Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အလုပ်အကိုင်(၁၇၆၂) ဦး ဖန်တီးပေးနိုင်မည့် စားသောက်ကုန်နှင့် CMP လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် အတည်ပြု

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေး ကို

၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၂၀) ရက်နေ့ နံနက် (၁၀ ၀၀) နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များမှ Video Conferencing စနစ်ကို အသုံးပြု၍ ပါဝင်ဆွေးနွေးခဲ့ ကြပါသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီသည် စက်မှုကဏ္ဍတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၃)ခုနှင့် မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု (၁)ခု ကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ငံပြာရည် ထုတ်လုပ်၊ ရောင်းချခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ပဲအမျိုးမျိုးနှင့် နှမ်း သန့်စင် ကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်း တို့ ဖြစ်ပါသည်။
အတည်ပြုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ (၇.၈၀၃)သန်း နှင့် မြန်မာကျပ်ငွေ (၂၉၂၉.၆၀၀)သန်း ဖြစ်ပြီး စုစုပေါင်းလုပ်ငန်း(၄) ခုမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၁၇၆၂) ဦး အတွက် ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
ထို့အပြင် အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၆) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

Read times
Rate this item
(0 votes)