတ်မှတ်နိုင်မည်

စိန်တလုံးသရက်ကို မြန်မာ့မျိုးရင်း (Geographical Indications (GI) - ပထ၀ီဒေသ ဆိုင်ရာညွန်းကိန်း)အဖြစ်

သတ် မှတ်နိုင်ရေး ဆောင်ရွက်နေပြီး လက်ရှိတွင် မူပိုင်ခွင့်ဥပဒေထွက် ရှိရန် စောင့်ဆိုင်းနေသည်ဟု မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်သူက ပြောသည်။

 

 စိန်တလုံး သရက်သီးကို မြန်မာ့မျိုးရင်းအဖြစ် သတ်မှတ်နိုင် ရန် ၂၀၁၃ ကစတင်၍ လိုအပ်သည့် အချက်အလက်စုဆောင်းမှုများကို စတင်ပြုလုပ်ခဲ့ပြီး လက်ရှိတွင် လိုအပ်သည့်အကြောင်းအရာများစုံလင်ပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

‘‘အဆင့်အတော်များများပြီး ပါပြီ။ ဒါပေမဲ့ မူပိုင်ခွင့်ဥပဒေ (IP Law) ထွက်မှ ဆက်လုပ်လို့ရမှာ ပါ။ အခု IP Law က လွှတ်တော် ထဲပဲရှိသေးတယ်။ အဲဒါထွက်လာ မှ ဆက်လက်ဆောင်ရွက်လို့ရမှာ ပါ။ အတည်ပြုပြီးသွားရင် စိန်တလုံးကို သူများနိုင်ငံတွေက သူတို့ ဟာပါလို့ ပြောလို့မရဘူးပေါ့’’ဟု ဦးကျော်သူက ပြောသည်။

 

GI တင်ရာတွင် စိန်တလုံး သရက်သီး ထွက်ရှိသည့် အရပ် ဒေသ၊ သွင်ပြင်လက္ခဏာ၊ ပုံစံ၊ အတွင်း၊ အပြင်၊ အရောင်စသည့် အသေးစိတ်အချက်အလက်များ ကို ပညာရေးဝန်ကြီးဌာနသို့ တင် ပြရမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

 

‘‘GI တင်ထားတာတော့ကြာ ပါပြီ။ GI တင်ဖို့အတွက် လိုအပ် တာတွေကို ပြည်ပကနေ ကူညီ ဆောင်ရွက်ပေးတာလည်း ရှိပါ တယ်’’ဟု သရက်အစုအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။

 

မြန်မာနိုင်ငံတွင် သရက်မျိုး ပေါင်း ၂၀၀ ခန့်ရှိပြီး စိန်တလုံး၊ မချစ်စု၊ ရွှေဟင်္သာ၊ ရင်ခွဲ၊ ပတ္တ မြားငမောက်စသည်တို့သည် လူ ကြိုက်များ ရောင်းအားကောင်း သော သရက်သီးအမျိုးအစားများ ဖြစ်သည်။

 

၂၀၁၇ က သရက်သီးအမျိုးအစားနှင့် အရည်အသွေးပေါ်မူတည်၍ တစ်တန်လျှင် ကန်ဒေါ်လာ ၆၀၀ မှ ၁,၂၀၀ အထိ ပေါက်ဈေးရှိခဲ့သည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 14:18
Rate this item
(1 Vote)