Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တစ်နာရီလျှင် ကြက်ဥ အလုံးပေါင်း ၂၅၆၀၀ အခွံခွဲပြီး အနှစ်နဲ့အကာ ခွဲခြားပေးနိုင်သည့်စက်

တစ်နာရီလျှင် ကြက်ဥ အလုံးပေါင်း ၂၅၆၀၀ အခွံခွဲပြီး အနှစ်နဲ့အကာ ခွဲခြားပေးနိုင်သည့်စက် Food Industry

အစားအစာ ထုတ်ပိုးထုတ်လုပ်မှုသည် မည်သို့အလုပ်လုပ်သည်ကို စိတ်ကူးဖြင့် ပုံဖော် စဉ်းစားကြည့်ဖို့ မလွယ်ကူချေ။

 

ထောင်သောင်းမက သိန်းချီသော အရေအတွက်ဖြင့် ထုတ်လုပ်ရသည့်အခါ လူအများတို့၏ လက်များဖြင့် ကိုင်တွယ်လုပ်ကိုင်လျှင် အချိန်များစွာ ကြာမြင့်မည်။

 

လူ၏ ကျန်းမာရေးဆိုင်ရာ ပြဿနာ၊ သန့်ရှင်းမှုဆိုင်ရာ ပြဿနာများလည်း ရှိနေသည်။ ထုတ်လုပ်မှုစရိတ်လည်း မြင့်မားနေလိမ့်မယ်။ သို့ဖြစ်ရာ စက်များကို တီထွင်ထုတ်လုပ်၍ သုံးစွဲကြရသည်။

 

ကြက်ဥကို ဆေးကြောသန့်စင်ကာ ပိုးသတ်သည်။ ထို့နောက် အခွံမာကို အလယ်မှ ခွဲပြီး အနှစ်သပ်သပ် အကာသားအရည်ကြည် သပ်သပ် ခွဲပေးသော စက်တစ်မျိုးသည် တစ်နာရီလျှင် ကြက်ဥ အလုံးပေါင်း ၂၅၆၀၀ ကို လုပ်ကိုင်ပေးနိုင်သည်။

 

တစ်နာရီ ကြက်ဥအလုံးပေါင်း နှစ်သောင်းခွဲကျော်ကို မည်သို့မည်ပုံအလုပ်လုပ်သနည်း ဆိုသည်ကို ဗီဒီယိုတွင် ကြည့်ရှုနိုင်ပါပြီ။

 

 

By Myanmar Food Guide

 

Food Industry

Read times
Rate this item
(0 votes)